Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကျနော် ဖန်တီးတဲ့ အနုပညာက လူတွေနဲ့ အံဝင်ခွင်ကျ ဖြစ်တာ ရှားတယ်”လို့ အဆိုတော် ရဲနောင် ပြော

$
0
0

“ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်း ရေးသားသူ၊ အဆိုတော် ရဲနောင်က သူဖန်တီးတဲ့အနုပညာဟာ လူအများနဲ့ အံဝင်ခွင်ကျဖြစ်တာ ရှားတယ်လို့ ပြောပါတယ်။

“ဒုဋ္ဌဝတီကတော့ လူတွေအကြိုက်နဲ့ အံကိုက်သွားတာ ပါလိမ့်မယ်။ ကျနော်က အမြဲလူတွေအကြိုက် ဖန်တီးဖို့ ကျနော့်ဘဝမှာ ရှားတယ်။ သီချင်းတွေ ဆိုခဲ့တုန်းကလည်း အဲဒီလိုပဲ။ လူတွေနဲ့ အံဝင်ခွင်ကျ ဖြစ်ခဲ့တဲ့သီချင်း ကျနော့်မှာ နည်းတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်နေတော့ အများကြိုက်ဖို့ ခက်တယ်။ ဒုဋ္ဌဝတီလည်း ကျနော်ကြိုက်တာ ကျနော်လုပ်ထားတာ၊ လူတွေ အများကြီးကြိုက်ခဲ့လို့ ဝမ်းသာတယ်။ ဇာတ်လမ်းတွဲလည်း အဲဒီလိုပဲ ဖြစ်မှာပဲ။ ကျနော်ကြိုက်တာ ကျနော် ဖန်တီးထားတာ။ အများစုကြိုက်တယ်ဆိုရင် ကျနော် ကျေနပ်တယ်”လို့ အဆိုတော် ရဲနောင်က ပြောပါတယ်။

ရဲနောင်ကတော့ ယခင်က အဆိုတော် တယောက်အနေနဲ့ တေးသီချင်း ရေးသားမှုများ ပြုလုပ်ကာ နောက်ပိုင်းမှာတော့ အနုပညာ ဖန်တီးမှုများအနေနဲ့ ဝတ္ထု၊ ဇာတ်ညွှန်းများ ရေးသားခဲ့ပြီး သူဇာတ်ညွှန်း ရေးသားထားတဲ့ “ဒုဋ္ဌဝတီကို လွန်၍” ဆိုတဲ့ ရုပ်ရှင်ကားကြီးဟာလည်း ရုပ်ရှင်လောကမှာ တမျိုး သစ်ဆန်းတဲ့ ကားကောင်းတကား ဖြစ်ခဲ့ပါတယ်။

“ကျနော် ရေးတာတွေက ကိုယ်တွေ့ဟာတွေလည်း ရှိတယ်။ ကိုယ်တွေ့ရေးတာ။ ဖတ်ဖူးတဲ့ထဲကမှ အပြင်မှာရှိနေတဲ့ အဆောက်အဦဖြစ်ဖြစ် သမိုင်းကြောင်းဖြစ်ဖြစ် ယူတယ်။ ပြီးရင် ကျနော် ခံစားရတဲ့ ဖီလင်၊ လူတွေကို ဘယ်လိုပေးချင်လဲ ဆိုတာကို ပြန်ပြီးရေးတာပေါ့။ ကိုယ်တွေ့ သဘောတရားနဲ့ ရေးတာ များပါတယ်” လို့ ရဲနောင်က ပြောပါတယ်။

ထပ်မံပြီးတော့လည်း သူရေးသားထားတဲ့ ဇာတ်လမ်းကို ဇာတ်လမ်းတွဲ တခုအနေနဲ့လည်း ဖန်တီးနေပြီး ရဲနောင်ရေးသားထားတဲ့ ဇာတ်ညွှန်းများဖြင့် ရိုက်ကူးထားတဲ့ “ကြိုးဖုန်း”၊ “ကမ္ဘာနှစ်ထပ်” အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားများမှာလည်း ပရိသတ်စောင့်မျှော်နေတဲ့ ရုပ်ရှင်ကားများဖြစ်ပါတယ်။

ပထမဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင်ဇာတ်ကားမှာလည်း ယခုနှစ်အတွက် အကယ်ဒမီ ဆန်ခါတင် ၂၅ ကားထိ ပါဝင်လာခဲ့ပါတယ်။

“ကျနော်တို့က စလုပ်ကတည်းက ဒါကို အကယ်ဒမီရအောင် ဆုတခုခု ရအောင် တခုခုဖြစ်ရမယ်ဆိုပြီး လုပ်တာ မဟုတ်ဘူး။ တကယ်ကိုချစ်လို့ ကိုယ်ဝါသနာပါလို့ လုပ်ချင်တဲ့ အလုပ်မို့လို့ လုပ်လိုက်တာ။ အဲဒါကို အကဲဖြတ်ဒိုင်တွေက ဆန်ခါတင်အဆင့်ထိ ပို့ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်တယ်။ တကယ်လို့ ဒီဟာက ဆု ထပ်ရမယ်ဆိုရင် ပိုဝမ်းသာတယ်။ အဲဒီထပ်ပိုပြီးတော့ ဘာဆုရရမယ်။ ဘာဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မထားထားဘူး” လို့ ရဲနောင်က ပြောပါတယ်။

ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာပင် ပရိသတ်ရဲ့အားပေးမှုကို တခဲနက်ရရှိခဲ့တာနဲ့အမျှ ဘယ်လိုသင်ခန်းစာမျိုးတွေရခဲ့လဲ ဆိုတာကိုလည်း ရဲနောင်က အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်ဘာတွေ ရခဲ့လဲဆိုရင် သင်ခန်းစာတွေ ရတယ်။ ကျနော်က ရုပ်ရှင်လောကက မဟုတ်ဘူး။ အဆိုတော်။ သီချင်း ဆိုတယ်၊ သီချင်း ရေးတယ်။ ဒါပဲ လုပ်တာ။ စာရေးတယ် စာအုပ်လည်း မထုတ်ဘူး။ အဲဒီလိုလူတယောက်ကို ယုံယုံကြည်ကြည်နဲ့ ဝတ္ထုကိုလည်း ဝယ်တယ်။ ဇာတ်ညွှန်းလည်း အပ်တယ်။ နေရာတခုကို ဘဝမှာ ပထမဆုံး တာဝန်ယူပြီး ရေးရတာပဲ”

“ရုပ်ရှင်ရဲ့သဘောတရားကို နားလည်လာတယ်။ ရုပ်ရှင်ဟာ ရေးထားတဲ့ စာအုပ်အတိုင်း ဖြစ်မလာဘူး။ ရေးထားတဲ့စာအုပ်က ပိုကောင်းတယ်။ ရုပ်ရှင်ဟာ လိုအပ်ချက် အမြဲရှိတယ်။ လူအများနဲ့ ဖန်တီးရတယ်။ စာအုပ်က စာရေးဆရာတယောက်တည်းရဲ့ စာအုပ်နဲ့ ရေးရတာဆိုတော့ အမြဲတမ်း ပိုကောင်းတယ်။ ရုပ်ရှင်နဲ့ စာအုပ်နဲ့ကြားက ကွာဟချက်တွေကို သင်ခန်းစာအများကြီးရလိုက်တယ်”လို့ ရဲနောင်က ပြောပါတယ်။

ရဲနောင်ကိုတော့ Hip Hop အဆိုတော် တယောက်အနေနဲ့ လူအများက စတင်သိရှိခဲ့ပြီးနောက် ယခုအခါဇာတ်ညွှန်း ရေးသားသူ တယောက်အနေနဲ့ပါ လုပ်ကိုင်နေပြီး သီချင်းအခွေ ထွက်ဖို့အတွက်လည်း လုပ်နေတယ်လို့ သိရပါတယ်။

The post “ကျနော် ဖန်တီးတဲ့ အနုပညာက လူတွေနဲ့ အံဝင်ခွင်ကျ ဖြစ်တာ ရှားတယ်”လို့ အဆိုတော် ရဲနောင် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...