Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အကယ်ဒမီပေးပွဲ ကျင်းပရန် နေရာရွေးချယ်နေဆဲဖြစ်

$
0
0

အနုပညာလောကသားတွေသာမက ပရိသတ်တွေပါ စောင့်မျှော်နေကြတဲ့ မြန်မာရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကို ယခင်က ရွှေထွဋ်တင် ကွင်မှာ ပြုလုပ်ဖို့ ပြင်ဆင်ထားရာက ယခုအခါမှာ နေရာပြောင်းပြီး ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး နေရာတော့ အသေအချာ မသိရသေးဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေးက ဧရာဝတီကို ပြောပါတယ်။

“အကယ်ဒမီပေးပွဲအတွက် နေရာကိုတော့ ရွေးနေတုန်းပါ။ မတ်လ၄ရက်နေ့မှာ မီဒီယာတွေကို နေရာ အတိအကျပြောပြ ပေးမှာပါ။ ကားနေရာအခက်အခဲတွေ ဖြစ်မှာစိုးတဲ့ အတွက် နေရာကိုရှာနေတာပါ။ ကျင်းပမယ့် ရက်ကတော့ မတ်လ၂၃ရက်သေချာပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာ ပြုလုပ်မယ့် ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ထူးချွန်ဆု (၁၁) ဆုကနေ (၁၃) ဆုကြားမှာ ပေးအပ်သွားမှာဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက အကယ်ဒမီပေးပွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“အကယ်ဒမီဆုက နှစ်စဉ်ပေးနေကြတဲ့အတိုင်း ၁၁ ဆုပေးမှာပါ။ ၁၁ဆုအပြင် မနှစ်က စတင်ပေးခဲ့တဲ့ ရုပ်ရှင်တသက်တာ ဆုအတွက်ကိုလည်း သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့ကိုက်ညီတဲ့ ပုဂ္ဂိုလ်ကြီးတွေရှိရင်ပေးမှာပါ။ အထူးဆုဆိုတာ ပေါ်ပေါက်လာရင်လည်း ၁၃ဆု ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အကယ်ဒမီထူးချွန်ဆုသည် ၁၁ ဆုကနေ ၁၃ဆုကြားမှာ ချီးမြှင့်သွားမှာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။

ထို့အပြင် အကယ်ဒမီ ဆုပေးပွဲမတိုင်ခင် ၂၀၁၈ခုနှစ်အတွင်း ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးများကို ရွေးချယ် ကြည့်ရှုခဲ့ရာ ရုပ်ရှင်ဇာတ်ကား (၂၅) ကားထွက်ပေါ်လို့ လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် တနှစ်လုံး ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား (၈၃) ကားအနက်မှ ဒုတိယအကြိမ် ထပ်မံကြည့်ရှုမယ့် ရုပ်ရှင်ဇာတ်ကား (၂၅) ကားကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ထိုရုပ်ရှင်ဇာတ်ကား (၂၅) ကားကတော့ “မိုးပန်းပွင့်တို့ရဲ့သင်္ကေတ၊ “ကာဗွန်ဒိုင်အောက်ဆိုဒ်၊ “ဝိညာဉ်စိမ်း၊ “ဒုဋ္ဌဝတီကိုလွန်၍၊ “ငါ့ကိုနမ်းတဲ့မုန်တိုင်း၊ “ငယ်ကျွန်၊ “ဥပါဒါန်၊ “မုန်းစွဲ၊ “ရွှေကြာ၊ “သမ္မတကြီးထံပေးစာ၊ “ပြည်ထောင်စုသစ္စာ၊ “ဇာတိမြေ၊ “မှော်ဝင်သမန်းကျား၊ “လရောင်ဖြာတဲ့အင်းလေးမှာ၊ “ဥပါယ်တံမျဉ်၊ “မုဒြာရဲ့ ခေါ်သံ”၊ “ကြတ်ဂူ၊ “နောင်တွင်ဥဒါန်း တွင်စေသတည်း၊ “ငဒူ၊ “မျက်နှာပြင်များ ၊ “မီ၊ “တိမ်တိုက်တံတား၊ “ရန်သူ၊ “သတို့သမီး၊ “ကိုယ်စောင့်နတ်” စတဲ့ ရုပ်ရှင်ဇာတ်ကားများ ဖြစ်ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား (၂၅) ကားတွေဟာ ဒုတိယအဆင့် ထပ်မံ ကြည့်ရှုမယ့် ရုပ်ရှင်ဇာတ်ကားများ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ အကယ်ဒမီဆုပေးပွဲကြီးတွင် ပေးအပ်မယ့် ဆုများအတွက် ထပ်မံ ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးကော်မတီကို ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင် လေးဆယ်ဦး ပါဝင်ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားများကို အကဲဖြတ် ကြည့်ရှုလျက်ရှိပါတယ်။

“ဒီ၂၅ကားကို နှစ်ကြိမ်ကြည့်ပြီးပြီ၊ အဲ့ကားတွေကိုပဲ သေချာကြည့်ပြီးရွေးချယ်ထားတာပါ။ ဆုကလည်း ဥက္ကဋ္ဌပြောထား တဲ့အတိုင်းပဲ အပြောင်းအလဲ မရှိဘူး။ ဘယ်သူရမယ်ဆိုတာလည်း မသိနိုင်ဘူး။ ဥက္ကဋ္ဌတောင်မသိနိုင်ဘူး။ အိတ်ဖောက် မှသိမှာ။ ဒီနှစ်အကယ်ဒမီက ပိုပြီးစနစ်ကျတယ်လို့ပြောလို့ရတယ်။ အရင်တွေတုန်းက လိုက်တာတို့ ဘာတို့ရှိတယ်။ လိုက်လို့ရတယ်ဆိုတာ သိက္ခာမရှိပါဘူး။ တော်လို့ရတယ်ဆိုတာပဲ ကောင်းပါတယ်။ ထိုက်တန်လို့ရတာ အကောင်းဆုံး။ ကားတွေကတော့ အရမ်းကောင်းတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့နာယက ဒါရိုက်တာပန်းချီစိုးမိုးက ဧရာဝတီကို ပြောပါတယ်။

The post အကယ်ဒမီပေးပွဲ ကျင်းပရန် နေရာရွေးချယ်နေဆဲဖြစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