Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တကိုယ်တော်သီချင်းခွေက ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်လို့ အဆိုတော် Jewel ပြော

$
0
0

ကိုယ်ပိုင်သံစဉ်သီချင်းများဖြင့် ပရိသတ်နားထဲစွဲစေခဲ့တဲ့ အဆိုတော်Jewel ကတော့ မကြာသေးမီက တကိုယ်တော်အခွေထွက်ရှိထားပြီး အဆိုပါအခွေထဲက သီချင်းတွေကတော့ တပုဒ်ချင်းကွဲထွက်ပြီး Hit ဖြစ်နေတာမရှိဘူးလို့ ပြောပါတယ်။

“သီချင်းအနေနဲ့ ပြန်ကြားရတာတော့ မျှမျှတတပဲပေါ့။ တပုဒ်ကိုပိုကြိုက်သွားတယ်ဆိုတာတော့ မကြားရဘူး။ အကုန်လုံးမျှမျှတတကြိုက်နေတယ်ဆိုတော့ ဘယ်တပုဒ်က Hit ဖြစ်နေတယ်ဆိုတာမျိုးမရှိဘူး။ ကျမ ရည်ရွယ်ချက်ကလည်း အဲဒီလိုမျိုးပါပဲ။ ကိုယ်ဖြစ်ချင်တာလေးဖြစ်လာတယ်လို့ထင်ပါတယ်။ Feedback ကတော့” လို့ အဆိုတော် Jewel ကပြောပါတယ်။

သူမရဲ့ ပထမဆုံးတကိုယ်တော်အခွေကိုတော့ “Jewel First Solo Album” လို့အမည်ပေးထားပြီး ပါဝင်တဲ့သီချင်းများကတော့ ကိုယ်ပိုင်သံစဉ်သီချင်းများဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတကိုယ်တော်အခွေကတော့ City Mart များမှာရောင်းချရာမှာ ရောင်းအားအကောင်းဆုံးအခွေ နံပါတ် ၁လည်းဖြစ်တယ်လို့သိရပါတယ်။

“ကျမအခွေကတော့ အခု City Mart မှာရောင်းအားအကောင်းဆုံး နံပါတ် ၁ ရတယ်လို့ကြားတယ်။ ကျမကို အားပေးပြီးချစ်ပေး အားပေးကြတဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ အဆိုတော် Jewel ကပြောပါတယ်။

အဆိုတော် Jewel ကတော့ သူမကိုပရိသတ်များသိရှိခဲ့တဲ့ သီချင်းများသာမက ယခုနောက်ပိုင်းဆိုရင် အခွေအသစ်ထဲမှာ သီချင်းများကိုပါ ပရိသတ်တောင်းဆိုမှုအရ သီဆိုဖျော်ဖြေနေရတယ်လို့ သိရပါတယ်။

“ပွဲတွေမှာဆိုရင်တော့ “ပေါ့ပေါ့ပါးပါး” ၊ “EX” ၊ “ဆုံးဖြတ်ပြီးသား” တို့ဆိုဖြစ်တယ်။ တချို့သီချင်းတွေတော့ မဆိုဖြစ်သေးဘူး။ ပုံမှန်အားဖြင့် ပွဲတပွဲမှာက သီချင်း ၃ ၊ ၄ ပုဒ်ပဲဆိုရတာဆိုတော့ လိုက်ဖက်မယ့်သီချင်းကို ဦးစားပေးပြီးဆိုဖြစ်ပါတယ်” လို့ Jewel ကပြောပါတယ်။

မကြာခင်မှာလည်း အဆိုပါတကိုယ်တော်အခွေကို Music Video အဖြစ်ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး သူမကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အဆိုတော် Jewel ကတော့ ၂၀၁၂ ခုနှစ်တွင် မယ်လိုဒီဝေါလ်သီချင်းဆိုပြိုင်ပွဲမှ 1st Runner Up ရရှိခဲ့ပြီး ဂီတလောကထဲရောက်ရှိလာပြီးနောက်မှာတော့ သူမကို “Message” ၊ “အလွမ်းသီချင်း” ဆိုတဲ့သီချင်းများနဲ့ ပရိသတ်အများက ကြိုက်နှစ်သက်ခဲ့ကြပြီး Cover Songs များသီဆိုရာမှာလည်း ကြိုက်နှစ်သက်မှုရရှိခဲ့ပါတယ်။

The post တကိုယ်တော်သီချင်းခွေက ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်လို့ အဆိုတော် Jewel ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...