Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Bohemian Rhapsody” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်နေပြီ

$
0
0

Queen အဖွဲ့ကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်တွေကတော့ ‘Bohemian Rhapsody’ နောက်ဆက်တွဲ ရုပ်ရှင်ကို တွေ့မြင်ကြရဖို့ ရှိနေပါတယ်။

Queen အဖွဲ့နဲ့အတူ ‘These Are the Days of Our Lives’, ‘The Show Must Go On’ နဲ့ ‘The Invisible Man’ ဂီတဗီဒီယိုတွေမှာ အတူတွဲအလုပ်တွဲလုပ်ခဲ့ဖူးတဲ့ Rudi Dolezal က ပထမဆုံး ရုပ်ရှင်ဟာ အကယ်ဒမီဆု လေးခုရရှိခဲ့ပြီးတဲ့နောက် တီးဝိုင်းမန်နေဂျာ Jim Beach နဲ့ နောက်ထပ် အတ္ထုပ္ပတ္တိရုပ်ရှင် ပုံဖော်နိုင်ဖို့ လေးလေးနက်နက် ဆွေးနွေးခဲ့ပြီး ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

New York Post ရဲ့ Page Six ကဏ္ဍကို ပြောဆိုခဲ့ရမှာတော့ Jim က “Live Aid နဲ့အတူ စတင်မယ့် နောက်ဆက်တွဲ ရုပ်ရှင်ရိုက်ကူးဖို့ အစီအစဉ်ရှိတယ်ဆိုတာ သေချာပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

‘Bohemian Rhapsody’ ရုပ်ရှင်ဟာ ၁၉၈၅ ခုနှစ်မှာ အဆိုတော် Freddie Mercury က သူ့ရဲ့ တီးဝိုင်းအဖွဲ့သားတွေနဲ့ အတူ ပြေလည်မှုရယူခဲ့ပြီးနောက် ပြုလုပ်ခဲ့တဲ့ Live Aid ဖျော်ဖြေပွဲနဲ့ Freddie က သူ့ဆီမှာ HIV ပိုးကူးစက်ခံထားရပြီ ဖြစ်ကြောင်း ပြောကြားခဲ့တဲ့သတင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အော်စကာဆုပေးပွဲမှာ မင်းသား Rami Malek ဟာ AIDS ရောဂါကြောင့် ဖြစ်ခဲ့တဲ့ အဆုတ်ေရာင်ရောဂါနဲ့ ၁၉၉၁ ခုနှစ်၊ အသက် ၄၅ နှစ်အရွယ် မှာ ကွယ်လွန်ခဲ့တဲ့ တီးဝိုင်းခေါင်းဆောင် Freddie အဖြစ် သရုပ်ဆောင်ထားပြီး အကောင်းဆုံး မင်းသားဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင်အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု၊ အကောင်းဆုံး အသံတည်းဖြတ် ဆုနဲ့ အကောင်းဆုံး အသံအရောအနှောဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။

ဒါ့အပြင် လက်ကျန် Queen အဖွဲ့သားတွေနဲ့ အဆိုတော် Adam Lambert တို့ဟာလည်း မှတ်တမ်းရုပ်ရှင် အသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ရှိနေပါတယ်။ ‘

American Idol’ စတား Adam ဟာ ဂီတာပညာရှင် Brian May၊ ဒရမ်တီးခတ်သူ Roger Taylor တို့နဲ့အတူ ၂၀၁၁ခုနှစ်မှာ သီချင်းသီဆိုတဲ့နေရာမှာဖြစ်တဲ့ Freddie ရဲ့ နေရာကို အစားဝင်ယူပေးခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ကမ္ဘာတဝန်းမှာ လက်မှတ်ကုန်စင်အောင် ရောင်းချခဲ့ရတဲ့ ဖျော်ဖြေပွဲတွေကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ အဆိုတော် Adam နဲ့အတူတူ Queen အဖွဲ့ဝင်တွေပါမယ့် နှစ်နာရီကြာ မှတ်တမ်းရုပ်ရှင်ကိုတော့ ‘The Show Must Go On’ လို့အမည်ပေးထားပါတယ်။

Ref:asiaone

The post “Bohemian Rhapsody” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်နေပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...