Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အလုပ်လက်မဲ့ သဘောမျိုး ဖြစ်နေကြပြီလို့ လူကြမ်းသရုပ်ဆောင် မျိုးဝင်း ပြော

$
0
0

ဗီဒီယိုလောက ပျက်သွားတာနဲ့အမျှ မြန်မာ့ရုပ်ရှင်လောကမှာ ထိခိုက်နစ်နာမှု အများဆုံးကတော့ ဇာတ်ပို့ သရုပ်ဆောင်များ၊ လူကြမ်းသရုပ်ဆောင်များဖြစ်ကြပြီး အခုဆိုရင် လူကြမ်းသရုပ်ဆောင်များဟာ အလုပ်လက်မဲ့ သဘောမျိုးဖြစ်နေကြပြီလို့ လူကြမ်းသရုပ်ဆောင် တဦးဖြစ်တဲ့ ကိုလူချောအဖွဲ့ဝင် မျိုးဝင်းက ပြောပါတယ်။

“လက်ရှိမှာတော့ ရိုက်ကူးမှုတွေက တော်တော်လေးကို ပြတ်လတ်နေကြရတယ်။ ကျနော် တယောက်တည်းရယ်လို့ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေအားလုံးလည်း ရှင်းရှင်းပြောရရင် အလုပ်လက်မဲ့သဘောမျိုး ဖြစ်နေကြတယ်။ တခြား အလုပ်တော့ မရှိဘူး။ ဒီအနုပညာအလုပ်ပဲ ဇောက်ချပြီး လုပ်နေတာပေါ့နော်။ ဒီလိုပဲ မိသားစုစားဝတ်နေရေးကို ကြံဖန်ပြီး ဖြေရှင်းနေရတာပေါ့”လို့ လူကြမ်းသရုပ်ဆောင် မျိုးဝင်းက ပြောပါတယ်။

ယခင်ကထက် အခုချိန်မှ ဇာတ်ကားရိုက်ကူးမှုများဟာ ၇၅ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတော့ ကိုလူကြမ်းကပါဝင်ရတာ နည်းတဲ့အတွက် ရိုက်ရတာ နည်းပါးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကားရိုက် လျော့ကျသွားတဲ့အကြောင်းကို ရာခိုင်နှုန်းနဲ့ ပြောရင် ၇၅ ရာခိုင်နှုန်းလောက် လျော့ကျသွားပြီ။ ဗီဒီယိုဆိုတာ မရှိသလောက် ဖြစ်သွားပြီ။ ရုပ်ရှင်ကားတွေကျတော့လည်း ကိုလူချောအဖွဲ့တွေက သိပ်ပြီးတော့ပါတာ မဟုတ်ဘူးလေ။ ဟာသကားတွေက များနေတယ်။ ရာခိုင်နှုန်း အစိတ်လောက်ပဲ ရှိတော့တယ်။ ဘာပဲပြောပြော ပတ်သက်ရာပတ်သက်ကြောင်းလေးတွေနဲ့ လုပ်နေကြရတာ။ ကိုယ်တွေဆိုလည်း အဲဒီလိုပဲလုပ်မှာပဲ” လို့ သရုပ်ဆောင် မျိုးဝင်းက ပြောပါတယ်။

လူကြမ်း သရုပ်ဆောင် မျိုးဝင်း (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

အက်ရှင်ပိုင်းကို ဝါသနာပါတာကြောင့် အက်ရှင်ကို ရွေးချယ်ခဲ့ပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ လူကြမ်း သရုပ်ဆောင် တယောက်ဖြစ်ပေမယ့် ယခင်ကပရိသတ်များက မသိကြသော်လည်း ယခုအခါမှာတော့ သူတို့တွေရဲ့ဘဝကို ပရိသတ်က နားလည်လာကြပြီလို့ပြောပါတယ်။

“အက်ရှင်ပိုင်းကတော့ ကျနော်တို့ ဝါသနာပါတဲ့ဟာ တခုပေါ့နော်။ ဒီဘက်အက်ရှင်ပိုင်းကို ရွေးကြတယ်။ အရင်တုန်းကတော့ ကိုယ်တွေဘယ်လောက်ပဲလုပ်လုပ် ပရိသတ်က မသိကြဘူး။ ဒီဘက်ခေတ်က အင်တာနက်ခေတ် ဖြစ်တဲ့အတွက် ပရိသတ်တွေက နားလည်လာတယ်။ သိလည်း သိလာကြတယ်။ ပရိသတ်နဲ့ ကိုယ်တွေနဲ့က မစိမ်းကြတော့ဘူး။ မိသားစုလို ဖြစ်နေကြပြီ။ အဲဒီလို နားလည်ပေးတဲ့အတွက် ပရိသတ်ကို ကျေးဇူးတင်တယ်” လို့ သရုပ်ဆောင် မျိုးဝင်းက ဆိုပါတယ်။

ထုတ်လုပ်သူ ငွေရှင်များအနေနဲ့လည်း မြန်မာ့ရုပ်ရှင်များ ကောင်းမွန်လာဖို့အတွက် ရင်းနှီးမြှုပ်နှံပါက သူများနိုင်ငံကဲ့သို့ ကောင်းမွန်တဲ့ဇာတ်ကားကောင်းများဖြစ်လာမယ်လို့ ပြောပါတယ်။

“ထုတ်လုပ်သူ ငွေရှင်တွေက ရင်းနှီးမြှုပ်နှံပြီး လုပ်ပေးမယ်ဆိုရင် ဒီထက်မက ကောင်းသွားနိုင်တယ်။ သူတို့တွေကို မကျော်ဘူးဆိုရင်တောင် တန်းတူ နီးနီးလောက် ကိုယ်တွေဆီမှာ သွားနိုင်တယ်။ သူတို့ လာရိုက်တယ်။ သေနတ်အစစ်တွေနဲ့ ကျနော်တို့ဆီမှာက အတုတွေနဲ့။ အတုတောင် ဘာမှ လုပ်လို့မရတဲ့ အတုတွေ။ သူတို့တွေရဲ့ သေနတ်က လူတယောက်ကို ပစ်သတ်လို့ရတဲ့အဆင့် ဖြစ်နေတယ်။ အဲဒီလောက်ထိလည်း မလိုဘူး။ ရုပ်ရှင်က ရုပ်ရှင်သေနတ်လို သွားလို့ ရတယ်။ ဒီမှာရှိတဲ့ သေနတ်တွေက ဘာမှလုပ်လို့ မရဘူး။ သစ်သားချောင်းကိုပဲ ပုံစံထွင်းပြီး လုပ်ထားတာတွေ ဖြစ်နေတယ်” လို့ လူကြမ်းသရုပ်ဆောင်မျိုးဝင်းက ပြောပါတယ်။

လူကြမ်းသရုပ်ဆောင် မျိုးဝင်းကတော့ ၁၉၈၄ ခုနှစ်မှစတင်ကာ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီး အခုချိန်ထိ အနုပညာအလုပ်တခုတည်းသာ ဇောက်ချလုပ်ကိုင်နေတဲ့ လူကြမ်းသရုပ်ဆောင် တယောက် ဖြစ်ပါတယ်။

The post အလုပ်လက်မဲ့ သဘောမျိုး ဖြစ်နေကြပြီလို့ လူကြမ်းသရုပ်ဆောင် မျိုးဝင်း ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...