Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကိုတင်ဖေ” ကနေ “မင်းမျိုးနွယ်” ဇာတ်ရုပ်ထိ ပရိသတ်အားပေးခြင်းခံရတဲ့ အောင်ရေချမ်း

$
0
0

ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်အားပေးမှုရရှိလာခဲ့တဲ့ သရုပ်ဆောင်အောင်ရေချမ်းက လတ်တလောမှာ MRTV 4 ရုပ်သံလိုင်းကနေ ပြသနေတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုကို ရရှိထားပါတယ်။

“ ကျနော် “ကျွန်မက မဟေသီ” ဇာတ်ကားရိုက်ဖို့ “မင်းမျိုးနွယ်” ဆိုတဲ့ ကာရိုက်တာလေးကို အရွေးခံရတယ်။ ကျနော် ရှင်မ ဝတ္ထုကိုလည်းသိတယ်။ ဒီဇာတ်ကြောင်းလေးကိုလေ့လာသလောက် ရှေ့မှာလည်း ဗီဒီယိုကားလေးက ထွက်ပြီးသားရှိတယ် လို့ သိတယ်။ ကိုပြေတီဦးတို့ မခိုင်နှင်းဝေတို့ မမိုးဟေကိုတို့ သရုပ်ဆောင်တာလည်း အရမ်းကောင်းတယ်။ ကျနော်အဲ့ကားကို မကြည့်ဘူး။ သူတို့ပုံစံစွဲသွားမှာ စိုးလို့ပေါ့နော်”

“အဲ့ ဗီဒီယိုကြည့်ပြီး ကျနော်တို့ ရှေ့စီနီယာတွရဲ့ အိုက်တင်မမီမှာ ကိုတော့ မစိုးရိမ်ဘူး။ ကျနော်တို့ရှိတဲ့ ပုံစံနဲ့ အကောင်းဆုံး ဖြစ်အောင် ကျနော် ကာရိုက်တာလေးထွက်အောင် အကောင်း ဆုံးကြိုးစားထားတယ်။ ဇာတ်ညွှန်းကို သေချာဖတ်တယ်။ အသေအချာလည်း ကာရိုက်အတွက် လေ့ကျင့်တယ်။ ကျနော်တို့က အိုက်တင်သမား တွေ ဖြစ်တဲ့ အတွက် အိုက်တင်ကို ပဲဦးစားပေးလုပ်ကြတာပါ” လို့ အောင်ရေချမ်းက ဆိုပါတယ်။

အောင်ရေချမ်းက ဇာတ်လမ်းတွေကြောင့် ပရိသတ်အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်တဦးဖြစ်ပြီး ဒီအပေါ်မှာလည်း သူရဲ့ ခံစားချက်ကို အခုလိုဆိုပါတယ်။

“ ကျနော့်ကို အားပေးနေတဲ့ ပရိသတ်တွေကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းလည်း ကျနော်ဆရာတွေ သင်ကြားပေးတာတွေနဲ့ ကျနော်ပင်ကို Talent တွေနဲ့ ပရိသတ်ကို မတူကွဲပြားတဲ့ ပုံစံတွေနဲ့ သရုပ်ဆောင်ပြမှာပါ။ ဇာတ်ကောင်ကို အကောင်းဆုံးပုံဖော်သွားမှာပါ”လို့ အောင်ရေချမ်း ကပြောပါတယ်။

ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ အောင်ရေချမ်းက ဗီဒီယိုဇာတ်ကားရိုက်ဖို့လည်းရှိသလို ဗီဒီယိုလောကကိုလည်း ပြန်လည်ရှင်သန်စေချင်ပါတယ်လို့ ဆိုပါတယ်။

“ ကျနော့် ဇာတ်ကားတွေ ပြန်ကြည့်ရင် အားရခဲ့တာတွေလည်းရှိတယ်။ လိုအပ်ချက်တွေလည်းရှိပါတယ်။ ဇာတ်လမ်းတွဲ ဆိုတော့ အပိုင်းလိုက် ဇာတ်ရှိန်ကိုဆွဲရတာပေါ့နော်။ တချို့ခန်းတွေမှာပေါ့တယ်ထင်ပေမယ့် တဆက်တည်းသွားရင်တော့ အဆင်ပြေပါတယ်။ ပရိသတ်တွေ ဝေဖန်ပေးတာကိုလည်း အမြဲဖတ်ပြီး ပြုပြင်သင့်တာတွေကိုလည်းပြုပြင်ပါတယ်”

“ ကျနော်လောလောဆယ်တော့ ဇာတ်လမ်းတွဲ ခဏရပ်ထားပါတယ်။ သြင်္ကန်ပြီးမှပြန်စပါ့မယ်။ ကျနော်ဗီဒီယိုကားတွေ ရိုက်ဖို့လည်းလုပ်နေပါတယ်။ မျက်ချယ်နဲ့ပါ။ ဗီဒီယိုလောက်ကိုလည်း ပြန်လည်ရှင်သန်စေချင်ပါတယ်။ ကျနော်ကိုယ်တိုင် ကလည်း အဲ့ဘက်မှာ စိတ်အားသန်ပါတယ်။ ရုပ်ရှင်ကားကြီးတွေတော့ မရှိသေးပါဘူး”

“ ကျနော်ကို ပရိသတ်တွေက နယ်တခါထွက်တိုင်း မိန်းမတယောက်ရတယ်လို့ Troll ကြတယ်။ ကျနော့်ကိုချစ်လို့ ပြောကြတဲ့ အတွက် ကျေးဇူးတင် ပါတယ်။ အပြင်မှာတော့ အခေါက်ပေါင်းများစွာ ထွက်နေပါတယ်။ မိန်းမမရပါဘူး။ ဇာတ်လမ်း သဘောအရပါ”လို့ အောင်ရေချမ်း ကပြောပါတယ်။

အောင်ရေချမ်းကိုတော့ “ပျားရည်အိုင်” ဇာတ်ကားမှာ “ကိုတင်ဖေ” ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှုရခဲ့သလို “ကျွန်မက မဟေသီ” ဇာတ်ကားမှာ လည်း “မင်းမျိုးနွယ်” ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှုကို ထပ်မံရရှိထားသူလည်းဖြစ်ပါတယ်။

The post “ကိုတင်ဖေ” ကနေ “မင်းမျိုးနွယ်” ဇာတ်ရုပ်ထိ ပရိသတ်အားပေးခြင်းခံရတဲ့ အောင်ရေချမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...