Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တောင်ကိုရီးယားမှာ ပရိသတ်အားပေးမှု ရနေတဲ့ ဗီယက်နမ်ရုပ်ရှင် “Hai Phuong”

$
0
0

တောင်ကိုရီးယားနိုင်ငံရဲ့ Lotte Cultureworks ကနေ ငွေကြေးထည့်ဝင်ပြီး ထုတ်လုပ်ထားတဲ့ ဗီယက်နမ် ရုပ်ရှင်တခုဟာ ကိုရီးယားမှာာတော့ တော်တော်လေး ဝင်ငွေကောင်းနေခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်မှာ စတင်ရုံတင်ပြသခဲ့တဲ့ “Hai Phuong” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့အထိ ရုပ်ရှင်ကြည့်ပရိသတ် ၁ ဒဿမ ၇၃ သန်းကို ဆွဲဆောင်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြသခဲ့တဲ့ ၁၀ ရက်အတွင်းမှာပဲ ခန့်မှန်းထားတဲ့ ပရိသတ်ပမာဏ ၁ ဒဿမ ၀၂ သန်းကို ကျော်လွန်သွားခဲ့တာဖြစ်တယ်လို့ Lotte Group ရဲ့ ရုပ်ရှင်ရုံဌာနခွဲက ဆိုပါတယ်။ အဲဒီ ရုပ်ရှင်ဟာ ဗီယက်နမ်နိုင်ငံမှာတော့ တတိယမြောက် လူကြည့်အများဆုံး R-rated အဆင့်အက်ရှင် ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

လက်ရှိအခြေအနေသာ ဆက်လက်အားကောင်းနေဦးမယ်ဆိုရင်တော့ အဲဒီ့ရုပ်ရှင်ဟာ ပရိသတ် ၂ သန်းကျော်လောက်အထိ ဝင်လာနိုင်ပြီး ဒုတိယမြောက်လူကြည့်အများဆုံး ရုပ်ရှင် ဖြစ်လာနိုင်ပါတယ်။ Lotte ရဲ့အဆိုအရ အဲဒီ့အက်ရှင်ရုပ်ရှင်ရဲ့ ဈေးကွက်ထဲမှာ အောင်မြင်မှုဟာ အချစ်နဲ့ ဟာသဇာတ်မြူးရုပ်ရှင်တွေကို ကျော်တက်သွားနိုင်တဲ့ မှတ်သွားဖွယ်ကောင်းတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်အကြောင်းအရာကတော့ ရာဇဝတ်ဂိုဏ်းတခုရဲ့ ပြန်ပေးဆွဲတာ ခံလိုက်ရတဲ့ မိန်းကလေးရဲ့ မိခင်က သူ့သမီးကို ကယ်တင်ဖို့ ကြိုးစားတဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဗီယက်နမ်ရိုးရာ ကိုယ်ခံသိုင်းပညာ Vovinam နဲ့ ဟောလိဝုဒ်စတိုင် အက်ရှင်တို့ကို ပေါင်းစပ်ထားတဲ့အတွက် ဗီယက်နမ် နိုင်ငံသားတွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ ရုပ်ရှင်ကို မြောက်အမေရိကဒေသမှာလည်း အခုလထဲမှာ ပြသဖို့ စီစဉ်ထားပါတယ်။ Lotte Cultureworks ဟာ ၂၀၁၇ ခုနှစ်ကစလို့ “Along With the Gods” ရုပ်ရှင်စီးရီး၊ “Be With You” နဲ့ “Rampant” တို့လိုမျိုး ကိုရီးယားရုပ်ရှင်တွေနဲ့ အစပြုလို့ ဗီယက်နမ်မှာ ရုပ်ရှင်တွေ ဖြန့်ဖြူးပေးခဲ့တာပါ။

Lotte ကနေပဲ ငွေကြေး စိုက်ထုတ် ရိုက်ကူးခဲ့တဲ့ ပထမဆုံး ဗီယက်နမ်ရုပ်ရှင် “Daddy Issue” ဟာ ပြီးခဲ့တဲ့ နှစ်၊ ဒီဇင်ဘာလမှာ ပရိသတ် ၁ သန်းလောက် လာရောက်ကြည့်ရှုခဲ့ပြီး ဝင်ငွေဒေါ်လာ ၂ ဒဿမ ၆ သန်းရရှိခဲ့ပါတယ်။

Ref : Yonhap

The post တောင်ကိုရီးယားမှာ ပရိသတ်အားပေးမှု ရနေတဲ့ ဗီယက်နမ်ရုပ်ရှင် “Hai Phuong” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...