Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိဘမဲ့ကလေး ငါးယောက်ကို မွေးစားလိုက်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ

$
0
0

သရုပ်ဆောင် ခိုင်နှင်းဝေက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာပဲ မိဘမဲ့ ကလေး ၃ ဦးကို Mommy Cook Foundation ကနေ တရားဝင် မွေးစားခဲ့ပြီး ဒါနဲ့ပတ်သက်လို့ ဧရာဝတီကို အခုလိုဆိုပါတယ်။

“အစ်မရှင်ငြိမ်းမယ်ဆီက သွားလည်ရင်း လိုအပ်တာတွေသွားလှူတော့ ကလေးသုံးယောက်ကို တွေ့တယ်။ ကလေးသုံး ယောက်ကို လာစွန့်သွားတာတဲ့။ ကလေးတွေကို အစ်မရှင်ငြိမ်းမယ်က သူ့မှာလည်း ကလေးတွေ များနေတော့ ဘယ်ပို့ ရမှန်းမသိဘူးတဲ့။ အဲ့ဒါနဲ့ ကျမ ကလည်းမပို့နဲ့။ အစ်မမနိုင်ရင် မွေးပေးမယ်လို့ပြောလိုက်တာ။ နောက်ကလေးအမြွှာ နှစ်ယောက် ထပ်ရောက်လာတယ်။ ကလေးက ၅ယောက်ပါ”

“ ကလေးတွေကို သနားလို့မွေးရာကနေ ဂေဟာဆောက်မယ်လို့ စဉ်းစားဖြစ်ခဲ့တယ်။ ဆောက်ချင်ခဲ့တာကြာပါပြီ၊ အခုတော့ ၇ရက်သားသမီးအလှူတွေနဲ့ ဆောက်နိုင်အောင်ကြိုးစားမယ်။ မဆောက်နိုင်ခင် အတွင်းမှာ ဒီကလေးတွေကို အိမ်မှာ ခေါ်ထားမယ်။ နောက်မှ အခန်းလေးရှာပြီး သူတို့လေးတွေကို ထားမယ်။ သူတို့ကို မေတ္တာတရားပေးချင်တယ်”

“ကျမ ကလေးထိန်းတွေနဲ့ အိမ်အကူတွေနဲ့ သူတို့ကို စောင့်ရှောက် ပေးမယ်။ သူတို့ဟာ မိဘမဲ့လုံးဝမဟုတ်ဘူး။ သူတို့မှာ အမေရှိတယ်။ အမေလည်း ကျမပဲ၊ အဖေဆိုလည်း အသင်းမှာ လူကြီးတွေရှိတယ်။ ကလေးတွေ အတွက် မိစုံဖစုံရှိတယ်ဆိုတဲ့ စိတ်နဲ့ ခေါ်ယူလိုက်တာပါ”လို့ ခိုင်နှင်းဝေကပြောပါတယ်။

အဲ့ဒီနောက် ကလေးတွေကိုလည်း ပညာတတ်ကြီးတွေ ဖြစ်အောင် ပျိုးထောင်ပေးမယ်လို့ဆိုပြီး ကလေးတွေရဲ့ အနာဂတ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစား စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။

“သားလေးတွေ နေဖို့ အိမ်လေးတလုံးဆောက်နိုင်ပြီး သားလေးတို့ကို ပညာတတ်ကြီးဖြစ်အောင် ကျောင်းထားနိုင်အောင် သားလေးတို့ ဆာလောင်မှုဒဏ်ကို မခံစားရခင် ကျွေးနိုင်အောင် ရှိတဲ့အားတွေနဲ့ အားတင်းပြီး ရှေ့ဆက်မှာပါ။ သားတွေ အနာဂတ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ”

“ကလေးမွေးရင် တယောက်ပဲမွေးနိုင်မှာ ကိုယ့်မှာ အခုတော့ သားသမီးတွေ အများကြီးရှိနေပါပြီ၊ နောက်ထပ်လည်း စွန့်ပစ်ကလေးတွေကိုမွေးစားသွားဦးမှာပါ။ အနုပညာလှုပ်ရှားမှု အနေနဲ့ ဇာတ်ကားတွေရိုက်ဖို့လည်းရှိတယ်။ ဟောပြောပွဲတွေလည်းသွားပြောဖို့ ရှိပါတယ်”လို့ ခိုင်နှင်းဝေကပြောပါတယ်။

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ မရှိနွမ်းပါးတဲ့ ဆင်းရဲသား များကိုလည်း တဖက် တလမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။

ခိုင်နှင်းဝေဟာ အနုပညာသက်တမ်း ၁၈နှစ် ရှိပြီဖြစ်ပြီး ကလေးသူငယ် လူကုန်ကူးမှုတားဆီးရေး အထူး သံတမန် အဖြစ်လည်း ခန့်အပ်ခံထားရသူတဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင့် ၂၀၁၇ ခုနှစ်အတွက် အထူးချွန်ဆုံး မြန်မာအမျိုးသမီးဆုကိုလည်း ရရှိထားပါသေးတယ်။

The post မိဘမဲ့ကလေး ငါးယောက်ကို မွေးစားလိုက်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...