Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Maleficent 2” ရုပ်ရှင်မှာ ဗီလိန်အဖြစ် မြင်တွေ့ရဦးမယ့် အန်ဂျလီနာဂျိုလီ

$
0
0

မင်းသမီး အန်ဂျလီနာဂျိုလီဟာ မကြာမီပြသတော့မယ့် Disney ရဲ့ live-action အမျိုးအစား “Maleficent” နောက်ဆက်တွဲရုပ်ရှင်မှာ အရင်ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်နေရာကနေပဲ ပြန်လည်ပါဝင်ဦးမှာဖြစ်ပါတယ်။ Disney ဟာ မင်းသမီး ဂျိုလီပါဝင်ထားတဲ့ ပထမဆုံးပရိုမိုးရှင်းပိုစာတခုကို ဖြန့်ချိခဲ့ပြီး တောင်ပံတစုံနဲ့အတူ ကြောက်မက်ဖွယ် လှပနေတဲ့ ဂျိုလီရဲ့ပုံရိပ်ကို မြင်တွေ့ကြရမှာပါ။

ရုပ်ရှင်တရားဝင်ပြသမည့် ရက်ကိုတော့ ၂၀၂၀ ခုနှစ်၊ မေလ ၂၉ ရက်အစား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ဆိုပြီး သတ်မှတ်ထားပါတယ်။ Disney ကတော့ သူတို့ရဲ့ Twitter အကောင့်မှာ အဲဒီ့ရုပ်ရှင်နာမည်ကို “Maleficent: Mistress of Evil” လို့ နာမည်ပေးထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မင်းသမီး ဂျိုလီဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင် “Sleeping Beauty” မှာ ဗီလိန်တဦးအနေနဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူသိပ်ချစ်ရတဲ့အမျိုးသားတယောက်ရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတဲ့ နတ်သမီးက အဲဒီ့အမျိုးသားရဲ့ သမီးဖြစ်သူ Aurora ကိုပစ်မှတ်ထားပြီး ကလဲ့စားချေမယ့်သူအဖြစ် ပါဝင်ထားတာပါ။ Aurora အဖြစ် မင်းသမီး Elle Fanning က ပါဝင်ထားပါတယ်။ အဲဒီ့ရုပ်ရှင်ဟာ တော်တော်လေး အောင်မြင်ခဲ့ပြီး ရုံဝင်ငွေစာရင်းမှာ ဒေါ်လည ၇၅၈ သန်းရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာတော့ Disney ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပိုစတာကို ဖြန့်ခဲ့ပြီး ရုပ်ရှင်နာမည်ကို Maleficent: Mistress of Evil ဆိုပြီး ပထမဆုံး စတင်ဖော်ပြလာခဲ့ပါတယ်။

အခုလာမယ့် အောက်တိုဘာလမှာ ရုံတင်မှာဖြစ်တဲ့အတွက် ဒီနှစ်ရဲ့ ဟောလိုးဝင်းပွဲတော်နဲ့လည်း တိုက်ဆိုင်နေပြီး The Addams Family ရုပ်ရှင်နဲ့ နာမည်မပေးရသေးတဲ့ Blumhouse သည်းထိတ်ရင်ဖိုရုပ်ရှင်တွေနဲ့လည်း ထိပ်တိုက် တွေ့ဆုံမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မေလတုန်းက မင်းသမီး Elle Fanning ဟာ မင်းသမီး ဂျိုလီနဲ့အတူ ရိုက်ကူးထားတဲ့ Selfie ဓာတ်ပုံတခုကို တင်ခဲ့ပါသေးတယ်။

အခုအထိတော့ မကြာမီရုံတင်တော့မယ့် နောက်ဆက်တွဲ ရုပ်ရှင်ရဲ့ဇာတ်ကြောင်းကို မသိရသေးပေမယ့် ဇာတ်ကောင်တွေရဲ့ ဝတ်စုံနဲ့ ပုံပန်းသွင်ပြင်တွေဟာဆိုရင် ပရိသတ်ကို တော်တော်လေး ဆွဲဆောင်ခဲ့တာ တွေ့ရပါတယ်။

Ref: harpersbazaar

The post “Maleficent 2” ရုပ်ရှင်မှာ ဗီလိန်အဖြစ် မြင်တွေ့ရဦးမယ့် အန်ဂျလီနာဂျိုလီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...