Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဥပါဒါန်ဇာတ်ကားနဲ့ အကယ်ဒမီရခဲ့ရင် အလှူတွေလုပ်မယ့် ဒါရိုက်တာ ဗန်းကြီး

$
0
0

ဗုဒ္ဓဘာသာအတွက်ရည်ရွယ်ပြီး ရိုက်ကူးခဲ့တဲ့ “ဥပါယ်ဒါန်” ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့ရင် သာသနာအတွက် အလှူအတန်းတွေလုပ်ပြီး သစ္စာဆိုဖို့ရှိတယ်လို့ ဒါရိုက်တာဗန်းကြီးက ဆိုပါတယ်။

“ ဥပါယ်ဒါန်ကားကြီးကို ပရိသတ်တွေ အားပေးကြပြီး လက်ခံပေးတာ အရမ်းဝမ်းသာတယ်။ ဒါလည်း သာသနာက စောင့်ရှောက်တယ်လို့ပဲ သတ်မှတ်ပါတယ်။ ဒီကားကိုလည်း ဘာသာရေးအတွက် ဦးထိပ်ပန်ဆင်ပြီး ရိုက်ခဲ့တာ ဆိုတော့လေ။ ရတနာသုံးပါးက စောင့်ရှောက်တယ်ပဲမြင်ပါတယ်။ ဥပါယ်ဒါန်လိုပဲ နောက်တကားဖန်တီးထားတယ်။ ဥပါယ်ဒါန်ဇာတ်ကား အကယ်ဒမီရခဲ့ရင်တော့ ကျနော်သာသနာအတွက် အလှူအတန်းတွေလုပ်မယ်”

“ ရခဲ့ပြီဆိုရင် ဒီဆုကို သစ္စာဆိုဖို့ရှိပါတယ်။ သာသနာအတွက် ကျနော်သေသာသေသွားမယ်။ နာမည်မသေမယ့် အလုပ်တခုကျနော်လုပ်မှာပါ။ “အစိုးမရအနတ္တ”ဆိုတဲ့ ကားလေးရိုက်ထားတယ်။ မြတ်စွာဘုရားပွင့်တော်မူတာကနေစပြမှာ။ အနတ္တတရားကို ဘုရားက ဘယ်လိုဟောခဲ့တာလဲ။ ဘယ်သူတွေကို ဟောခဲ့တာလဲ။ အနတ္တတရားက ဘယ်လောက်အရေးကြီးလဲဆိုတာကို Animation နဲ့ ရိုက်ပြ သွားမှာ”

“မုန်တိုင်းအစစ်တွေပါမယ်။ မုန်တိုင်းကျတာကိုလည်းရိုက်ခဲ့ရတယ်။ အောက်တိုဘာ၂၁ရက်နေ့က မုန်တိုင်းကျ တယ်လေ ကွမ်းခြံကုန်းဘက်မှာ ရိုက်ဖို့လုပ်နေတုန်း မုန်တိုင်းအစစ်နဲ့တိုးပြီး ရိုက်ခဲ့တယ်”လို့ ဒါရိုက်တာဗန်းကြီးက ပြောပါတယ်။

ဒါရိုကတာ ဗန်းကြီးနဲ့ သရုပ်ဆောင် ခိုင်ထူးသာ(ဓာတ်ပုံ – ဒါရိုက်တာဗန်းကြီးဖေ့စ်ဘုတ်)

ဒီဇတ်ကားမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ခိုင်ထူးသာကလည်း သရုပ်ဆောင်သစ်တယောက် အနေနဲ့ အကယ်ဒမီကိုမမျှော်လင့်ထားဘူးလို့ဆိုပါတယ်။

“ ဥပါယ်ဒါန်ဇာတ်ကားထဲက ဇာတ်ကောင်အတွက် ကျနော်စိတ်လှုပ်ရှားပါတယ်။ သရုပ်ဆောင်အသစ်တယောက်အနေနဲ့ ကျနော်အများကြီး မျှော်လင့်မထားပါဘူး။ တကားတည်း ရတဲ့ ကံရှိလားမရှိလား မပြောတတ်ဘူး။ ရရင်တော့ အတိုင်း ထက်အလွန်ပါ ။ ဘာမှတော့ မမျှော်လင့်ထားပါဘူး။ အကယ်ဒမီဆိုတာ အဝေးကြီးမှာပဲလိုသေးတယ်လို့ ကျနော်အနေနဲ့ တွက်ထားပါ တယ်”

“ကျနော်အဲ့ကားမှာ ရဟန်းအစစ်နဲ့ တူအောင်သရုပ်ဆောင်စေချင်လို့ သရုပ်ဆောင်အသစ်ကို သုံးတာပေါ့။ ပရိသတ်တွေ ပေးတဲ့ရင်ထဲက အကယ်ဒမီနဲ့တင်ကျေနပ်နေပါပြီ၊ အကယ်ဒမီရစေချင်တာတော့ ဒါရိုက်တာ ကြီး ကိုရစေချင်တယ်။ ဒါရိုက်တာကြီးအတွက် မှတ်တိုင်တခုအနေနဲ့ရ စေချင်တယ်။ ကျနော်ဇာတ်လမ်းတွဲတွေရော ဇာတ်ကားတွေရော ရိုက်ဖို့တေါလည်း ရှိပါတယ်”လို့သရုပ်ဆောင် ခိုင်ထူးသာက ပြောပါတယ်။

“ဥပါဒါန်” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ဦးပဉ္ဇင်း ဝဏ္ဏသိရီအဖြစ် သရုပ်ဆောင်ထားတဲ့ ခိုင်ထူးသာကို ဒီဇာတ်ကားမှာ သရုပ်ဆောင်မှု ပီပြင်တဲ့အတွက် ပရိသတ်များက အားပေးလျက်ရှိပါတယ်။ ခိုင်ထူးသာက အပြင်မှာ ဆရာဝန်တဦးဖြစ်ပြီး ဥပါဒါန်ရုပ်ရှင်ကတော့ သူရဲ့ ပထမဆုံး ပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။

The post ဥပါဒါန်ဇာတ်ကားနဲ့ အကယ်ဒမီရခဲ့ရင် အလှူတွေလုပ်မယ့် ဒါရိုက်တာ ဗန်းကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...