Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကျက်သရေရှိတဲ့ ဖက်ရှင်နဲ့ Paris Fashion Week ကို တက်ရောက်ခဲ့တဲ့ မင်းသမီး ပတ်ရှင်ဟေး

$
0
0

ကိုရီးယားမင်းသမီး ပတ်ရှင်ဟေးဟာ မကြာသေးခင်တုန်းက ပဲရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Fashion Week ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲကို တက်ရောက်စဉ်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ သူ့ရဲ့ ကျက်သရေ ရှိတဲ့ လှပမှုကို မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းကျုံးဖမ်းစားသွားနိုင်ခဲ့ပါတယ်။ အဲဒီ ပုံတွေဟာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က အွန်လိုင်းပေါ်မှာ ပျံ့နှံံ့နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဓာတ်ပုံတွေထဲမှာတော့ မင်းသမီး ပတ်ရှင်ဟေးဟာ အသက်အရှုမှားလောက်တဲ့ သူ့မျက်နှာပေါ်က အပြုံးတွေက ကင်မရာကို ကြည့်နေခဲ့တာ မြင်တွေ့ခဲ့ကြရပါတယ်။ ဒါပေမယ့် ထူးထူးထူးခြားခြား ပရိသတ်တွေ သတိထားမိတာက သူ့ရဲ့ချစ်စဖွယ် အပြုံး မဟုတ်ဘဲ သူ့မျက်နှာလေးနဲ့ တော်တော်လေးကို လိုက်ဖက်တဲ့ ဆံပင်ပုံစံ အသစ်ပဲ ဖြစ်ပါတယ်။

အခုလိုမျိုး ဂုတ်ဝဲ ဆံပင်ပုံစံ၊ မျက်လုံးကြီးကြီးနဲ့ မိန်းမဆန်တဲ့ မေးရိုးပုံစံတွေက လှတယ်ဆိုတဲ့ စကားထက် ပိုပြီး လှနေတာကို တွေ့ရပါတယ်။ မင်းသမီး ပတ် ဝတ်ဆင်ထားခဲ့တာက အနီရောင်ဝတ်လွှာ ဆွယ်တာနဲ့ အဝါရောင် စကပ်တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေနားကွင်းကြီးကြီးနဲ့ ကြီးမားတဲ့ ခါးပတ်တို့က သူ့ရဲ့ ပြင်ပ ဝတ်စုံ အလှကို ဖြည့်စွက်ပေးနေပါသေးတယ်။

Paris Fashion Week ကို တက်ရောက်ခဲ့တဲ့ မင်းသမီး ပတ်ရှင်ဟေး

သူ့ရဲ့ ကျက်သရေရှိပြီး ခေတ်မီဆန်းပြားတဲ့ ဖက်ရှင်ပုံစံကို မြင်တွေ့ခဲ့ကြရတဲ့ သူ့ရဲ့ ပရိသတ်တွေကတော့ တခမ်းတနား ချီးမွမ်းခန်း ဖွင့်ခဲ့ကြပါတယ်။

ပရိသတ်တွေက “ကျမက သူနဲ့ ဘယ်တော့မှာတူမှာ မဟုတ်ဘူး ဆိုတာကို သိတယ်။ ဒါပေမယ့် အခုတော့ ကျမရဲ့ ဆံပင်ကို ညှပ်ချင်လာပြီ။”၊ “အဲဒါ ဓာတ်ပုံလား။ သူ့ရဲ့လှပတဲ့ မျက်နှာကနေ အလင်းရောင်ထွက်နေတာ မြင်ရတယ်။” ၊ “ကျနော့်ရဲ့ မင်းသမီးလေး” စသဖြင့် မှတ်ချက်ပြု ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ မင်းသမီး ပတ်ရှင်ဟေးဟာ လက်ရှိမှာတော့ “Memories of the Alhambra” ဇာတ်လမ်းတွဲပြီးတဲ့နောက် နောက်ထပ် ဇာတ်လမ်းရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Ref : SBS

The post ကျက်သရေရှိတဲ့ ဖက်ရှင်နဲ့ Paris Fashion Week ကို တက်ရောက်ခဲ့တဲ့ မင်းသမီး ပတ်ရှင်ဟေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...