Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ငွေသာမက်လို့ ညှိမယ်ဆို ဒီကို ရောက်လာစရာ အကြောင်း မရှိဘူး”လို့ အလှမယ် သင်းသင်း ပြော

$
0
0

သရုပ်ဆောင် ဝေဠုကျော်နဲ့ အလှမယ် သင်းသင်းတို့ နှစ်ဦးကြားက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီး သင်းသင်းက ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားရာ တရားမစွဲဆိုမီ အချိန်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အင်တာဗျူးများ တက်ခဲ့တဲ့အချိန်မှာတော့ ဝေဠုကျော်ဘက်မှ ပရဟိတ သမားတယောက်နဲ့ ဇာတ်မင်းသမီးတဦးတို့က လာရောက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့တယ်လို့ သင်းသင်းက ပြောပါတယ်။

“စပြီးတော့ အင်တာဗျူးတွေ တက်သွားတဲ့အချိန်မှာ လာညှိတာ ရှိပါတယ်။ ပရဟိတသမား တယောက်ရယ်။ ဇာတ်မင်းသမီး တယောက်ရယ်ပါ။ နာမည်တော့ မထည့်တော့ပါဘူး။ လာ ညှိပါတယ်။ အဲဒီအချိန်မှာ ငွေစကား ပါလာပါတယ်။ အရမ်းတော့ ဒေါသထွက်သွားတယ်။ ငွေဆိုတဲ့ စကားကိုသာပြောရင် သူလည်း အရှက်ကွဲစရာ မလိုပါဘူး။ ကျမလည်း အရှက်ကွဲစရာ မလိုပါဘူး။ ဒီထိရောက်လာစရာ မရှိပါဘူး။ သူဟာ နိုင်ငံကျော် မင်းသားတလက်၊ ကျမနဲ့ အရမ်း ကွာပါတယ်။ ငွေသာမက်လို့ ညှိမယ်ဆို ဒီကို ရောက်လာစရာအကြောင်း မရှိပါဘူး” လို့ အလှမယ် သင်းသင်းက ပြောပါတယ်။

လက်ရှိ ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ အမှုမှာတော့ သရုပ်ဆောင် ဝေဠုကျော်မှ သိန်း ၅၀ ဖြင့် အာမခံရယူထားပြီး တရားရုံးချိန်းများ တက်ရောက်ကာ စစ်ဆေးမှုများပြုလုပ်နေပြီ ဖြစ်ပါတယ်။

“တချို့က အနုပညာသမားချင်း ပြန်သတ်တဲ့သူတွေ ရှိပါတယ်။ ကိုယ်ခံစားရတာကို ပြောတာပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ ကျမတို့ Miss လောကကို လျှောက်လိုက်တယ်။ အဲဒီမှာ သိခဲ့တဲ့သူတချို့ဆိုရင် ကွယ်ရာမှာ အဖွဲ့နဲ့ အတင်းပြောတာတွေကို အတိအကျလည်း သိပါတယ်။ အဲဒါတွေကို လိုက်မခံစားတော့ဘူး။ ကိုယ်ဖြစ်တာ ကိုယ်ပဲ သိပါတယ်။ အဲဒါတွေကို လိုက်ခံစားရင် သေသွားလိမ့်မယ်”လို့ သင်းသင်းက ဆိုပါတယ်။

“ဒါက ကျမအကြောင်းလေနော်။ သူများအကြောင်း မဟုတ်ဘူး။ ကိုယ့်အကြောင်းကို တနိုင်ငံလုံးသိအောင် မိန်းကလေးတယောက်အနေနဲ့ အသိုင်းအဝိုင်း ရှိတယ်။ ဆွေမျိုး ရှိတယ်။ အဲဒီ သိက္ခာကြီးအကျခံပြီးတော့ ဘယ်သူမှ တရားရုံးဆိုတာကို မတက်ချင်ဘူး။ အဲဒါကတော့ ကျမရဲ့ခံယူချက်ပါ”လို့ သင်းသင်းက ပြောပါတယ်။

