Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာတဝန်းမှ ရုံဝင်ငွေ ဒေါ်လာ သန်း ၇၆၀ ရရှိထားပြီဖြစ်တဲ့ “Captain Marvel”ရုပ်ရှင်

$
0
0

“Captain Marvel” ရုပ်ရှင်ကတော့ အခု လတ်တလော နိုင်ငံတကာ ရုံဝင်ငွေစာရင်းကို လွှမ်းမိုထားနိုင်ပြီး ရုံတင်တာ ဒုတိယသီတင်းပတ် ရှိလာချိန်မှာတော့ မြောက်အမေရိက ဝင်ငွေစာရင်းမှာ ဒေါ်လာ ၆၉ သန်း ထပ်ဆောင်း ရရှိခဲ့ပါတယ်။ Box Office Mojo ရဲ့အဆိုအရ ဒုတိယရုံတင် သီတင်းပတ်အထိ နံပါတ် ၁ မှာ အလွယ်တကူ ရပ်တည်နိုင်တဲ့ Marvel Studios ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း မြောက်အမေရိက ဝင်ငွေစာရင်းမှာ အခုအထိဆိုရင်ဒေါ်လာ ၂၆၆ သန်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာတော့ မင်းသမီး Brie Larson သရုပ်ဆောင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ ဒေါ်လာ ၄၉၄ သန်း ရရှိခဲ့ပြီး စုစုပေါင်းဝင်ငွေ ဒေါ်လာ သန်း ၇၆၀ ရှိနေပြီလည်း ဖြစ်ပါတယ်။

Variety မီဒီယာရဲ့ အဆိုအရ ရုံတင်တာ သီတင်းနှစ်ပတ်ရှိပြီဖြစ်တဲ့ “Captain Marvel” ရုပ်ရှင်ဟာ “Ant-Man and the Wasp” (ဒေါ်လာ ၆၂၃ သန်း), “Iron Man 2” (ဒေါ်လာ ၆၂၄ သန်း), “Thor: Dark World (ဒေါ်လာ ၆၄၅ သန်း) နဲ့ “Captain America: Winter Soldier” (ဒေါ်လာ ၇၁၄ သန်း) ရုပ်ရှင်တွေကို ကျော်တက်သွားခဲ့ပြီး ဝင်ငွေ အကောင်းဆုံး စူပါဟီးရိုးရုပ်ရှင်စာရင်းမှာ နံပါတ် ၂၂ နေရာကနေ ရပ်တည်နေပါတယ်။

Paramount Pictures ရဲ့ မိသားစုကြည့်ရုပ်ရှင် “Wonder Park” ရုပ်ရှင်ကတော့ အဖွင့်သီတင်းပတ်မှာပဲ ဒေါ်လာ ၁၆ သန်းနဲ့ နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ထိပ်တန်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင် ၅ ကားထဲမှာတော့ တတိယေ နရာမှာ “Five Feet Apart” ကတော့ ဒေါ်လာ ၁၃ ဒဿမ ၁ သန်းနဲ့ ရှိနေပါတယ်။

ရုံတင်တာ စတုတ္ထသီတင်းပတ်ကို ရောက်ရှိလာပြီဖြစ်တဲ့ “How to Train Your Dragon: The Hidden World” ကတော့ ဒေါ်လာ ၉ ဒဿမ ၃ သန်းနဲ့ စတုတ္ထနေရာမှာ ရှိနေပြီး ဒေါ်လာ ၈ သန်းနဲ့ “Tyler Perry’s “A Madea Family Funeral” ရုပ်ရှင်က ပဉ္စမနေရာမှာ ရှိနေပါတယ်။

Ref : etcanada

The post ကမ္ဘာတဝန်းမှ ရုံဝင်ငွေ ဒေါ်လာ သန်း ၇၆၀ ရရှိထားပြီဖြစ်တဲ့ “Captain Marvel” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343