Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အနုပညာကိုဖျော်ဖြေရေးလို့ အဆိပ်ခတ်ခံထားရတယ် ဆိုပြီး အကယ်ဒမီဆွေဇင်ထိုက်ပြော

$
0
0

မြန်မာဇာတ်ကားတွေမှာ လုပ်ခွင့်မပေးဘဲ မြန်မာပြည်မှာ လာရောက်ရိုက်ကူးပြီးစီးသွားတဲ့ Line Walker-2 ဇာတ်ကားကိုတော့ လမ်းတွေပိတ်၊ နေရာပေးပြီးရိုက်ခဲ့တဲ့ အပေါ်ထွက်ပေါ်လာတဲ့အသံတွေနဲ့ပတ်သက်ပြီး အကယ်ဒမီဆွေဇင်ထိုက်က သူ့ရဲ့ အမြင်ကို အခုလိုဆိုပါတယ်။

“တကယ်တမ်းကတော့ လမ်းတွေကိုပိတ်ပြီး ရိုက်တယ်ဆိုတာကို မြန်မာကလူတွေသာပြောတာပါ။ တကမ္ဘာလုံးမှာ ဒီလိုပဲရိုက်ပါတယ်။ မဖွံဖြိုးသေးတဲ့နိုင်ငံတွေမှာ ဘရာဇီးတို့ ၊ ဖိလစ်ပိုင်တို့တောင်မှ ဒီလိုပဲလမ်းပိတ်ပြီး ရိုက်ပါတယ်။ မသိလို့နဲ့တူတယ်နော်။ Google မှာခေါက်ကြည့်လိုက်ရင် ဘယ်နိုင်ငံမှာ ဘယ်အချိန်တုန်းက ဘယ်ကားကို ဘယ်လိုလမ်းတွေပိတ်၊ နေရာပေးပြီးရိုက်တယ်ဆိုတာတွေ တွေ့ရမှာပါ။ ကိုယ့်အသိလေးနဲ့ပဲပြောတာကျတော့ သနားဖို့ကောင်းပါတယ်”လို့ အကယ်ဒမီဆွေဇင်ထိုက်က ဆိုပါတယ်။

Line Walker – 2 ကိုအခုလိုလက်ခံရိုက်ကူးရတဲ့ အဓိကရည်ရွယိချက်ကိုလည်း အကယ်ဒမီဆွေဇင်ထိုက်က အခုလိုပြောပါတယ်။

” “ကျမတို့ဆီက ကမ္ဘာကြည့် ကြည့်မယ်ဆိုရင် မြန်မာသိသိရာကနေပိုသိဖို့ နည်းလမ်းက ၃ မျိုးပဲရှိပါတယ်။ ပထမတမျိုးကတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့ရိုက်တဲ့ ရုပ်ရှင်ကားတွေမှာ ကျမတို့ရဲ့ Locationတွေ၊ ရိုက်ကွင်း၊ ရိုက်ကွက်တွေ ပါအောင်စီစဉ်ရတာပဲဖြစ်ပါတယ်။ နောက်တနည်းကတော့ ကိုယ်လည်းပဲ ရင်းနှီးမြှုပ်နှံ၊သူလည်းပဲ ရင်းနှီးမြှုပ်နှံ နှစ်ဦးနှစ်ဖက်လုပ်ကြတဲ့ဟာဖြစ်ပါတယ်။ တတိယအချက်က ကိုယ့်ရဲ့အရင်းအနှီး ၁၀၀ ရာခိုင်နှုန်းနဲ့ တကမ္ဘာလုံး ကိုသွားနိုင်တဲ့ ရုပ်ရှင်ကားမျိုး ရိုက်ရမှာ ဖြစ်ပါတယ်။ အဲဒါတွေအတွက် ဒီ Line Walker ဟာ ပထမခြေလှမ်းအနေနဲ့ ကျမတို့နိုင်ငံရဲ့ ရိုက်ကွင်း၊ရိုက်ကွက်တွေမှာ လာရိုက်လို့်ရအောင် စီစဉ်ပေးလိုက်တာဖြစ်ပါတယ်”

“ဒီကားဟာ တကမ္ဘာလုံးကိုသွားတဲ့ကားဖြစ်ပါတယ်။ ဒီအက်ရှင်ကလည်း လူတန်းစားမရွေးနားလည်တတ်တာမျိုးဖြစ်ပါတယ်။ အဲဒီလိုသွားရင်းနဲ့မှ မြန်မာပြည်ဟာ ဒီလိုရုပ်ရှင်ကားမျိုး ရိုက်လို့ရတယ်ဆိုတာမျိုး သိလာလို့ရှိရင် နောက်ရိုက်ကူးသူတွေလည်း လာဖို့ရှိပါတယ်။ ဒါကတော့ပထမတချက်ပေါ့”

