Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြန်မာနိုင်ငံမှာ ဇာတ်အိမ်တည်ရိုက်ကူးမယ့် ဂျပန်ကိုယ်ခံပညာ သိုင်းရုပ်ရှင်မှာ Nicolas Cage ပါဝင်

$
0
0

ဟောလိဝုဒ် မင်းသား Nicolas Cage ဟာ “Jiu Jitsu” လို့ အမည်ရတဲ့ ကာတွန်းစာအုပ်ကို အခြေခံထားတဲ့ ဂျပန် ကိုယ်ခံပညာ သိုင်းရုပ်ရှင်မှာ ပါဝင်မယ်လို့ သိရပါတယ်။ အဲဒီ ရုပ်ရှင်မှာတော့ “Kickboxer” ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Alain Moussi လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Dimitri Logothetis က Martin Barab နဲ့အတူ ထုတ်လုပ်မှာဖြစ်ပြီး သူနဲ့ Jim McGrath တို့ ရေးသားထားတဲ့ ဇာတ်ညွှန်းကို သူကိုယ်တိုင် ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ ဟောင်ကောင်အခြေစိုက် ရုပ်ရှင်ကုမ္ပဏီ Highland Film Group က ကမ္ဘာတဝန်းကို ဖြန့်ချိပေးမှာဖြစ်ပြီး လက်ရှိမှာတော့ Hong Kong Filmart ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက် ပေးနေပါတယ်။

အဲဒီ “Jiu Jitsu” ရုပ်ရှင်ဟာ ကျွမ်းကျင်တဲ့ Jiu Jitsu တိုက်ခိုက်ရေးသမားတွေဟာ ၆ နှစ်ကို တကြိမ် ကျရောက်လာတဲ့ ဂြိုဟ်သားတွေရဲ့ ကျူးကျော် ရန်စမှုဒဏ်ကို ကြောက်ရွံ့နေရချိန်ကို ခြယ်မှုန်းဖော်ပြမှာပါ။ အဲဒီမှာ မင်းသား Cage ရဲ့ ဇာတ်ကောင်နဲ့ သူ့ရဲ့ Jiu Jitsu တိုက်ခိုက်ရေးအဖွဲ့တို့ဟာ မင်းသား Moussi ရဲ့ဇာတ်ကောင်တို့ဟာ ကျူးကျော်လာသူတွေကို ချေမှုန်းဖို့ ကြိုးစားရတဲ့အကြောင်း အခြေတည်မှာပါ။

ဒါရိုက်တာ Logothetis ဟာ မင်းသား Moussi ပါဝင်ခဲ့တဲ့ “Kickboxer: Vengeance” နဲ့ “Kickboxer: Retaliation” ရုပ်ရှင်တွေကို ရေးသားရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ သူက “Jiu Jitsu ရုပ်ရှင်ဟာ မြန်မာနိုင်ငံမှာ ဇာတ်အိမ်တည်ထားတဲ့ တိုက်ခိုက်မှုပြကွက်တွေနဲ့အတူ စတန့်ကျွမ်းကျင်သူ Alain Moussi နဲ့ စူပါစတား Nicolas Cage ၊ ကမ္ဘာ့အဆင့်မီ သိုင်းပညာအနုပညာရှင်တွေနဲ့ အတူ ကမ္ဘာတဝန်းက သိုင်းပညာနဲ့ သိပ္ပံစိတ်ကူးယဉ်ချစ်သူ သန်းပေါင်းများစွာကို ကျေနပ်စေရမယ်လို့ အာမခံပါတယ်” လို့ဆိုပါတယ်။

မင်းသား Cage ဟာ “Leaving Las Vegas” ရုပ်ရှင်နဲ့ အော်စကာဆုရရှိခဲ့သူဖြစ်ပြီး “Adaptation” ရုပ်ရှင်နဲ့ ဆန်ခါတင်စာရင်းဝင်ခဲ့သူဖြစ်ပါတယ်။ မကြာသေးခင်တုန်းက ပြသခဲ့တဲ့ “Mom and Dad” ၊“211” နဲ့ “Mandy” ရုပ်ရှင်တို့မှာ ပါဝင်သရုပ်ဆောင်ထားပြီး “Spider-Man: Into the Spider-Verse” ကာတွန်းရုပ်ရှင်မှာလည်း အသံသရုပ်ဆောင်ထားပါတယ်။

Ref:variety

The post မြန်မာနိုင်ငံမှာ ဇာတ်အိမ်တည်ရိုက်ကူးမယ့် ဂျပန်ကိုယ်ခံပညာ သိုင်းရုပ်ရှင်မှာ Nicolas Cage ပါဝင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...