Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသည်းကွဲတဲ့အချိန် နားထောင်ခဲ့တဲ့ သီချင်းတွေကို ပြောပြလိုက်တဲ့ Taylor Swift

$
0
0

အနုပညာတခု၊ သီချင်းတပုဒ်ရဲ့ အစွမ်းကို ဘယ်တော့မှ အထင်သေးလို့ မရပါဘူး။ အဆိုတော် Taylor Swift ရဲ့ အမာခံပရိသတ်တွေနဲ့ Taylor ရဲ့ကြားမှာ ဘာလျှို့ဝှက်ချက်တွေကို ထားလေ့မရှိဘူးလို့ သိရပါတယ်။ ဒီအချိန်မှာ ကမ္ဘာကျော်အဆိုတော် Taylor Swift ဟာ သူမအသည်းကွဲတဲ့ အချိန်က နားထောင်ခဲ့တဲ့ သီချင်းတွေကို ELLE UK’ မဂ္ဂဇင်းနဲ့ အင်တာဗျူးတဲ့ အချိန်မှာ ပြောပြခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ Pop သီချင်းတွေဟာ စွမ်းအားဘယ်လောက်ပြင်းတယ်ဆိုတဲ့ အကြောင်းကို ဆောင်းပါးတခုရေးခဲ့ပါတယ်။ သူမရဲ့ ဆောင်းပါးမှာ အဆိုတော်အချို့ရဲ့ သီချင်းတွေက သူမ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ အချိန် အထောက်အကူ ပြုခဲ့တာတွေကို ထည့်သွင်းရေးသားခဲ့ပါသေးတယ်။

သူမက “The Fray ရဲ့ “How to Save a Life” ဆိုတဲ့ သီချင်း၊ Brandi Carlile ရဲ့ “The Story” ဆိုတဲ့ သီချင်း နဲ့ Anna Nalick ရဲ့ “Breathe (2AM)” ဆိုတဲ့ သီချင်းတွေကို နားထောင်တဲ့ အခါ ကျမရဲ့ ၁၇နှစ်သမီး ဘဝကို ပြန်ပြီးရောက်သွားသလို ခံစားရပါတယ်။ နယ်လှည့်ဖျော်ဖြေပွဲတွေကနေ ပြန်လာပြီး အခန်းထဲမှာ တယောက်တည်း အထီးကျန်မှုတွေကို ခံစားရတဲ့ အချိန်တွေမှာ ဒီသီချင်းတွေဟာ ကျမရဲ့ အကောင်းဆုံးအဖော် ဖြစ်ခဲ့တယ်” လို့ ဆိုပါတယ်။

အဲဒီသီချင်းတွေအပြင် သူမဟာ အခြားသူမကြိုက်တဲ့ သီချင်းတွေကိုလည်း သူမရဲ့ အင်စတာဂရမ် စာမျက်နှာမှာ ရေးသားထားပါသေးတယ်။

Taylor Swift ဟာ ဆယ်ကျော်သက်အရွယ် ကတည်းက အရွယ်နဲ့မလိုက်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပြီး ဟောလိဝုဒ်ရဲ့ အနုပညာလောကမှာ အသည်းခွဲတဲ့ အဆိုတော်တယောက်အဖြစ်လည်း နာမည်ကျော်ပါတယ်။ ဒါပေမယ့် သူမလက်ရှိတွဲနေတဲ့ ချစ်သူနဲ့တော့ ချစ်သူသက်တမ်း ၂နှစ်ခန့်ရှိပြီ ဖြစ်ပြီး သူမရဲ့ချစ်သူဟာ အနုပညာလောကထဲက မဟုတ်ဘူးလို့ သိရပါတယ်။

Ref: thrillist

The post အသည်းကွဲတဲ့အချိန် နားထောင်ခဲ့တဲ့ သီချင်းတွေကို ပြောပြလိုက်တဲ့ Taylor Swift appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...