Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ်ရဲ့ယုံကြည်မှုရဖို့က အဓိကကျတယ်လို့ သရုပ်ဆောင်ခင်လှိုင် ပြော

$
0
0

မြန်မာရုပ်ရှင်ဇာတ်ကားများ ရုံတင်မှုများ များပြားလာတဲ့အမျှ ပရိသတ်ရဲ့ဝေဖန်မှုများဟာလည်း မြင့်တက် လာခဲ့တဲ့ အပေါ်မှာ သရုပ်ဆောင်တယောက်ဖြစ်တဲ့ ခင်လှိုင်က ရုပ်ရှင်ဇာတ်ကားများ ဖန်တီးတဲ့အခါမှာ ပရိသတ်ရဲ့ ယုံကြည်မှု ရဖို့က အဓိကကျတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကားတွေကောင်းလာရင် ပရိသတ်တွေရဲ့ယုံကြည်မှုရလာမယ်။ ယုံကြည်မှုရလာရင် မြန်မာ့ရုပ်ရှင်က မကျရှုံးဘူးပေါ့ဗျာ။ အဓိကက ပရိသတ်ယုံကြည်မှုရမှဖြစ်တာကို။ ပရိသတ်ယုံကြည်မှုရရင် မြန်မာကားတွေကို ယုံယုံကြည်ကြည်နဲ့ အားပေးလာမယ်ဆိုရင် ကျနော်တို့ရုပ်ရှင်က ရေရှည်ရပ်တည်လို့ရမှာပေါ့” လို့ ခင်လှိုင်က ပြောပါတယ်။

သူကိုယ်တိုင်လည်း ရုပ်ရှင်ဇာတ်ကားများကို ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်ဖို့အတွက် စိတ်ကူးထားတာတွေရှိနေပြီး “တောက်ချလိုက်မယ်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလည်း ရိုက်ကူးထားပါတယ်။

“ တောက်ချလိုက်မယ်”က ဆင်ဆာတင်ဖို့လုပ်နေပြီ။ နောက်တကားကတော့ ၄လပိုင်းမှာ မြင့်မြတ်နဲ့ပဲ တကားရိုက် ဖို့လုပ်နေတယ်။ ဇာတ်တင်ထားတယ်။ နောက်ထပ်စိတ်ကြိုက် ဇာတ်ကလေးလည်း ပြန်ရေးနေတယ်။ ဇာတ်က မသေချာသေးတဲ့အတွက် မပြောပြသေးဘူး။ ၄လပိုင်းမှာတော့ ရိုက်ပေးမယ်လို့တော့ ထင်ပါတယ်” လို့ ခင်လှိုင်က ပြောပါတယ်။

သရုပ်ဆောင်တယောက်လုပ်နေပြီဖြစ်တဲ့ သားဖြစ်သူ နေရဲကို မင်းသားတယောက်အနေနဲ့ တင်ရိုက်ဖို့အတွက်ကတော့ အခြေအနေ အချိန်အခါအရ လုပ်ရပဲလို့ ဆိုပါတယ်။

“အခြေအနေအရပေါ့ဗျာ။ ဈေးကွက်အရသွားနေတာဆိုတော့ ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်ဖို့အတွက်ကတော့ လွယ်တဲ့အနေအထားတခုတော့ မဟုတ်ပါဘူး။ အခြေအနေအချိန်အခါအရပေါ့” လို့ ခင်လှိုင်က ပြောပါတယ်။

သားနဲ့သမီးကိုတော့ ဘာလုပ်ရမယ်ဆိုပြီးတော့ ပြောတာမျိုးမရှိဘဲ သူတို့ဝါသနာပါတဲ့အရာများကိုသာ ပံ့ပိုး သွားဖို့အတွက် ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

“သမီးကတော့ ဝါသနာကိုမပါတာ။ သူတို့ိကို ဘာလုပ်ပါရယ်လို့ ဂိုက်လိုင်းမပေးပါဘူး။ သူတို့လုပ်တဲ့အပေါ်မှာပဲ ပံ့ပိုးမယ်လို့ နဂိုကတည်းက ဆုံးဖြတ်ပြီးသား။ သမီးက နဂိုကတည်းက စာပဲဝါသနာပါတာဆိုတော့လေ။ ဒါပေမယ့် ဒီနှစ်တော့ ရုပ်ရှင်အစည်းအရုံးက ဦးဇင်ဝိုင်းကအကူအညီလှမ်းတောင်းလို့ ရွှေကြိုထဲမှာတော့ ဝင်လုပ်ပေးကြမယ်။ အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်တွေပါဝင်ရတာဆိုတော့ ပါဖြစ်မယ်” လို့ ခင်လှိုင်ကပြောပါတယ်။

မကြာခင်မှာကျင်းပတော့မယ့် အကယ်ဒမီပေးပွဲအတွက်တော့ ကိုယ်တိုင်ရင်ခုန်မှုအတွက်မဟုတ်ဘဲ အနုပညာ မောင်နှမများကို အားပေးဖို့အတွက်သာ တက်ရောက်မှာ ဖြစ်တယ်လို့သိရပါတယ်။

“ဒီနှစ်ကတော့ ပွဲတက်ပဲ။ ကားတွေက အကုန်လုံးကောင်းတာဆိုတော့ ကိုယ့်အနုပညာမောင်နှမတွေထဲက ဘယ်သူရရပါပျော်ပါတယ်။ ကျနော်တို့ကတာ့ အားပေးတဲ့အနေနဲ့တက်မှာပါ” လို့ ခင်လှိုင်ကပြောပါတယ်။

The post ပရိသတ်ရဲ့ယုံကြည်မှုရဖို့က အဓိကကျတယ်လို့ သရုပ်ဆောင်ခင်လှိုင် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...