အသက် ၃၂ နှစ်အရွယ် အဆိုတော် Lady Gaga နဲ့ အသက် ၄၂ နှစ်အရွယ် Christian Carino တို့ဟာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မေတ္တာမျှခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ စေ့စပ်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့်အခုတော့ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို အဆုံးသတ်လိုက်တဲ့ပုံပါပဲ။ အတွင်းသတင်းတခုရဲ့အဆိုအရ သူတို့နှစ်ဦး ဟာ ရေရှည်လက်တွဲခြင်းမပြုဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
အခုလအစောပိုင်းမှာပြုလုပ်ခဲ့တဲ့ ဂရမ်မီဂီတဆုပေးပွဲကို တက်ရောက်ခဲ့တဲ့အချိန်မှာ Lady Gaga ဟာ စေ့စပ်လက်စွပ်ကို ဝတ်လာခဲ့တာမရှိဘူးဆိုတာကို ပရိသတ်တွေက သတိထားမိခဲ့ပြီးတဲ့နောက် သူ့ရဲ့အချစ်ရေး ကောလာဟလသတင်းတွေက တော်တော်လေးကို ပျံ့နံှ့နေခဲ့တာပါ။ ပြီးတော့ ရွှေကမ္ဘာလုံးဆုပေးပွဲနဲ့ ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံးဆုပေးတွေမှာ သူ့ရဲ့ ခင်ပွန်းလောင်း Christian ကို ခေါ်လာခဲ့ပေမယ့် ဂရမ်မီဆုပေးပွဲမှာ ခေါ်လာခဲ့တာမျိုးမတွေ့ခဲ့ရပါဘူး။
ပြီးတော့ “Shallow” သီချင်းနဲ့ ဆုရရှိခဲ့တဲ့အခါမှာ ကျေးဇူးတင်စကား ပြောနေတဲ့အချိန်အတွင်းမှာ ခင်ပွန်းလောင်းကို ထည့်သွင်းပြောဆိုခဲ့တာမရှိပါဘူး။
‘A Star Is Born’ ရုပ်ရှင်မင်းသမီး Gaga ဟာ သူ့ရဲ့ စေ့စပ်မှုနဲ့ ပတ်သက်လို့ တော်တော်လေးကို ပျော်ရွှင်နေတဲ့ အကြောင်း သိခဲ့ရပြီးတဲ့နောက် အဲဒီ့သတင်းတွေထွက်လာတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိတော့ Gaga ဟာ တော်တော်လေးကို ပျော်ရွှင်နေပြီး သူသိပ်ချစ်ရတဲ့ အမျိုးသား၊ ထူးခြားနဲ့ အနုပညာရှင်တွေအနဲ့ အတူအလုပ် အတူလုပ်ရတာဟာ သူ့ဘဝမှာ ကျေးဇူးတင်စရာကောင်းတဲ့အချိန် ဖြစ်တယ်လို့ နီးစပ်သူ တချို့ကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သတင်းတချို့မှာတော့ “Shallow” သီချင်းနဲ့ အခုလိုမျိုး အောင်မြင်မှုတွေ ရနေတာကို Christian ကလည်း ဂုဏ်ယူတယ်လို့ ဖော်ပြကြပါတယ်။ ပြီးတော့ အဲဒီ့ ‘A Star Is Born’ ရုပ်ရှင်စတင်ရိုက်ကူးစဉ်ကလည်း Christian ရဲ့ လွှမ်းမိုးမှု တော်တော်များများရှိတယ်လို့ ဆိုပါတယ်။ Gaga ရဲ့ အလုပ်သဘောသဘာဝကို နားလည်ပေးပြီး လမ်းပြတယောက်အဖြစ် Christian က လုပ်ဆောင်ပေးတယ်လို့လည်း ဆိုပါတယ်။
Ref:asiaone
The post ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ အဆိုတော် Lady Gaga appeared first on ဧရာဝတီ.