ဝေဠုကျော်က နိုင်ငံကျော် မင်းသားဖြစ်တဲ့အတွက် သင်းသင်းနဲ့ အဆင့်ချင်း အရမ်းကွာသော်လည်း ငွေမက်ခဲ့ပါက ယခုလို တရားစွဲဆိုမှုအထိ ဖြစ်လာမှာ မဟုတ်ဘူးလို့ သင်းသင်းက ပြောပါတယ်။

အဆိုပါ ကာမလိမ်လည်မှုကိုတော့ ဇန်နဝါရီ ၈ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ စတင်တရားစွဲဆိုခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့မှာတော့ တရားလိုဖြစ်သူ သင်းသင်းရဲ့ ထွက်ဆိုချက်များကို စတင်ရယူနေပြီ ဖြစ်ပါတယ်။

“တင်သွင်းထားတဲ့ ထွက်ဆိုချက်တွေကတော့ တရားရုံးမှာပါပဲ။ ဒီနေ့မှာတော့ ထွက်ဆိုချက်တွေတင်ပြခဲ့ပါတယ်။ CD ပြားတွေပါတယ်။ တချို့စကားတွေလည်း ပါတယ်။ သူနဲ့ကိုယ်နဲ့ကြား ဖြစ်ခဲ့တာတွေလည်း ပါတယ်။ သက်သေတွေက အရမ်းမလိုဘူးလို့ ထင်တယ်။ သူနဲ့ ကိုယ်နဲ့ကြားမှာ ဖြစ်တဲ့ တူတူနေတဲ့ကိစ္စကို ဟိုနားမှ ာဒီပွဲရှိတာလို ဒီနားမှာ ဟိုပွဲရှိတာလိုမျိုး မီဒီယာတွေကို ဖိတ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ တူတူနေတဲ့အကြောင်းအရာက သက်သေခံမှ မလိုတာ သိပ်မလိုဘူး ထင်တာပဲ”လို့ သင်းသင်းက ပြောပါတယ်။

တရားစွဲဆိုထားမှုမှာ ယခုအချိန်မှာ တတိယအကြိမ်မြောက် ရုံးချိန်းကို ရောက်ရှိနေပြီဖြစ်ပြီး အမှန်တရားအတွက် တရားသူကြီးက ဆုံးဖြတ်ပေးလိမ့်မယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဝေဠုကျော်နဲ့ အလှမယ် သင်းသင်းတို့ရဲ့ နှစ်ဦးကြားက အဆိုပါအကြောင်းအရာများနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် စတင်ပေါ်ထွက်လာတဲ့ အချိန်မှ စတင်ကာ သင်းသင်းအား ဝေဖန်တိုက်ခိုက်မှုများ ရှိနေခဲ့ပြီး ဒီအကြောင်းများကို လိုက်ခံစားမနေဘူးလို့ သင်းသင်းကပြောပါတယ်။

“လူတိုင်းကတော့ တမျိုးစီရှိကျတော့ အဲဒီအတွက် မခံစားပါဘူး။ သူ့ကို ချစ်တဲ့သူရှိသလို ကိုယ့်ကိုချစ်တဲ့ သူလည်း ရှိပါတယ်။ အင်အားချင်း မတူတာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ အပြစ် မပြောပါဘူး။ ကိုယ့်ကို တိုက်ခိုက်နေတဲ့သူ တော်တော်များများက Facebook ပေါ်က၊ အဲဒါကို လိုက်ခံစားနေရင် သေသွားလိမ့်မယ်။ ကျမဆိုရင် Facebook သုံးတာ မကျွမ်းကျင်ဘူး။ ဘာသတင်းလေး တက်လာမလဲ။ ကိုယ်ဝါသနာပါတာလေးတွေပဲ လိုက်ကြည့်မိတယ်။ ဝေဖန် တိုက်ခိုက်တဲ့သူတွေက တချို့တွေက ဗဟုသုတ မရှိဘူးလို့ ထင်တာပဲ”လို့ သင်းသင်းက ပြောပါတယ်။

The post “ငွေသာမက်လို့ ညှိမယ်ဆို ဒီကို ရောက်လာစရာ အကြောင်း မရှိဘူး”လို့ အလှမယ် သင်းသင်း ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...