Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Acid တံဆိပ်နဲ့ Limited Edition ပစ္စည်းများ ထုတ်လုပ် ရောင်းချနေတဲ့အကြောင်း အနဂ္ဂ ပြော

$
0
0

တချိန်က လူငယ်ပရိသတ်များကြားမှာ နာမည်ကျော်ကြားခဲ့ပြီး ယနေ့ထိ သူတို့ရဲ့လှုပ်ရှားမှုများ ၊ သီချင်းများကို မျှော်လင့်နေကြတဲ့ Acid အဖွဲ့ကတော့ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ Limited Edition ပစ္စည်းများထုတ်လုပ်ထားတယ်လို့ အဆိုတော် အနဂ္ဂက ပြောပါတယ်။

“Acid နဲ့ Stable Edge ချမ်းငြိမ်းကိုတို့နဲ့ ပေါင်းပြီး Acid Logo နဲ့ ပစ္စည်းလေးတွေ ထွက်ထားပါတယ်။ Hoodie က ကျနော်တို့ စထွက်ထွက်ချင်း Stage Show တုန်းကပုံနဲ့ ထုတ်တယ်။ နောက်ပြီးတော့ Polo Shirt ကို အရောင် ၃ ရောင်နဲ့ ထုတ်တယ်။ ထုတ်တဲ့အကြောင်းကတော့ ရန်ရန်ချန်းနဲ့ ချမ်းငြိမ်းကိုနဲ့က ဒီဖက်ရှင်တွေကို စိတ်ဝင်စားကြတယ်။ တခုခုလုပ်ကြမယ်ဆိုပြီး ချမ်းငြိမ်းကို,ကို ဝင်ကူပေးရင်းနဲ့ လုပ်ဖြစ်တာ” လို့ အဆိုတော် အနဂ္ဂက ပြောပါတယ်။

Acid Logo နဲ့ ဦးထုပ်ကို စတင်ထုတ်လုပ်ခဲ့ပြီးနောက်မှာတော့ Hoodie ၊ Polo Shirt ၊ Tee တို့ကို Limited Edition နဲ့ ထုတ်လုပ် ရောင်းချလျက် ရှိပါတယ်။

“အခုဆိုရင် ၃ မျိုး ၊ ၄ မျိုးလောက်ရှိပြီ။ နောက်ထပ်လည်း လုပ်ဖို့အတွက်တော့ စီစဉ်ပါတယ်။ ဒါပေမယ့်လည်း အချိန်တွေပေါ်မှာ မူတည်ပြီးတော့ ကြည့်ရတာပေါ့။ ပထမဆုံးထုတ်တဲ့ ဦးထုပ်ဆိုရင် ကျနော်တို့ limited Edition ထုတ်တယ်။ ထပ်ထုတ်ဖို့ပြောကြတယ်။ ဒါပေမယ့် ကျနော်တို့မထုတ်ဘူး။ ရောင်းကောင်းတယ် ဆိုပေမယ်လည်း ရောင်းကောင်းတဲ့နောက်ကို ကျနော်တို့မလိုက်ဘူး။ အလုံး ၁ ထောင် ထုတ်မယ်ဆို ၁ ထောင်ပဲ ထုတ်တယ်။ ကျနော့်ဆီမှာလည်း ၁ လုံးပဲ ကျန်တယ်။ ရန်ရန်ချန်းဆီမှာလည်း ၁ လုံးပဲ ကျန်တယ်” လို့ အနဂ္ဂကပြောပါတယ်။

အဆိုပါ Acid တံဆိပ်နဲ့ပစ္စည်းများ ထုတ်လုပ်တာကိုတော့ စီးပွားဖြစ်အနေနဲ့ လုပ်ဖြစ်မှာမဟုတ်ဘဲ ထပ်ထုတ်ဖြစ်မယ်ဆိုရင်လည်း ဈေးနှုန်းနည်းနည်းနဲ့ထုတ်ဖြစ်မယ်လို့ သိရပါတယ်။

“တကယ်လို့ ထပ်ပြီးတော့ ပစ္စည်းတွေထပ်ထုတ်မယ်ဆိုရင်လည်း ငွေ Amount နည်းနည်းနဲ့ ထုတ်မှာပါ။ စီးပွားဖြစ်အကြီးအကျယ်ကြီး လုပ်ဖို့အတွက် မစဉ်းစားပါဘူး။ အခုထိတော့ Product အနေနဲ့က မိုင်ကုန်လို့ပြောလို့ရတယ်။ ထုတ်တာက ထုတ်ချင်ပါတယ်။ ကျနော်တို့ဆီမှာက ကိုယ်တိုင်ဒီဇိုင်းဆွဲနိုင် ထုတ်နိုင်တယ်ဆိုရင် ပိုလုပ်ဖြစ်မှာပါ။ အခုကတော့ ကျနော်တို့ ဒီဇိုင်း မဟုတ်သေးဘဲနဲ့ စက်ရုံကရှိတဲ့ ဒီဇိုင်းလေးတွေနဲ့ ကျနော်တို့ Logo နဲ့ ပေါင်းတဲအဆင့်ပဲ ရှိသေးတယ်” လို့ အနဂ္ဂက ပြောပါတယ်။

Acid အနေနဲ့ အခွေမထွက်တာ ဆယ်စုနှစ်များစွာကြာမြင့်နေပြီး တယောက်ချင်းအနေနဲ့တော့ အခွေတွေထွက်ဖို့ရှိတယ်လို့ သိရပါတယ်။

The post Acid တံဆိပ်နဲ့ Limited Edition ပစ္စည်းများ ထုတ်လုပ် ရောင်းချနေတဲ့အကြောင်း အနဂ္ဂ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...