ကိုယ်ပိုင် စီးပွားရေးတခုနဲ့ အောင်မြင်တဲ့ လုပ်ငန်းရှင်တယောက်ဖြစ်ဖို့ဆိုတာ တကယ်တမ်းတော့ ထင်သလောက် မလွယ်ကူပါဘူး။ လူငယ်စီးပွားရေးသမား အများစုဟာ အသက် ၂၀ ကျော်ဝန်းကျင်တွေလောက်သာ ရှိကြပြီး အခုဖော်ပြပေးမှာကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေကြတဲ့ အသက်အငယ်ဆုံး စီးပွားရေးသမား ဆယ်ကျော်သက်တွေပဲ ဖြစ်ပါတယ်။
(၁) Joelle Joanie Siwa (JoJo Siwa)
JoJo Siwa လို့ခေါ်တဲ့ အသက် ၁၅ နှစ်အရွယ် အဆို၊ အကတော်သူ ကောင်မလေးဟာဆိုရင် ကလေး ပရိသတ်တွေရဲ့ အသည်းစွဲ Youtuber တဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ပိုင်ဒီဇိုင်း ဖဲပြားခပ်ကြီးကြီးတွေနဲ့ အလှပြင်ပစ္စည်းတွေကို JoJo Collection ကနေ ဖြန့်ဝေနေခဲ့တာဖြစ်ပြီး ၁၂ မီလျံကျော်အထိ ချမ်းသာကြွယ်ဝမှု ရှိနေသူတဦးလည်း ဖြစ်ပါတယ်။
(၂) Mikaila Ulmer
အသက် ၉ နှစ် အရွယ်လောက်ကတည်းက Me & the Bees ဆိုတဲ့ ကိုယ်ပိုင် အချိုရည် Brand တခုကို မိဘတွေရဲ့ အကူအညီနဲ့ တည်ထောင်ခဲ့သူပဲဖြစ်ပြီး အခုဆိုရင်တော့ သူမ ထုတ်လုပ်တဲ့ ဒီအချိုရည်ဟာ အမေရိကန်ရဲ့ စူပါမားကတ်တွေမှာ အရောင်းရဆုံး အချိုရည်စာရင်း ဝင်နေပြီလည်း ဖြစ်ပါတယ်။ အချိုရည်တွေရောင်းရငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဆင်းရဲသားတွေကို ထောက်ပံ့ပေးတဲ့ ဂေဟာတွေကို လှူဒါန်းနေခဲ့တာပဲဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၁ မီလျံကျော်အထိ ကြွယ်ဝနေသူပဲ ဖြစ်ပါတယ်။
(၃) Ryan
အသက် ၇ နှစ်သာ ရှိသေးတဲ့ Ryan ဟာဆိုရင်တော့ ကစားစရာတွေကို Youtube မှာ Review လုပ်ပေးနေသူတဦးပဲ ဖြစ်ပါတယ်။ Youtube မှာ Subscriber ၁၈ မီလျံကျော်အထိ ရှိတဲ့ Ryan ဟာ သူ့ရဲ့ Ryan Toys Review ကနေ တနှစ်ကို အမေရိကန်ဒေါ်လာ ၁၁ မီလျံကျော်အထိ ဝင်ငွေ ရရှိနေသူတဦးလည်း ဖြစ်ပါတယ်။
(၄) Cory Nieves
Mr. Cory’s Cookie ရဲ့ CEO ဖြစ်တဲ့ Cory Nieves ကတော့ အသက် ၆ နှစ်လောက်ကတည်းက မိဘတွေရဲ့ အကူအညီနဲ့ ကွတ်ကီးတွေကို ထုတ်လုပ်ရောင်းချနေသူ တဦးလည်း ဖြစ်ပါတယ်။ သဘာဝ Home Made ကွတ်ကီး အမျိုးအစား ၄ မျိုးလောက်ကို ထုတ်လုပ်ရောင်းချနေတာပဲ ဖြစ်ပြီး သူ့ရဲ့အသားတင်ချမ်းသာမှုကတော့ ဒေါ်လာ ၁ မီလျံကျော်ခန့်ရှိတာပဲ ဖြစ်ပါတယ်။
Ref : www.careeraddict.com
The post ကိုယ်ပိုင် စီးပွားရေးတခုနဲ့ အောင်မြင်နေကြတဲ့ အသက်အငယ်ဆုံး စီးပွားရေးသမားများ appeared first on ဧရာဝတီ.