Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ လုပ်ဆောင်ခဲ့ကြောင်း Jung Joon Young ဝန်ခံ

$
0
0

မတ် ၁၃ ရက်မှာတော့ အဆိုတော် Jung Joon Young ဟာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ စပ်ဆုပ်ဖွယ် အငြင်းပွား ဖွယ်ကိစ္စတွေမှသူ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ကိုရီးယားကို လော့စ်အင်ဂျလိစ်ကနေ ပြန်ရောက်ရောက်ခြင်းမှာ ထုတ်ပြန်လိုက်တဲ့ တောင်းပန်စာထဲဖော်ပြထားတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

အဲဒီ့သတင်းတွေထွက်လာတာက အမျိုးသမီးတွေကို တရားမဝင်လျှို့ဝှက် ရိုက်ကူးထားတဲ့ ဗီဒီယိုကို အဖွဲ့လိုက် စကားပြောခန်း (Chatroom) ထဲမှာ မျှဝေခဲ့တာကို မတ်လ ၁၂ ရက်နေ့မှာ ရဲတပ်ဖွဲ့ကနေ သူ့ကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ Chatroom မှာတော့ Big Bang အဖွဲ့ဝင် Seungri နဲ့ အခြားနာမည်ကျော်တွေပါဝင်တဲ့ အဖွဲ့ဝင်တွေ ပါရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီ့ကိစ္စဟာလည်း မတ်လ ၁၁ ရက်နေ့မှာ SBS funE ကနေ ဖော်ထုတ်နိုင်ခဲ့ပြီးတဲ့နောက် လူသိရှင်ကြား ဖြစ်လာတဲ့ကိစ္စရပ်တခုလည်း ဖြစ်ပါတယ်။ သူ့ရဲ့ တောင်းပန်စာကိုတော့ “ရှက်ရွံစွာ၊ အပြစ်ရှိစွာနဲ့ ဒီစာကို ရေးလိုက်ပါ တယ်”လို့ အစချီဖော်ပြထားပါတယ်။

သူက “မတ်လ ၁၂ ရက်နေ့မှာ ကိုရီးယားကို ပြန်လာခဲ့ပြီးနောက် အခြေအနေရဲ့ ဆိုးရွားမှုကို တဖန်သိရှိခဲ့ရပါတယ်။ နောက်ကျနေပြီဖြစ်ပေမယ့် ကျနော့်အပေါ် စိတ်ဝင်စားမှုကိုပြသပြီး ဒုတိယမြောက် အခွင့်အရေးပေးခဲ့တဲ့ လူတွေအားလုံးကို ဒီစာကနေ တဆင့်တောင်းပန်ချင်ပါတယ်” လို့ ဆိုပါတယ်။

သူနဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အခုကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအားလုံးကို ဝန်ခံတဲ့ အကြောင်း၊ သဘောတူညီချက်မရှိဘဲ အမျိုးသမီးတွေကို ဗီဒီယို ရိုက်ကူးခဲ့တဲ့အကြောင်း၊ အဲဒါကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့တဲ့အကြောင်း၊ အပြစ်ရှိတယ်လို့ မခံစားခဲ့ရတဲ့အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူဟာ အမျိုးသမီးတချို့နဲ့ လိင်ဆက်ဆံနေတဲ့ ဗီဒီယိုတွေကို အဲဒီ့အမျိုးသမီးတွေ မသိအောင် ရိုက်ကူးယူခဲ့ပြီး တဲ့နောက် Chatroom ထဲမှာ မျှဝေခဲ့တာဖြစ်ပါတယ်။ သတင်းတချို့မှာတော့ အဲဒီ့ဗီဒီယိုထဲမှာ ပါဝင်တဲ့ အမျိုးသမီးတဦးဟာ အခုတက်သစ်စ အဆိုတော်အဖွဲ့ထဲက မိန်းကလေးတဦးဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် Chatroom ထဲမှာ သူတို့အချင်းပြောဆိုနေကြတဲ့စကားတွေထဲ သူတို့ကျူးလွန်နေတာ မုဒိန်းမှုမြောက်မှန်း သိပေမယ့်လည်း အပြစ်မရှိလောက်ဘူးလို့ ပြောဆိုချက်တွေ ပါဝင်နေတာကြောင့် ပရိသတ်တွေနဲ့ ဒီသတင်းကို ကြားသိတဲ့သူတွေကတော့ ဒေါသထွက်နေခဲ့ကြတာပါ။

ပြီးတော့ သူတင်ခဲ့တဲ့ ဗီဒီယိုတွေထဲမှာပါဝင်တဲ့ အမျိုးသမီးတွေကိုလည်း အနူးအညွှတ်တောင်းပန်ပါကြောင်း လည်းပြောဆိုခဲ့ပါတယ်။ ပြီးတော့ သူပါဝင်နေတဲ့ အစီအစဉ်တွေအားလုံးကနေ နုတ်ထွက်ပါကြောင်း၊ ဖျော်ဖြေရေး လောကထဲမှာ ရှိတဲ့ သူ့ရဲ့ လုပ်ဆောင်မှုအားလုံးကိုလည်း ရပ်ဆိုင်းမှာဖြစ်ပါကြောင်း ပြောဆိုခဲ့ပါတယ်။

ထပ်ပြီးသူက သူ့ရဲ့လက်ကျန်အချိန်တွေမှာ ပြစ်မှုအထိ ဖြစ်စေခဲ့တဲ့ တရားမဝင် လုပ်ဆောင်ချက်တွေနဲ့ သူ့ရဲ့အကျင့်ပျက်မှုတွေကို ဆင်ခြင်သွားမှာဖြစ်တဲ့အကြောင်းလည်း ဆိုပါတယ်။ သူု့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေအတွက် မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်မယ့် စုံစမ်းစစ်ဆေးမှုမှာ ပါဝင်မှာဖြစ်ပြီး သူ့ရဲ့လုပ်ရပ်တွေအတွက် ပြစ်ဒဏ်ကိုလည်း လက်ခံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

The post အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ လုပ်ဆောင်ခဲ့ကြောင်း Jung Joon Young ဝန်ခံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