“ဒုတိယတချက်ကတော့ မြန်မာပြည်ကိုလာလည်ချင်တယ်။ မြန်မာပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိနေတယ်။မြန်မာပြည်က မငြိမ်းချမ်းဘူးလို့ အဲဒီလိုပုံရိပ်တွေအလုပ်ခံထားရတာရှိတယ်လေ။ အဲဒါကမဟုတ်ပါဘူး။ လာရိုက်လို့ရပါတယ်။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေပါတယ်ဆိုတာကိုလည်း သိသွားဖို့အတွက်။ မြန်မာနိုင်ငံက သူများပါးစပ်ဖျားမှာ လမ်းဆုံးနေတယ်လေ။ သူများက Brand လုပ်ထားတာကို ကျမတို့က Rebrand ပြန်လုပ်ရမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျမက ရည်ရွယ်ပြီးလုပ်တာပါ”လို့ သူက ဆိုပါတယ်။

နောက်ထပ် နိုင်ငံတကာနဲ့လက်တွဲဖို့ အစီအစဉ်ရှိ၊မရှိကိုလည်း ဆွေဇင်ထိုက်က”ကျမတို့်ဆီက ဆားဗစ်တွေက ဘယ်လောက်ကောင်းသလဲဆိုတာကို ပြရမှာဖြစ်ပါတယ်။ ကျမတို့ဆားဗစ်က User Friendly ဖြစ်တယ်။ အဘက်ဘက်ကနေပါဝင်ကူညီတာ တွေရှိတယ်ဆိုတာကို ပြမှဒါဟာလည်း Marketing ကောင်းတခုဖြစ်ပါတယ်။ ဒါမှလည်းနောက်ရိုက်မယ့်သူတွေက စဉ်းစားမှာပေါ့။ အခုလောလောဆယ်တော့ ကိုရီးယားက တထုပ်ရယ်၊ဂျပန်ကတထုပ်ရယ်တော့ စီစဉ်နေပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

အကယ်ဒမီဆွေဇင်ထိုက်က လတ်တလောမှာတော့ Pen Myanmar နဲ့လက်တွဲပြီး ၂၀၁၅ခုနှစ်ကစတင်ကာ ဇာတ်ညွှန်းသင်တန်းကို ဦးဆောင်သင်ကြားပို့ချနေတာ ဖြစ်ပါတယ်။ ပထမဆုံးဇာတ်ညွှန်းသင်တန်းကို Pen Myanmar ရုံးခန်း(ရန်ကုန်)မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၊ ဒုတိယအကြိမ်ကို တော်ဝင်စင်တာက သင်တန်းခန်းမ၊ တတိယအကြိမ်ကို မန္တလေးမှာသင်ကြားပေးခဲ့ပါတယ်။

အခုလာမယ့် စတုတ္ထအကြိမ်ဇာတ်ညွှန်းသင်တန်းကိုတော့ တောင်ကြီးမှာသင်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ဇာတ်ညွှန်းသင်တန်းကတဆင့်ပြုလုပ်မယ့် အစီအစဉ်များနဲ့ပတ်သက်ပြီးလည်း အခုလိုဆိုပါတယ်။

“ကျမသင်ကြားပေးတဲ့ဆီကနေ သူတို့အခုလောလောဆယ်မှာတော့ Short Film တွေရိုက်ကြတယ်။ ဇာတ်ညွှန်းတွေ ရေးကြတယ်။ အောက်တိုဘာလ ရုပ်ရှင်နှစ်တရာအကြိုမှာ ပြိုင်ပွဲလေးတခုလုပ်ဖို့ စိတ်ကူးထားပါတယ်”လို့လည်း ဆိုပါတယ်။

အခုလိုဇာတ်ညွှန်းသင်တန်းအပြင် သရုပ်ဆောင်သင်တန်းမှာလည်း သင်ကြားပေးနေတဲ့ဆွေဇင်ထိုက်က အသစ်တွေကို ပွဲမထုတ်ရဲ၊ မရင်းနှီးရဲသေးတဲ့အပေါ် သူ့ရဲ့ အမြင်ကိုလည်း အခုလိုဆိုပါတယ်။

“အဲဒါကဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဦးနှောက်ထဲမှာ အဆိပ်ခတ်ခံထားရတယ်။ အဲဒါက အနုပညာဆိုတာ ဖျော်ဖြေရေးလို့ဆိုတဲ့ အဆိပ်ခတ်ခံထားရတယ်။ တကယ်တော့ ဒါဟာဖျော်ဖြေရေးမဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုနဲ့လုပ်ရတဲ့ စီးပွားရေးတခုဖြစ်တယ်။ အဲဒီလုပ်ငန်းမှာ Marketing ကအရေးကြီးတယ်။ မြန်မာပြည်ကလူတွေက Marketing ကိုသိပ်မသိကြဘူး။ Marketing သမားကပိုက်ဆံပြန်ရှာရတာ”

“Marketing သမားက Distribution ကိုကောင်းကောင်းမြေပုံချပြီး တနေရာနဲ့တနေရာ၊တနိုင်ငံနဲ့တနိုင်ငံဖြန့်ရမယ့် Strategy ရှိရတယ်။ Strategy လည်းနားမလည်ဘူး။ Marketing Planလည်းမရှိဘူးဆိုရင်တော့ ဒီလိုပဲပေါ်ပင်ပဲဖြစ်နေမှာပဲ”လို့ ဆွေဇင်ထိုက်က ဆိုပါတယ် ။

The post အနုပညာကိုဖျော်ဖြေရေးလို့ အဆိပ်ခတ်ခံထားရတယ် ဆိုပြီး အကယ်ဒမီဆွေဇင်ထိုက်ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်