Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အသည်းကွဲသီချင်းတွေ ရေးရတာ လူကိုပိုထိလို့ ကြောက်တယ်”

$
0
0

Myanmar Idol Season 2 အဆိုပြိုင်ပွဲကနေ ပရိသတ်တွေ အားပေးမှုရရှိလာတဲ့ အဆိုတော်ပိုးမီက ဒုတိယတကိုယ်တော်အခွေစီစဉ်နေပြီး အချစ်သီချင်း၊ အသည်းကွဲသီချင်းတွေ နည်းနည်းပဲပါမယ်လို့ဆိုပါတယ်။

“ပိုးမီဒုတိယအခွေထဲမှာလည်း “အလိုက်တသိ”လို သီချင်းတွေပါမယ်။ ဒါပေမယ့် ပိုးမီကိုယ်တိုင်ရေး Feel သီချင်းတွေတော့ နည်းသွားမယ်။ ဘာလို့လဲဆိုတော့ အသည်းကွဲရတာ နည်းနည်းကြောက်လာလို့။ လူကိုထိတယ်။ အဲဒီသီချင်းမျိုးတွေရေးပြီးရင် ကိုယ်ကဟုတ်လည်း မဟုတ်ဘဲနဲ့ အဲဒီခံစားချက်ကြီးက ရင်ထဲမှာကျန်ခဲ့တာဆိုတော့လေ”

“ နောက်တခွေမှာက အသည်းတော့ကွဲမယ်။ ဒါပေမယ့် မြူးမြူးလေးကွဲမယ်။ နည်းနည်းမာမယ်။ ဒီတခါကိုယ်က မကျန်ခဲ့တော့ဘူး။ ကိုယ်ကခွဲခဲ့မယ်”လို့ အဆိုတော် ပိုးမီက ဆိုပါတယ်။

အသည်းကွဲသီချင်းတွေက အရေးများ အဆိုများတဲ့အတွက် ဒါနဲ့ပတ်သက်တဲ့ ခံစားချက်ကိုလည်း အခုလိုဆိုပါတယ်။

” အရင်ကကုန်ကြမ်းအဟောင်းတွေကို ဒီလိုပဲ ဖျစ်ညှစ်ပြီးထုတ်ရတာပေါ့။ ကိုယ်တွေ့တွေပေါ့။ ကိုယ်ကကြီးပဲ ခံရတာကြီးပဲ အမြဲတမ်း။ လတ်တလောမှာတော့ အသည်းသိပ်မကွဲသေးဘူး။ ချင်းရေးဖို့အတွက် အသည်းကွဲလိုက်ရင်ကောင်းမလားလို့ စဉ်းစားနေတယ်”လို့ ပိုးမီက ဆိုပါတယ်။

ပိုးမီရဲ့ အလိုက်တသိ သီချင်းကို မကြာသေးခင်က အဆိုတော် အသစ်တဦးက ရုပ်သံတခုရဲ့ Live အစီအစဉ်မှာ သီဆိုခဲ့ပြီး ဒီလိုသီဆိုဖို့ ပိုးမီကို ခွင့်မတောင်းခဲ့ဘူးလို့ ုဆိုပါတယ်။

” ပိုးမီကိုယ်တိုင်ရေး၊ဆိုတဲ့’အလိုက်တသိ’သီချင်းမှာဖြစ်တဲ့ ဖီလင်ကျတော့လေ ဆိုတဲ့သူတယောက်အနေနဲ့တင် မဟုတ်တော့ဘူး။ ဒီသီချင်းလေးက ပိုးမီကိုယ်တိုင်မွေးထုတ်ပေးခဲ့ရတဲ့ သားသမီးတယောက်လိုပဲ။ ကိုယ့်သားသမီး ကိုတခြားလူက ကိုယ့်ဆီခွင့်မတောင်းဘဲနဲ့ ကောက်ချီသွားသလိုမျိုးပေါ့။ ဖွင့်မပြောပြတတ်ဘူး။ အခုချိန်မှာ တေးရေးတွေရဲ့ခံစားချက်ကို ပိုးမီနားလည်တယ်”

“စိတ်ဆိုးတာလည်းမဟုတ်ဘူး။ ပိုက်ဆံကြောင့်လည်းမဟုတ်ဘူး။ အသိအမှတ်ပြုတာလေးခံချင်တာ။ ပီတိတွေဖြစ်ချင်တာ”လို့ ပိုးမီက ဧရာဝတီကို ပြောပါတယ်။

ဂီတအနုပညာဝါသနာကြီးသူအချင်းချင်း နားလည်မှုထားပြီး ဖြေရှင်းလိုက်တဲ့အကြောင်းကိုလည်း ပိုးမီက အခုလိုပြောပါတယ်။

“ပိုးမီနဲ့အဲဒီကလေးလေးက နှစ်ခါလောက်တော့ အပြင်မှာဆုံဖူးပါတယ်။ ပိုးမီစိတ်ထဲမှာထင်သွားမိတာက သူဆိုတာက live လွှင့်တဲ့ပွဲလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့ ငါ့ကိုလူချင်းလည်းသိနေပါရက်နဲ့ ပြောဖော်တောင်မရဘူးလို့ စိတ်မကောင်း ဖြစ်သွားတာပါ။ ပိုးမီကလည်း ကိုယ့်အကောင့်မှာ အရမ်းFeel ပြီးရေးမိတာပေါ့နော်။ အမှန်တော့ အဲဒီလိုမဟုတ်ဖူး။ အဲဒီမောင်လေးနဲ့ စကားပြောဖြစ်တဲ့အခါကျတော့ သူတို့တွေကလည်း Live လွှင့်မယ်ဆိုတာကိုမသိတာ”

