Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာကျော်နပန်းစူပါစတား Hulk Hogan အဖြစ်သရုပ်ဆောင်မယ့် Chris Hemsworth

$
0
0

Thor မင်းသား Chris Hemsworth ကတော့ ကမ္ဘာကျော်နပန်း စူပါစတား Hulk Hogan အဖြစ် ဒါရိုက်တာ Todd Phillips ရိုက်ကူးမယ့် အတ္ထုပ္ပတ္တိရုပ်ရှင်မှာ ပါဝင်လာမှာဖြစ်ပါတယ်။ Todd Phillips ဆိုတာကတော့ မကြာမီထွက်ရှိလာတော့မယ့် DC Comic ရဲ့ “The Joker” ရုပ်ရှင်ကို ကိုယ်တိုင်ရေးသား ရိုက်ကူးထားတဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။

John Pollono က Silver နဲ့အတူ ဇာတ်ညွှန်းကို တွဲဖက်ရေးမှာဖြစ်ပါတယ်။ ပြီးတော့ အခု အတ္ထုပ္ပတ္တိရုပ်ရှင်အတွက် ကိစ္စ အဝဝကို Netflix နဲ့ ဆွေးနွေးအတည်ပြုပြီးလုနီးပါး ဖြစ်နေပါပြီ။ ကမ္ဘာကျော် Spotlight ရုပ်ရှင်နောက်ကွယ်မှ အကယ်ဒမီဆုရှင် Michael Sugar ကထုတ်လုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားတွေဖြစ်တဲ့ Bradley Cooper နဲ့ Hemsworth တို့လည်း ပါဝင်ထုတ်လုပ်ကြဦးမှာပါ။

ကမ္ဘာပေါ်မှာ နပန်းဆိုတာနဲ့ သူ့ကို မြင်ယောင်ကြတဲ့အထိ တန်ခိုးထွားခဲ့တဲ့ Hogan ဟာ WWF လို့ခေါ်တဲ့ ကမ္ဘာ့နပန်းဖက်ဒရေးရှင်းရဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ မသိသူမရှိလောက်အောင် ထင်ရှားခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ပါဝါကတော့ မသေးပါဘူး။ နပန်းလောကနေ ရုပ်ရှင်၊ ရုပ်သံကြော်ငြာနဲ့ ဗီဒီယို ဂိမ်းတွေအထိ လွှမ်းမိုးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Terry Gene Bollea ဆိုတဲ့ နာမည်နဲ့ မွေးဖွားခဲ့သူ Hogan ဟာ ဖလော်ရီဒါ နပန်းလောကမှာ ၁၉၇၀ ပြည့်လွန်နှစ်နှောင်းပိုင်းလောက်တုန်းက သူ့ရဲ့ဘဝကိုစတင်ခဲ့တာပါ။ WWF ထဲမှာ စတင်ရောက်လာတဲ့အချိန်မှာတော့ သူဟာ တကယ့်ဖိုက်တာကြီး Andre the Giant နဲ့ မကြာခဏ ယှဉ်တိုက်ခဲ့ ရပါတယ်။ Vince McMahon က ကုမ္ပဏီကို တာဝန်ယူခဲ့ပြီးတဲ့နောက် WWF လောကက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပါတယ်။ Hogan ဟာလည်း အဲဒီ နပန်းလောကရဲ့ ဟီးရိုးတယောက်ဖြစ်လာပါတယ်။

၂၁ ရာစုရောက်တဲ့အခါမှာတော့ Hogan ဟာ ကြိုးဝိုင်းအတွင်းမှာ ရှိနေရမယ့် သူ့ကံကြမ္မာကို သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ အကြပ်အတည်းတွေက အနိုင်ယူသွားနိုင်ခဲ့ပါတယ်။ သူ့သူငယ်ချင်းရဲ့ ဇနီးနဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေမှာ ပါဝင်ခဲ့ပြီး အမှုလျော်ကြေး ဒေါ်လာ ၁ဝ သန်းလောက်ရတဲ့အထိလည်း ဖြစ်ခဲ့ပါတယ်။

အခု အတ္ထုပ္ပတ္တိရုပရှင်ကတော့ Hogan ရဲ့ တဘဝလုံးကို အသားပေးဖော်ပြမယ့် ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Hulkster နဲ့ Hulkamania ဆိုတဲ့ နာမည်ပြောင်တွေ ရခဲ့တဲ့မူရင်းဇာတ်လမ်းတခုအနေနဲ့ ဖော်ပြခံခဲ့ရတဲ့ အကြောင်း တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

မင်းသား Hemsworth ကိုတော့ လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ ရုံတင်မယ့် ” Avengers: Endgame” ရုပ်ရှင်နဲ့ ဇွန်လ ၁၄ ရက်နေ့မှာရုံတင်မယ့် ” Men in Black: International” ရုပ်ရှင်တွေမှာ ပါဝင်ထားပါသေးတယ်။

Ref: hollywoodreporter

The post ကမ္ဘာကျော်နပန်းစူပါစတား Hulk Hogan အဖြစ်သရုပ်ဆောင်မယ့် Chris Hemsworth appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...