သရုပ်ဆောင် အကယ်ဒမီ ရန်အောင်က မိန်းမလျာကာရိုက်တွေ အရိုက်များပြီး ဒီလိုဇာတ်ကားရိုက်တာဟာ မိန်းမလျာတွေကို သရော်တာမဟုတ်ပါဘူးလို့ ဆိုပါတယ်။
“ အခုရုံတင်မယ့် “ဝက်ဝက်ကွဲအောင်ပွင်”ဇာတ်ကားမှာ အနုပညာရှင်တွေ အများကြီးပါတယ်။ အရင် မိန်းမလျာကားတွေ ရိုက်ရင် သွားခေါတယ်။ ဒီကားမှာ သွားမခေါထားဘူး။ သွားခေါတာ မခေါပါနဲ့တော့ဆိုပြီး နဂို ရုပ်ကိုပျောက်အောင် မိတ်ကပ်ဦးမာရဲ့ အကူအညီနဲ့ အရုပ် မျက်နာနဲ့ တူအောင်လုပ်ထားတယ်”
“ ဒီကားကို အခုပြောနေကျတာ သေချာမကြည့်ရသေးပဲနဲ့ နည်းနည်းလေးကို ကြည့်ပြီး ထင်ကြေးနဲ့ ဝေဖန်ကြတာနေမယ် လို့ပဲယူဆပါတယ်။ ဒီကားကိုကြည့်လိုက်ရင်တော့ LGBTတွေကို သရော်ထားတာ တခုမှမပါပါဘူး။ နှုတ်ခမ်းမွှေးတွေနဲ့ သရုပ်ဆောင်ထားကြတော့ နည်းနည်း ပြောစရာဖြစ်သွားတယ်ထင်ပါတယ်။ တယောက်တပေါက် ကတော့ပြောမှာပဲ”
“ ကျနော်တို့ သရုပ်ဆောင်တွေတောင် ဒါတွေပဲရိုက်နေတယ်လို့ပြောတဲ့သူရှိသလို ဗီလိန်လုပ်တော့လည်း ဗီလိန်တွေကြီးလုပ်နေတယ်လို့ ပြောတဲ့ သူတွေရှိတယ်။ ဒါတွေကို ကျနော်တို့က ဗွေလည်းမယူဘူး။ အဲ့ပေါ်မှာ လိုက်လည်း မဖြေရှင်းတော့ဘူး။ ကျနော်အများအားဖြင့် သဘောမျိုးနဲ့ပဲ ခြုံပြီးတော့ အလုပ်ကိုလုပ်ရတာပေါ့။ မိန်းမလျာတွေကိုလည်း ဘယ်လိုမှသဘောမထားပါဘူး။ အကုန်လုံးကိုလည်း ကိုယ်ချင်း စာတရားနဲ့ ဆက်ဆံပါတယ်”လို့ သရုပ်ဆောင် ရန်အောင်က ဆိုပါတယ်။
မိန်းမလျာဇာတ်ရုပ်တွေ သရုပ်ဆောင်ရတာဟာ ပင်ပန်းပြီး ခက်ခဲတယ်လို့လည်း သရုပ်ဆောင် ရန်အောင်က ဆိုပါတယ်။

“အခု ဒီကားတွေက ပိုက်ဆံရတယ်ဆိုတာကလည်း ကြည့်တဲ့သူရှိလို့လေ။ ကြည့်တဲ့ သူရှိတော့ ပရိုဂျူဆာတွေကလည်း ထုတ်ရိုက်ကြတာပေါ့။ ကျနော်တို့လည်း သရုပ်ဆောင်ခိုင်းတော့ သရုပ်ဆောင်ရတာပေါ့။ ဒီကာရိုက်တာကို သရုပ်ဆောင် ရတာ အရမ်းခက်ခဲတယ်။ အရမ်းပင်ပန်းတယ်။ အသံတွေရော မျက်နှာတွေရော ချွေးတလုံးလုံးနဲ့ ခြေစခေါင်းအဆုံး လည်းပြင်ဆင် ရတယ်။ မရှက်မကြောက်လည်းလုပ်ရတယ်။ ဖြစ်နိုင်ရင်တော့ မလုပ်ချင်ဘူး”
“ ပရိသတ်တွေအတွက် မတူအောင်မတူအောင် လုပ်ရင်းကနေ ဒီလိုဟာလေးတွေရိုက်ဖြစ်တာပါ။ ပရိသတ်တွေလည်း သဘောပေါက်စေချင်ပါတယ်။ အဝတ်အစားဝတ် တယ်ဆိုတာလည်း အပြင်မှာတော့ ဒီလိုတွေ မဝတ်ကြဘူး။ အပြင်မှာ ဒီလောက်မိတ်ကပ်တွေလိမ်းပြီးတော့ မနေကျဘူး။ သို့သော် ဇာတ်ကားထဲမှာကျတော့ ဟာသဆိုလည်း အိုဗာလေး နည်းနည်းလုပ်ပေးရတယ်။ အဲ့သဘောပါပဲ၊ တခြားဘာ ရည်ရွယ်ချက်မှမရှိပါဘူး”လို့ ရန်အောင်က ပြောပါတယ်။
“ဝက်ဝက်ကွဲအောင်ပွင့်”ဇာတ်ကားဟာ မိန်းမလျာများ LGBT များကို အသားပေးရိုက်ကူးထားတဲ့ ဟာသဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်များရဲ့ သရုပ်ဆောင်မှုဟာ ပြင်ပက မိန်းမလျာများကို လှောင်ပြောင်ပြီး ရိုက်ကူးထားတယ်လို့ အများရဲ့ ဝေဖန်မှုကိုလည်း ခံနေရတဲ့ကားဖြစ်ပါတယ်။
သရုပ်ဆောင် ရန်အောင်က အနုပညာလောကမှာ အချိန်ကြာမြင့်စွာ အောင်မြင်နေဆဲ အနုပညာရှင်တဦးလးည်း ဖြစ်ပါတယ်။ အကယ်ဒမီ ၆ဆုကို ရရှိထားတဲ့ အနုပညာရှင်တဦးလးည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ဘက်မှာ ထူးချွန်သူ တင်မကဘဲ ဂီတဘက်မှာပါ အသံပါရမီအားကောင်းသူ တယောက်လည်းဖြစ်ပါ တယ်။
The post “ဝက်ဝက်ကွဲအောင်ပွင့်”ဇာတ်ကားမှာ မိန်းမလျာကာရိုက်တာရိုက်ကူးမှုအပေါ် ရန်အောင်ရဲ့စကားသံ appeared first on ဧရာဝတီ.