“အစ်မကို မလေးမစားလုပ်တာမဟုတ်ပါဖူးဆိုပြီးတော့ လာတောင်းပန်တယ်။ သူကလည်း ဒီသီချင်းကိုအရမ်းကြိုက်လို့ ဆိုတာပါတဲ့။ ပိုးမီကလည်း ရတယ်မောင်လေး၊ ဘာမှမဖြစ်ဘူး။ အစ်မနားလည်တယ်။ ခွင့်လွှတ်တယ်။ နောက်ပွဲတွေလည်း အဲဒီသီချင်းယူဆိုပါ။ ဒါပေမယ့် Live လွှင့်မယ်ပွဲတွေဆိုရင်တော့ အစ်မကိုကြိုအသိပေးပါလို့။ဒါကကိုယ့်ဖက်က ကိုယ်လုပ်ပေးနိုင်တာပဲပေါ့”လို့ဆိုပါတယ်။

ကိုယ်တိုင်လည်း သူများသီချင်းတွေဆိုတဲ့အခါ ကြိုတင်ခွင့်တောင်းတယ်လို့ ဆိုပြီး ဒါနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“ပိုးမီတို့လည်းကြုံဖူးတာပဲ။ ကိုယ့်သီချင်းလေးတွေလည်းဆိုတယ်။ ကိုယ့်ရှေ့က စီနီယာတွေရဲ့သီချင်းတွေလည်း ဆိုရတာပဲ။ တွေ့တဲ့အချိန်မှာ ခွင့်တောင်းလိုက်တယ်။ Live လွှင့်မယ့်ပွဲတွေဆိုရင်တော့ တေးရေးဆရာကိုပဲဖြစ်ဖြစ်၊ ဂီတအစည်းအရုံးကနေပဲဖြစ်ဖြစ် ခွင့်တောင်းပြီးမှ ဆိုရတာ” လို့ပြောပြပါတယ်။

ပိုးမီက မကြာသေးခင်က ကိုရီးယားနိုင်ငံမှာ မျက်နှာခွဲစိပ်မှုကို ခံယူခဲ့ပြီး ဒီလိုမျက်နှာပြုပြင်မှုအပိုင်းနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“မျက်နှာလေးပြင်ပြီးမှ ပရိသတ်တွေကပိုလှလာတယ်၊ ပိုနုလာတယ်လို့လည်း ပြောကြတော့ ကိုယ်ကကျေနပ်ရတာပေါ့။ Suprise တွေလည်း အများကြီးရတယ်။ Suprise တွေရော Cola တွေရောတိုက်ကြတာပေါ့။ ရှင်းရှင်းပြောရရင်တော့ အလကားရလို့လုပ်လိုက်တာ။ မိန်းကလေးဆိုတာ အလှအပဆိုရင်တော့ လုပ်ချင်ကြတယ်၊ဒါပေမယ့် ကိုယ့်အနေအထားက ပိုးမီဆိုရင် သမီးအကြီးဆုံး၊ ထမ်းရမယ့်တာဝန်တွေလည်းရှိတယ်။ ဒါကြီးကိုကိုယ့်ပိုက်ဆံနဲ့ကိုဆိုရင် သေချာတယ် ပိုးမီဒီတသက် ဒီရုပ်ဆိုးဆိုးနဲ့ပဲနေမှာ။လုပ်ဖြစ်မှာမဟုတ်ဘူး”

“မကေသီတို့နဲ့တွေ့တာ ပိုးမီကံကောင်းတယ်လို့ပြောရမယ်။ သူတို့ကလည်းပိုးမီကိုအရမ်းလုပ်ပေးချင်နေတာနဲ့ ချကွာဆိုပြီးတော့ မေမေတိုနဲ့ တိုင်ပင်ပြီးလုပ်ဖြစ်တာ။ အရင်ကထက်စာရင်တော့ ယုံကြည်မှုပိုရှိလာတယ်။ အရင်ကကိုယ့်ကိုယ်ကိုရုပ်ဆိုးတယ်လို့ လက်ခံထားတာ။ ဒီအချိန်မှာတော့ ကြည့်ပျော်၊ရှုပျော်ရှိတယ်လို့လက်ခံတယ်”လို့ ပိုးမီက ဆိုပါတယ်။

ပိုးမီကဒီသြင်္ကန်အပြီးလောက်မှာ MTV လေးတပုဒ် ထူးထူးခြားခြားလေးရိုက်ပြီး အွန်လိုင်းတင်ပေးမှာဖြစ်ပြီး ပိုးမီကို MTVထဲမှာ မြင်နေကျမဟုတ်တဲ့ပုံစံမျိုးနဲ့ မြင်ရဖို့လည်းကြိုးစားနေတယ်လို့ ဆိုပါတယ်။

The post “အသည်းကွဲသီချင်းတွေ ရေးရတာ လူကိုပိုထိလို့ ကြောက်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...