Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မာသာထရီဇာ၏ အတ္ထုပ္ပတ္တိရုပ်ရှင် ဘောလိဝုဒ်မှ ရိုက်ကူးမည်

$
0
0

ကွယ်လွန်သူ မာသာထရီဇာရဲ့ ဘဝဇာတ်ကြောင်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ဘောလိဝုဒ်မှ ဖန်တီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ “Mother Teresa The Saint” လို့ နာမည်ပေးဖို့ရှိတဲ့ အဲဒီရုပ်ရှင်ကိုတော့ အိန္ဒိယနိုင်ငံရေးသမား Seema Upadhyay က ကိုယ်တိုင်ရေးသား ရိုက်ကူးမှာဖြစ်ပြီး အိန္ဒိယရော နိုင်ငံတကာ သရုပ်ဆောင်တွေနဲ့ပါ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်ထဲ ဖြန့်ချိပြသဖို့ စီစဉ်ထားတဲ့ အဲဒီ့ဘောလိဝုဒ် ရုပ်ရှင်ကိုတော့ ‘Paanch’ Pradeep Sharma, ‘Ready’ Nitin Manmohan, Girish Johar နဲ့ Prachi Manmohan တို့က ထုတ်လုပ်ကြမှာပါ။

အဲဒီ ရုပ်ရှင်မှာ ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်က သူတော်စဉ်အဖြစ် ကြေညာခဲ့ပြီး အိန္ဒိယမှာ လူသားချင်း စာနာမှုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ နာမည်ကျော် ရိုမန်ကတ်သလစ် သာသနာပြုသီလရှင်ကြီး မာသာထရီဇာ ဖြတ်သန်းခဲ့တဲ့ ဘဝကိုမြင်တွေ့ရမှာပါ။

Twitter မှာတော့ ထုတ်လုပ်သူ Girish က အခြားထုတ်လုပ်သူ တချို့နဲ့အတူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်မာသာထရီဇာရဲ့ ဘဝအတ္ထုပ္ပတ္တိကို ဖန်တီးနေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သရုပ်ဆောင်နဲ့ ရိုက်ကူးရေးဝန်ထမ်းတွေကို ဘောလိဝုဒ်နဲ့ ဟောလိဝုဒ်က အရည်အချင်းရှိတဲ့သူတွေ ပါဝင်မယ်လို့လည်း ဆိုပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ၁၉၄၈ ခုနှစ်မှာ မာသာထရီဇာ တည်ထောက်ခဲ့တဲ့ သာသနာပြု ပရဟိတအဖွဲ့ရဲ့ လက်ရှိ အထွေထွေ အကြီးအကဲ စစ်စတာ Prema Mary Pierick နဲ့ရော ကိုးလ်ကတ္တာက စစ်စတာ Lynne နဲ့ရော တွေ့ဆုံခဲ့ပါတယ်။

ဒါရိုက်တာ Upadhyay က “သူဟာ ကမ္ဘာကသိတဲ့ Icon တခုပါ။ နိုင်ငံတကာမှာ ကျော်ကြားမှုတွေကို ဖော်ပြဖို့ မချွင်းမချန် လုပ်ဆောင်သွားမှာပါ။ မြင့်မြတ်တဲ့ ဝိညာဉ်ကိုလည်း ဂုဏ်ပြုသွားမှာပါ။ တရားမျှတမှုအတွက် လုပ်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ပြီးတော့ မာသာထရီဇာ ရပ်တည်ခဲ့တဲ့ ငြိမ်းချမ်းရေး၊ အချစ်နဲ့ လူသားဆန်မှုတို့အတွက် သတင်းစကားတွေ ဖြန့်ဖြူးပေးနိုင်မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသား ဖြစ်လာခဲ့တဲ့ အယ်လ်ဘေးနီးယား သီလရှင်ကြီး မာသာထရီဇာရဲ့ အိန္ဒိယနိုင်ငံ တဝန်းမှ ရှိတဲ့ မိဘမဲ့တွေနဲ့ မသန်စွမ်းတွေနဲ့အတူ သူ့ရဲ့ထူးခြားတဲ့ဘဝနဲ့ လုပ်ငန်းတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေများစွာ ရှိပါတယ်။

၂၀၀၃ ခုနှစ်မှာ “Mother Teresa of Calcutta” လို့ အမည်ရတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်မှာ သူနဲ့ ကာလရှည် သူငယ်ချင်းလည်းဖြစ်ပြီး ယုံကြည်မှုပိုင်းဆိုင်ရာ အကြံပေး ဖာသာ Celeste van Exem ဆီကို ရေးပို့ခဲ့တဲ့ စာတွေကနေ သူ့ရဲ့ဘဝကို ထုတ်နှုတ်တင်ပြထားတဲ့ “The Letters” ဆိုတဲ့ ရုပ်ရှင်ကိုလည်း ဖန်တီးခဲ့ကြပါသေးတယ်။

Ref : contactmusic

The post မာသာထရီဇာ၏ အတ္ထုပ္ပတ္တိရုပ်ရှင် ဘောလိဝုဒ်မှ ရိုက်ကူးမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...