Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Instagram မှာ Selena Gomez ကိုကျော်ပြီး Follower အများဆုံးဖြစ်လာတဲ့ Ariana Grande

$
0
0

အဆိုတော် Ariana Grande ကတော့ Instagram မှာ Follower အများဆုံးအမျိုးသမီးအဖြစ် နှစ်ပေါင်းများစွာရှိနေတဲ့ Selena Gomez ရဲ့ နေရာကို ကျော်တက်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ “7 Rings” ဆိုတဲ့ သီချင်းထွက်ရှိပြီးနောက်မှာ Follower ၁၄၃.၃ သန်းရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

Selena Gomez မှာတော့ Follower ၁၄၃.၂ သန်းရှိပြီးသားဖြစ်လို့ အယောက် တသိန်းလောက် ပိုများပြီး Ariana က နံပါတ်၁ နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ အရှေ့မှာ ကမ္ဘာကျော် ဘောလုံးသမား Cristiano Ronaldo က Follower ၁၅၅.၉ သန်းနဲ့ တည်ရှိနေပါတယ်။

အဆိုတော် Ariana Grande

Ariana Grande ဟာ ဒီနှစ်မှာ သီချင်းခွေ အသစ်ကို ထွက်ရှိထားပြီး သူမရဲ့ ခွေထဲက သီချင်းသုံးပုဒ်ဖြစ်တဲ့ “7 Rings”, “Break Up With Your Girlfriend”, နဲ့ “Thank U, Next” စတဲ့ သီချင်း သုံးပုဒ်ဟာ ၁၉၆၄ ခုနှစ်က The Beatles ရဲ့ နောက်ပိုင်းမှာ ဘယ်သူမှ မရရှိသေးတဲ့ အောင်မြင်မှုတခုအဖြစ် Billboard’s Hot 100 လေးပတ်ဆက်တိုက် နံပါတ် ၁၊ ၂၊ ၃ နေရာကို ယူခဲ့ပါတယ်။

Instagram မှာ Follower အများဆုံးဖြစ်ခဲ့တဲ့ Selena Gomez ကတော့ ဒီကိစ္စကို ဘာမှ ပြောဆိုခြင်းမရှိတဲ့ အပြင် တနှစ်လုံးမှာ ဘာကိုမှ တင်ထားခြင်း မရှိတာပါပဲ။

အဆိုတော် Ariana Grande

အရင်နှစ်က ဘောလုံးသမား Cristiano Ronaldo က သူ့ရဲ့ နေရာကို ကျော်တက်သွားတဲ့ အချိန်မှာလည်း ဂိုးမက်ဇ်က “ ဂဏန်းတွေ အရေအတွက်တွေက အရေးမကြီးပါဘူး” လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။

Ariana Grande အတွက်ကတော့ ၂၀၁၉ ဟာ အောင်မြင်မှုတွေ အများကြီးကို ရရှိခဲ့တဲ့ နှစ်လို့ ဆိုနိုင်ပါတယ်။

Ref; independent.com

The post Instagram မှာ Selena Gomez ကိုကျော်ပြီး Follower အများဆုံးဖြစ်လာတဲ့ Ariana Grande appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...