Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှ လက်ထပ်မယ်”

$
0
0

Beauty Blogger နေခြည်ဦးကတော့ လက်ရှိချစ်သူနဲ့ လက်ထပ်ဖို့အတွက် နှစ်ယောက်စလုံး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်မှ လက်ထပ်ကြဖို့ ချစ်သူနဲ့တိုင်ပင်ထားတယ်လို့ ပြောပါတယ်။

“နှစ်ယောက်လုံးက ခရီးသွားရတာအရမ်းကြိုက်တယ်။ သူ့ကိုပြောဖူးတာတခုရှိတယ်။ တကယ်လို့သာ နင်နဲ့ငါနဲ့ အိမ်ထောင်ပြုဖြစ်ရင် နင်ဘာပိုင်ဆိုင်လဲလည်း ငါမသိချင်ဘူး။ ငါဘာပိုင်ဆိုင်လဲလည်း ငါမသိချင်ဘူး။ ငါတို့နှစ်ယောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အနေအထားတခုကျမှ လက်ထပ်မယ်ပေါ့” လို့ နေခြည်ဦးကပြောပါတယ်။

အခုလက်ရှိလုပ်နေတဲ့ Blogger အလုပ်ကိုလည်း လုပ်ရတာကိုပျော်နေပြီး ကိုယ်ပိုင်ပစ္စည်းလေးတွေလည်း လုပ်ချင်သေးတဲ့အတွက် အိမ်ထောင်ပြုဖို့က လိုပါသေးတယ်လို့ ဆိုပါတယ်။

“ဝေးပါသေးတယ်။ အခုနေခြည် Influencer လုပ်ရတာကိုပျော်တယ်။ စီးပွားရေးလည်းလုပ်တယ်။ စာအုပ်လေး လည်းထုတ်တယ်ဆိုတော့ နောက်ပိုင်းမှာလည်း Beauty By Nay chiကပစ္စည်းလေးတွေထုတ်ချင်တယ်။ မိဘအရိပ် ကလွတ်လွတ်ကင်းကင်းနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အချိန် မိဘကို အထောက်အပံ့ ပေးနိုင်တဲ့ အချိန်ရောက်မှပဲ အိမ်ထောင်ပြုတဲ့ဟာကို လုပ်ချင်ပါတယ်” လို့နေခြည်ဦးကပြောပါတယ်။

ချစ်သူက သူမရဲ့အလုပ်နဲ့ပတ်သက်ပြီး စတွဲစဉ်ကထက် ပိုပြီးတော့နားလည်မှုများ ပေးလာနိုင်ပြီး ပြောင်းလဲလာ ခဲ့တယ်လို့ သိရပါတယ်။

“နေခြည်က ဘာမှမပြောင်းလဲဘူး။ သူကပြောင်းလဲသွားတယ်။ သူကနေခြည့်ကို ပိုနားလည်လာတယ်။ သည်းခံလာ တယ်။ ဒီအလုပ်လုပ်တာ ယောကျ်ားလေးသူငယ်ချင်းတွေအများကြီးရှိတယ်။ အရင်တုန်းက သူကဒါတွေကို နားမလည်ပေးဘူး”

“ အခုနောက်ပိုင်းမှာ နေခြည့်နေပုံထိုင်ပုံ နေခြည့် Lifestyle ကိုသိလာတဲ့အတွက် နေခြည့်ယောကျ်ားလေး သူငယ်ချင်းတွေနဲ့ Night out ထွက်တာတို့ မုန့်သွားစားတာတို့ဆို နားလည်ပေးလာတယ်။ နေခြည်ကတော့ နားလည်မပေးနိုင်ဘူး။ သူစိမ်းကောင်မလေးတယောက်လာတာနဲ့ No ပဲ” လို့ နေခြည်ဦးကပြောပါတယ်။

နေခြည်ဦးနဲ့ သူမရဲ့ချစ်သူတို့ကတော့ Long Distance Relationship များဖြစ်ကြပြီး သူတို့ ၂ယောက်အတွက်ကတော့ ဝေးနေတာကပိုကောင်းပြီး ပိုချစ်ကြတယ်လို့ ပြောပါတယ်။

Beauty Blogger နေခြည်ဦးနဲ့ ချစ်သူ (ဓာတ်ပုံ – Nay Chi Oo’s Facebook)

“နေခြည်တို့ ၂ယောက်က ဝေးနေတာပိုကောင်းတယ်။ ဝေးနေတော့ သတိတွေရတယ်။ ဖုန်းတွေခေါ် ဗီဒီယို Call တွေပြောနဲ့။ နီးရင်သတ်ပြီပဲ။ အမြဲတမ်းတူတူပူးမနေတော့ အရမ်းတွေလွမ်းသတိတွေရနဲ့။ အမြဲတမ်းပူး နေရင်အဆင်မပြေဘူး” လို့နေခြည်ဦးကပြောပါတယ်။

ချစ်သူက နေခြည်ဦးထက်အသက်ငယ်ပြီး စိတ်ဆိုးကြတဲ့အခါမျိုးမှာတော့ နေခြည်ဦးက အရင်ချော့ရတယ်လို့ ပြောပါတယ်။

နေခြည်ဦးကတော့ Beauty Blogger စတင်လုပ်တဲ့အချိန်ကစတင်ပြီး လက်ရှိသရုပ်ဆောင်လုပ်နေတဲ့အချိန်ထိ ဝေဖန်မှုများစွာနဲ့အတူ ဖြတ်သန်းလာတဲ့သူတယောက်ဖြစ်ပြီး ချစ်သူနဲ့ပတ်သက်တဲ့ဝေဖန်မှုများစွာလည်းရှိနေခဲ့ပါတယ်။

The post “ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှ လက်ထပ်မယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