Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဇာတ်ကားမရိုက်ဖြစ်တော့တဲ့အကြောင်း ဆိုလာတဲ့ သရုပ်ဆောင် ပပဝင်းခင်

$
0
0

အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့တဲ့ သရုပ်ဆောင် ပပဝင်းခင်က ဇာတ်ကားတွေမရိုက်ဖြစ်တာ လာငှားတဲ့ ဇာတ်ကို မကြိုက်နှစ်သက်တာကြောင့်နဲ့ မိဘ စီးပွားရေးကို လုပ်ကိုင်ပေးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“ကား မရိုက်ဖြစ်တာကလည်း ပပ က အနုပညာအလုပ် လုပ်တာနည်းတော့ ကိုယ့်ဆီကို ကိုယ်ကြိုက်တဲ့ ဇာတ်လေး တွေ မရောက်တာလည်း ပါပါတယ်။ တခါတလေ ကိုယ့်ဆီရောက်လာတဲ့ ဇာတ်တွေ ကျတော့လည်း ကိုယ်မကြိုက်တဲ့ ဇာတ်တွေက များတယ်။ အဲ့တော့ ကားရိုက်က နည်းနည်းလာတာပါ။ အနုပညာနဲ့ ဝေးကွာသွားတာ သုံးလေးနှစ်လောက် တော့ရှိပြီ၊ အခုကျတော့ အနုပညာ လှုပ်ရှားမှု ကလည်း အရင်ကလောက်တော့ အရမ်းကြီး မလုပ်ဖြစ်တော့ဘူး”

သရုပ်ဆောင် ပပဝင်းခင် / Papa Win Khin’s Facebook

“ မိဘ စီးပွားရေးလေးတွေလည်း လုပ်ဖြစ်နေတော့ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေအတွက် ကြော်ငြာ ၊ MTV လေးတွေပဲ ရိုက်ထားတယ်။ ဒီကြားထဲမှာ ရိုတ်ထားတဲ့ ကြော်ငြာ MTV လေးတွေလည်းရှိတယ်။ မထွက်သေးတာတွေရော ရှိသေး တယ်။ ကိုယ့် ပရိသတ် တွေအတွက်တော့ ကိုယ်လုပ်ချင်တဲ့ အနုပညာ အလုပ်လေးတွေကိုတော့ အခါအခွင့်သင့် လို့ဇာတ်လေး ရှိရင်ရိုက်ဖြစ်မယ်။ ပွဲတက်တွေလည်း ရှိတယ်။ အနုပညာအလုပ်တွေကိုလွမ်းတယ်။ ပရိသတ်တွေကလည်း အခုချိန်ထိရိုက်ဖို့ပြောတယ်”လို့ သရုပ်ဆောင် ပပဝင်းခင်က ပြောပါတယ်။

အချစ်ရေးကို မစဉ်းစားသေးတဲ့ ပပဝင်းခင်က Propose လုပ်တဲ့ သူတွေ တော်တော်များများကလည်း ရှိတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ပပဝင်းခင် / Papa Win Khin’s Facebook

“ အစ်ကိုတွေအစ်မတွေက အိမ်ထောင်တွေကျသွားတော့ မိဘစီးပွားရေးနဲ့ မိဘကျန်းမာရေးကို ဘေးကနေကူပေးဖြစ်တာနဲ့ အချိန်ကုန်မှန်းမသိ ကုန်သွားတယ်။ အချစ်ရေးတော့ စဉ်းစားနေပါတယ်။ အသည်းတော့ မကွဲဖူးပါဘူး။ အိမ်ထောင်ဘက် ရွေးချယ်ရင်တော့ အဓိက က ပပကို ချစ်တဲ့သူ ပပကလည်းချစ်တဲ့သူ ပပကို သစ္စာရှိတဲ့သူကိုရွေးမယ်။ ပပကို Propose လုပ်တဲ့ သူတွေ တော်တော်များများကလည်း ရှိတယ်။ ပပလည်းရွေးရခက်နေတယ်။ မိဘတွေကအိမ်ထောင်ပြုဖို့ကို အထူးတလည်ပိတ်ပင်တာတော့ မရှိပါဘူး”လို့ ပပဝင်းခင်က ပြောပါတယ်။

အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့်လည်း သူမရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ အမြဲတမ်း အဆက်အသွယ်လုပ်နေတာကိုလည်း တွေ့ရပါတယ်။ အသက် ၃၀ ကျော်ပြီဖြစ်တဲ့ ပပဝင်းခင်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေလည်း မရှိသလို ပရိသတ်ကိုလည်း ဖွင့်ဟပြော ပြလာတာမျိုး မရှိသေးပါဘူး။

The post ဇာတ်ကားမရိုက်ဖြစ်တော့တဲ့အကြောင်း ဆိုလာတဲ့ သရုပ်ဆောင် ပပဝင်းခင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...