Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Star Awards က အသစ်အဆန်းတခု ဖြစ်တာကြောင့် လှုပ်ခတ်မှု ရှိမှာပဲ”လို့ ဦးဝင်းငြိမ်း ပြော

$
0
0

ယခုနှစ်မှာ ပထမဆုံး ကျင်းပမယ့် Star Awards ဆုပေးပွဲမှာ ပေးအပ်မယ့် ဆု ၁၅ ဆုထဲက Popular Choice Award နဲ့ People’s Choice Award တို့ရဲ့ Voting စနစ်များနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းမှာပဲ အနုပညာရှင်တွေ နုတ်ထွက်သွားကြပါတယ်။ အခုလို ဖြစ်သွားတဲ့အပေါ် Star Awards ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းငြိမ်းက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“အဲဒီ ရတဲ့အထဲက အမေများအဖွဲ့ကို လှူမယ်လို့ စီစဉ်ထားတာပါ။ Star Awards လုပ်မယ်လို့ စတင် စာနယ်ဇင်းပွဲ လုပ်စဉ်ကလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို သိန်း ၁၀၀ လှူခဲ့ပါတယ်။ ကိုလူချောအဖွဲ့ကို ၁၀ သိန်း လှူခဲ့တယ်။ နောက်တခါ ဆေးရုံတက်နေရတဲ့ ကစ်ကစ်ကိုလည်း လှူခဲ့တယ်။ ဆုံးပါးသွားပြီဖြစ်တဲ့ ကိုမင်းစိန် မိသားစုကိုလည်း လှူခဲ့တယ်။ ဒါပေမဲ့ အမေများအဖွဲ့ မပါသွားဘူး။ ဒီတော့ အမေများအဖွဲ့ကို လှုမယ်လို့ စိတ်ကူးရှိပြီးသား”

“ကျနော်တို့က စေတနာနဲ့ Surprise ဖြစ်စေချင်တာ။ ကြိုမပြောဘူးဆိုတာက Surprise ဖြစ်စေချင်တာ။ ဆုပေးပွဲမှာ အနုပညာရှင်တွေ ဆုအသီးသီးရတဲ့အခါ ပျော်ရွှင်ကြသလို အမေများအဖွဲ့ကိုလည်း ပျော်စေချင်တဲ့ စေတနာနဲ့ပါ။ Surprise လုပ်ချင်တာ။ အနုပညာရှင်တွေက စဉ်းစားတဲ့အခါမှာလည်း သူတို့ Fan တွေက Voting တခုကို ၁၅ ကျပ် အကုန်ခံပြီး Vote ရမှာဖြစ်တဲ့အတွက် သူတို့ Fan တွေကို ပိုက်ဆံအကုန်မခံစေချင်ဘူး။ အဲဒီအတွက် သူတို့ကလည်း မကြိုက်ဘူး။ ကျနော်တို့ကလည်း လှူချင်တဲ့ စိတ်ပဲရှိတယ်”လို့ ဦးဝင်းငြိမ်းက ပြောပါတယ်။

အခုလက်ရှိ ဆက်သွားမယ့် ပုံစံနဲ့ ပတ်သက်ပြီးလည်း ဦးဝင်းငြိမ်းက”အခုတော့ အားလုံးက မကြိုက်ဘူးဆိုတော့ SMS စနစ်ကို ဖျက်လိုက်တယ်။ ကျနော်တို့ Star Awards Page မှာပဲ Vote လုပ်ဖို့ တင်ထားပါတယ်။ ဒီဆုကတော့ ရှိတယ်။ SMS စနစ်သာ မဟုတ်တော့တာ။ ကျနော်တို့ Star Awards Page မှာပဲ မဲပေးတဲ့စနစ်ပြောင်းသွားတာ”လို့ ဆိုပါတယ်။

Star Awards နဲ့ အနုပညာရှင်အကြား အခုလို ဖြစ်တဲ့အပေါ်မှာလည်း သူရဲ့ အမြင်ကို အခုလိုဆိုပါတယ်။
“အဲဒီအတွက်တော့ ကျနော်တို့က ဘာမှ မဖြစ်ပါဘူး။ ကျနော်တို့က စေတနာနဲ့ လုပ်တာပဲ။ ဒီကိစ္စကို သူတို့က မှားတယ်လို့ ယူဆနေရင်လည်း ကိုယ်က အဲဒီမှားတယ်ဆိုတဲ့ အကြောင်းကို ဖွင့်ပြောပြီးပြီလေ။ သူတို့ပြန်ဝင်ချင်တယ်ဆိုလည်း ရတယ်။ မဝင်ချင်လည်း ရပါတယ်။ ကြိုက်သလို ဆုံးဖြတ်လို့ ရပါတယ်။ ကျနော်တို့အဖွဲ့ ချမှတ်ထားတဲ့မူကို တရားသေကိုင်ထားတာ မဟုတ်ဘူး။ အနုပညာရှင်တွေရဲ့ အလိုကိုလိုက်ပြီး ပြောင်းပေးနေတာ။ Star Award ရဲ့ မူသေ ကိုင်ပြီး လုပ်တာ မရှိပါဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံ စာရေးဆရာအသင်းရဲ့ ပထမဆုံး ပြုလုပ်တဲ့ Star Awards ပွဲရဲ့ အခုလို လှုပ်လှုပ်ခတ်ခတ်ဖြစ်မှုကြောင့် လူပိုသိသွားပြီး အောင်မြင်တယ်လို့ ယူဆလားဆိုတဲ့ အမေးကိုတော့ အခုလို ဆိုပါတယ်။ “ကျနော်တို့က အဲဒီလိုလည်း မယူဆပါဘူး။ ဒီလို လှုပ်လှုပ်ခတ်ခတ်ဖြစ်လို့ အောင်မြင်တယ်လို့လည်း မယူဆပါဘူး။ ဒါက အသစ်အဆန်းတခု လုပ်တာကိုး။ အဲဒီအတွက် လှုပ်ခတ်မှုကတော့ ရှိမှာပါပဲ”လို့ ဦးဝင်းငြိမ်းက ဧရာဝတီကို ပြောပါတယ်။

Star Awards ဆုပေးပွဲကို ဧပြီလ ၅ ရက်နေ့၊ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

The post “Star Awards က အသစ်အဆန်းတခု ဖြစ်တာကြောင့် လှုပ်ခတ်မှု ရှိမှာပဲ”လို့ ဦးဝင်းငြိမ်း ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles