မင်းသမီး Gwyneth Paltrow ဟာ Marvel ရုပ်ရှင်တွေကနေ နုတ်ထွက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ‘The Iron Man’ နဲ့ ‘The Avengers’ ရုပ်ရှင်တွေမှာ Pepper Potts အဖြစ်သရုပ်ဆောင်ထားတဲ့ အသက် ၄၆ နှစ်အရွယ် မင်းသမီးက အခုအချိန်မှာ သူဟာ အသက် ၄၀ ကျော်ပိုင်းကို ရောက်လာပြီဖြစ်တဲ့အတွက် ဇာတ်ရုပ်နဲ့ မကိုက်ညီတော့ဘူးလို့ ထင်တာကြောင့် ရုပ်ရှင်တွေ ရိုက်ကူးမှုကနေ နုတ်ထွက်ချင်တာ ဖြစ်တဲ့ အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Marvel ရုပ်ရှင်တွေကနေ နုတ်ထွက်ဖို့ အစီအစဉ်အကြောင်းနဲ့ ပတ်သက်လို့တော့ မင်းသမီး Gwyneth က “ကျမပြောချင်တာက ဇာတ်ရုပ်နဲ့ လိုက်ဖက်ဖို့ အသက်နည်းနည်း ကြီးနေပါပြီ၊ ကျမလုပ်နိုင်ခဲ့တယ်ဆိုတာ တော်တော်လေး ကံကောင်းတယ်လို့ ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ့ရုပ်ရှင်တွေမှာ ပါဝင်ဖို့ တော်တော်လေး ပြောလိုက်ရလို့ပါပဲ။ ကျမက Iron Man ဒါရိုက်တာ Jon Favreau နဲ့ သူငယင်ချင်းတွေပါ။ ပထမဆုံး Iron Man ရုပ်ရှင်ကို ရိုက်ကူးရတာတော်တော်လေးကို ထူးခြားတဲ့ အတွေ့အကြုံဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဟောလိဝုဒ်စတားမင်းသမီးဟာ ၁၉၉၉ ခုနှစ်မှာ ‘Shakespeare in Love’ ရုပ်ရှင်နဲ့ အကောင်းဆုံးမင်းသမီး ဆုကို ရရှိထားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက ဇာတ်ညွှန်းကို ရခဲ့တဲ့အချိန်မှာ မင်းသား Brad Pitt နဲ့ လမ်းခွဲထား တဲ့အချိန်ဖြစ်တာကြောင့် ပါဝင်ဖို့ ကနဦးပိုင်းမှာ ပယ်ချခဲ့တယ်လို့ဆိုပါတယ်။
သူက “ရုပ်ရှင်ကတော်တော်လေးကို ကြားဟနေတာလေးတွေရှိပါတယ်။ Julia Roberts က သူရိုက်မယ်ဆိုပြီး တချိန်လုံးပြောလာခဲ့တာပါ။ ပြီးတော့ ဗားရှင်းတွေက ကွဲထွက်သွားပါတယ်။ နောက်ဆုံး Miramax ပုံစံဖြစ်သွားတယ်။ ကမ်းလှမ်းခံခဲ့ရတာ ကျမက ပထမဦးဆုံးပါပဲ။ ဆိုးရွားတဲ့ လမ်းခွဲမှုကို ခံစားရေတဲ့အချိန် အိမ်နဲ့ ဝေးရာ အင်္ဂလန်ကို သွားဖို့ အကြံရခဲ့တယ်။ ဇာတ်ညွှန်းကို ဖတ်တောင်မဖတ်ခဲ့ရဘူး” လို့ဆိုပါတယ်။
ဒါပေမယ့် နောက်ပိုင်း တက်လာတဲ့ သတင်းတွေအရ Marvel ရုပ်ရှင်တွေမှာ အဓိကသရုပ်ဆောင်ဖြစ် ပါဝင်တော့မှာ မဟုတ်ပေမယ့် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်လို့ရမယ်ဆိုရင် ပါဝင်မယ်လို့တော့ ပြောဆိုထားပါတယ်။
Ref: asiaone
The post Marvel ရုပ်ရှင်တွေ ရိုက်ကူးမှုကနေ အနားယူတော့မယ့် မင်းသမီး Gwyneth Paltrow appeared first on ဧရာဝတီ.