Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အချစ်နဲ့ကင်းကွာနေတာ မဟုတ်ဘူး” လို့ ဆိုလာတဲ့ သရုပ်ဆောင်ဟိန်းဝေယံ

$
0
0

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ဟိန်းဝေယံ က အချစ်ရေးနဲ့ ပတ်သက်ပြီး အချစ် အကြောင်းကို မစဉ်းစားတာလည်းမဟုတ်သလို အချစ်နဲ့ကင်းကွာနေတာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

“အချစ် အကြောင်းကို မစဉ်းစားတာလည်း မဟုတ်ဘူး။ အချစ်နဲ့ကင်းကွာနေတာလည်း မဟုတ်ဘူး။ ကျနော်နားလည် သလောက် ပြောရရင် အချစ်ဆိုတာ ဖြူစင်တယ်။ ပျော်ရွှင်စရာကောင်းတယ်။ စိတ်ချမ်းသာစရာ ကောင်းတယ်လို့ ထင်တယ်။ အဲ့အချစ်ပေါ်မှာ ကိုယ်က ဘယ်လိုမျိုးခံယူလဲ ဘယ်လိုစိတ်မျိုးထားလဲ ပေါ်မူတည်ပြီး အချစ်ဆိုတာပုံစံ ပြောင်းလည်း သွားတယ်”

“ ကိုယ့်စိတ်ခံစားတွေ ပြောင်းလည်း သွားတယ်လို့ထင်တယ်။ အချစ်က ချစ်တတ်ဖို့တော့လိုတယ်။ အချစ်ဆိုတာ ကြောက်စရာကောင်းတဲ့အရာလို့တော့ ကျနော်မထင်ဘူး”လို့ သရုပ်ဆောင် ဟိန်းဝေယံ ကပြောပါတယ်။

ဟိန်းဝေယံက သရုပ်ဆောင် သူထူးစံရဲ့ မင်္ဂလာပွဲမှာ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးပြုလုပ်ရတဲ့ ခံစားချက်ကိုလည်း အခုလိုဆိုပါတယ်။

“ ကျနော် ကိုသူထူးစံတို့ မင်္ဂလာဆောင်မှာ အခမ်းအနားမှူးအဖြစ် ပါဝင်ပေးဖြစ်ခဲ့ပါတယ်။ ကျနော်အတွက်ကတော့ ပထမဦးဆုံး အခမ်းအနားမှူးလုပ်ဖူးခြင်းပါ။ ရင်ခုန်တယ်ဆိုတာထက် ပျော်တယ်ဝမ်းသာတယ်။ ကျနော့်မင်္ဂလာပွဲကို ပရိသတ်တွေကမျှော်လင့်နေကြပေမယ့်။ အခုတော့ တယောက်တည်းပဲကောင်းပါတယ်”

“ ဘာမှ တရားသေပြောလို့မရတော့ ဘာမှမပြောချင်ပါဘူး။ ကျနော်မင်္ဂလာဆောင်တွေ တွေ့ရင် ပျော်တယ်။ အားကျရတဲ့ အဆင့်တော့မဖြစ်သေးဘူး” လို့ ဟိန်းဝေယံက ဆိုပါတယ်။

“ရင်ခွင်ရှင်းတမ်း” ဇာတ်ကားလေးထဲက ဇာတ်ဝင်ခန်းကြောင့် ပရိသတ်တွေက အပျိုကြီး အေးသောင်းနဲ့ သဘောတူနေကြတဲ့ အပေါ် ဟိန်းဝေယံက ဒါဟာဇာတ်ကားရိုက်ကူးမှုပါပဲလို့ ပြောပါတယ်။

“ အခုတော့ အလုပ်တွေကိုပဲ ကြိုးစားလုပ်ကိုင်နေတယ်။ ကိုယ်ရင်ခုန်တဲ့သူတွေ့ရင် ရင်ခုန်မိမှာပဲ။ ကိုယ်ချစ်တဲ့ သူမျိုးေတွေ့ရင်ချစ်မိမှာပဲ။ ကျနေ်ာအချစ်ကို သက်သက်မဲ့ ရှောင်နေတာလည်းမဟုတ်ဘူး။ ကျနော်လျှောက်နေတဲ့ လမ်းပေါ်မှာ လောလောဆယ်တော့် ကျနော်နဲ့ ထပ်တူကျတာမတွေ့သေးဘူး”

“ ရင်ခွင်ရှင်းတမ်းဇာတ်ကားလေးထဲက ဇာတ်ဝင်ခန်းကြောင့် ပရိသတ်တွေက သရုပ်ဆောင်မှုတွေကို ပြောနေကြတယ်။ ကျနော်တို့ ဇာတ်ကားရိုက်တယ်ဆိုတာ သူငယ်ချင်းခန်းဖြစ်ရင်လည်းဖြစ်မယ်။ ချစ်သူရည်းစားခန်းလည်းဖြစ်ရင် ဖြစ်မယ်။ မင်းသမီးတွေနဲ့ တွဲဖက် သရုပ်ဆောင်တာလည်း မောင်နှမတွေလိုပဲ။ ကျနော်က ပြောစရာသိပ်မရှိဘူး။ ရင်ခွင်ရှင်းတမ်း ဇာတ်ကားလေးကို အသေအချာလေးကြိုးစားထားတယ်။ အဲ့ကားလေးကိုလည်း ပရိသတ်တွေ ကြိုက်ကြမယ် ထင်ပါတယ်”လို့ ဟိန်းဝေယံ ကပြောပါတယ်။

မကြာခင်မှာလည်း ဟိန်းဝေယံက ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံ၊ ဇေရဲထက်၊ ရတနာဗိုနဲ့ အခြားသော သရုပ်ဆောင် များစွာ ပါဝင်ထားပါတယ်။

The post “အချစ်နဲ့ကင်းကွာနေတာ မဟုတ်ဘူး” လို့ ဆိုလာတဲ့ သရုပ်ဆောင်ဟိန်းဝေယံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...