Quantcast
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင်လုပ်ဖို့ စတင်နေပြီဖြစ်တဲ့ အဆိုတော်ပန်းရောင်ခြယ်

အဆိုတော်ဂရေဟမ်ရဲ့ သမီးတဦးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့ သီချင်းလေးတွေကြောင့် ပရိသတ်ရဲ့ရင်ထဲကိုရောက်လာခဲ့ပြီး နောက်ပိုင်းမှာဆိုရင်လည်း သီချင်းဆိုတာအပြင် သရုပ်ဆောင်အလုပ်ကိုလည်း လုပ်သွားဖို့ စိတ်ကူးထားတယ်လို့ ပြောပါတယ်။

“အနုပညာနဲ့ပတ်သက်ရင် အကုန်လုံးကို မြတ်နိုးပါတယ်။ သီချင်းဆိုတာ ကတာ သီချင်းရေးတာ၊ သရုပ်ဆောင်တာ။ အခုတော့ပန်းရောင် နောက်ပိုင်းမှာ သရုပ်ဆောင်မှုတွေကို လုပ်သွားဖို့အတွက် စဉ်းစားထားတာရှိပါတယ်။ အခုတော့ ဆွေးနွေးတိုင်ပင်တာတွေတော့ရှိတယ်။ သရုပ်ဆောင်ဖို့အတွက်။ ပန်းရောင်အရင်ဆုံးသရုပ်ဆောင်မယ့် ကာရိုက်တာ ကိုတော့ ပန်းရောင်နိုင်တဲ့ကာရိုက်တာပဲ သရုပ်ဆောင်ဖြစ်မယ်ထင်တယ်။ အရမ်းတော့ကြိုးစားရမယ်။ လွယ်တော့မလွယ်ဘူး” လို့ပန်းရောင်ခြယ်က ပြောပါတယ်။

ကြော်ငြာများနဲ့ သူမရဲ့ Music Video မှာပါဝင် သရုပ်ဆောင်ခဲ့ဖူးတဲ့ ပန်းရောင်ခြယ်ရဲ့ သရုပ်ဆောင်တဲ့ ပုံစံကိုလည်း ပရိသတ်များက အသိအမှတ်ပြု သဘောကျခဲ့ကြပါတယ်။

ဖခင်ဖြစ်သူ အဆိုတော်ဂရေဟမ်နဲ့ တွဲကာသီချင်းခွေတခွေထုတ်ခဲ့ရာမှာ ပရိသတ်ချစ်တဲ့အဆိုတော် တယောက်ဖြစ်ခဲ့ပြီး ယခုနောက်ပိုင်းမှာလည်း သူမကိုယ်ပိုင် တကိုယ်တော်အခွေထွက်ဖို့အတွက် ပြင်ဆင်နေပါတယ်။

“အခွေအတွက်က တချို့သီချင်းတွေက အချောသတ်ဖို့လိုတယ်ပေါ့။ Mixing ဆွဲဖို့အတွက်လည်း ကျန်သေးတယ်။ သြင်္ကန်အပြီးလောက်ထွက်ဖြစ်မယ်ထင်ပါတယ်။ ကိုယ့်ဘာသာကိုယ် အရမ်းအားရကျေနပ်မှုတော့မရှိပါဘူး။ အရင်ကတည်းကလည်း စဉ်းစားဖူးတယ်။ ဒီထက်စောပြီးတော့ သီချင်းတွေများများရေးခဲ့ရင် အခုချိန်လောက်ဆို အခုထက်ပိုပြီးတော့ အတွေ့အကြုံရှိမယ်”

“များများပိုရေးလေ ကောင်းကောင်းထွက်လာလေလို့ထင်တယ်။ ကိုယ်ပိုင်အတွေ့အကြုံအရပြောရရင်ပေါ့။ အရမ်းကြီးတော့ အားရကျေနပ်မှုမရှိသေးပါဘူး။ ဆက်ပြီးတော့ ကြိုးစားနေတုန်းပါ။ ခံစားချက်မျိုးစုံပါပဲ သီချင်းတွေက” လို့ပန်းရောင်ခြယ်ကပြောပါတယ်။

ပန်းရောင်ခြယ်ကတော့ သြစတြေးလျနိုင်ငံမှာ ကျောင်းတက်နေရင်းနဲ့ ခွင့်ယူကာ မြန်မာနိုင်ငံတွင် အနုပညာအလုပ်များလာရောက်လုပ်ကိုင်နေတာဖြစ်တာကြောင့် လုပ်ခွင့်ရတဲ့အချိန်မှာ ကြိုးစားလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

“ပန်းရောင် သြစတြေးလျမှာတက်နေတဲ့ အာခီတက်က First Year နဲ့ထွက်လာတာ။ ကျောင်းကနေ တရားဝင်ခွင့် ယူလာတယ်။ ကျောင်းကလည်းခွင့်ပေးတယ်။ ပုံမှန်ဆိုရင်တော့ အွန်လိုင်းကနေ ဆက်တင်ဖြစ်တယ်။ အခုကျတော့ တတိယနှစ်ထဲမှာဆိုတော့ ခွင့်ယူထားတာကို ကျောင်းကတော့ပြောတယ်။ ဒီမှာ အေးဆေးအလုပ်လုပ်လို့ရတယ်။ အချိန်မရွေးပြန်လာလို့ရတယ်။ ပြန်လာရင်တော့ ပြန်လာတဲ့အကြောင်းကြားပြီး တက်ခဲ့တဲ့နေရာကနေ ဆက်ပြီး တက်ရုံပဲပေါ့။ အခုကတော့ ခွင့်ယူထားတယ်ပေါ့ ” လို့ ပန်းရောင်ခြယ်ကပြောပါတယ်။

အနုပညာအလုပ်များကို လုပ်ခွင့်ရတဲ့အချိန်မှာ လုပ်ကိုင်နေသလို ပညာရေးအတွက်လည်း ဆုံးခန်းတိုင်အောင် ဆက်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

The post သရုပ်ဆောင်လုပ်ဖို့ စတင်နေပြီဖြစ်တဲ့ အဆိုတော်ပန်းရောင်ခြယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...