Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အပြင်မှာလည်း အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြတဲ့ အနုပညာရှင်များ

$
0
0

ပရိသတ်တချို့ သတိမထားမိပေမယ့် တက်တူးဆင်တူ ထိုးတာတဲ့ အနုပညာရှင်တွေ၊ တအိမ်တည်းမှာ အတူတူနေကြတဲ့ အနုပညာရှင်တွေ စသဖြင့် အပြင်လောကမှာလည်း တယောက်နဲ့ တယောက် အရမ်းချစ်ကြတဲ့ ကမ္ဘာကျော် မင်းသား၊ မင်းသမီးတွေ ရှိပါတယ်။

ရုပ်ရှင်အတူရိုက်ရင်း တယောက်အကြောင်း တယောက် အရမ်းသိပြီး အမြဲတတွဲတွဲ လုပ်နေကြသူတွေကလည်း အများကြီးပါ။ ဒီတခါ ဖော်ပြပေးမှာကတော့ အပြင်မှာလည်း အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ကမ္ဘာကျော်တွေပဲ ဖြစ်ပါတယ်။

(၁) Jennifer Lawrence နဲ့ Emma Stone

သူတို့နှစ်ယောက်လုံးရဲ့ သူငယ်ချင်းဖြစ်တဲ့ Woody Harrelson ကြောင့် ခင်ခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ အခုဆိုရင် လူမြင်ကွင်းကို အတူတကွ သွားလာနေကြတာကို တွေ့ရပါတယ်။ ပွဲတွေကို အတူတူ တက်လေ့ရှိပြီး နှစ်ယောက်ပေါင်းပြီး သောင်းကျန်းတဲ့ နေရာမှာ ဘယ်သူမှ မမှီဘူးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ပြောကြပါတယ်။

(၂) Snoop Dogg နဲ့ Martha Stewart

The Martha Stewart Show မှာ စတင်တွေ့ရှိခဲ့တဲ့ သူတို့နှစ်ဦးရဲ့ သူငယ်ချင်း သက်တမ်းကတော့ ၁၀ နှစ်ကျော်ခဲ့ပါပြီ။ ၂၀၁၆ ခုနှစ်ကစပြီး သူတို့နှစ်ဦးရဲ့ ကိုယ်ပိုင် အချက်အပြုတ် ရုပ်သံရှိုးတခုကို အတူလုပ်ခဲ့ကြပါသေးတယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုကို Snoop Dogg က “ကျနော့် ဘဝမှာ ဒီလို သူငယ်ချင်းမျိုး တခါမှ မရခဲ့ဘူးပါဘူး။ သူနဲ့ ကျနော်က အရမ်း အတွဲညီတယ်” လို့ အင်တာဗျူးတခုမှာ ဖြေခဲ့ပါသေးတယ်။

(၃) Kate Winslet နဲ့ Leonardo DiCaprio

Titanic ရုပ်ရှင်ကို ရိုက်ပြီးကတည်းက အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်သွားတဲ့ Kate Winslet နဲ့ Leonardo DiCaprio တို့ရဲ့ ခင်မင်မှုက အရမ်းကို ကြာခဲ့ပါပြီ။ ဆုပေးပွဲတွေကို အတူတကွ တက်လေ့ရှိပြီး အချင်းချင်းအမြဲ အားပေးလေ့ ရှိတဲ့သူတွေ ဖြစ်ပါတယ်။

(၄) Ed Sheeran နဲ့ Courteney Cox

အဆိုတော် Ed Sheeran နဲ့ မင်းသမီး Courteney Cox တို့ဟာလည်း အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ Ed ဟာ Courteney Cox ရဲ့ ကမ်းခြေအိမ်မှာ နေလေ့ရှိပြီး အိမ်ငှားခလည်း မပေးရဘူးလို့ ဆိုပါတယ်။ Ed က အောင်သွယ်လုပ်ပြီး Courteney Cox ကိုလည်း အမျိုးသားတွေနဲ့ မိတ်ဆက်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။

Ref; brightside

The post အပြင်မှာလည်း အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြတဲ့ အနုပညာရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


ဘုရင့်နောင်မှ အုန်းပေါင်၊မိုးကောင်း၊မိုးနဲ ပြည်များကို သိမ်းပြီးနောက်...


TTA Oreo Gapp Installer


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်