အိုင်းရစ်အမျိုးသားအဆိုတော်အဖွဲ့ Westlife ဟာ လာမယ့် သြဂုတ်လ ၁၀ ရက်နေ့၊ စင်ကာပူနိုင်ငံမှာ ဖျော်ဖြေပွဲပြုလုပ် မယ်လို့ မတ်လ ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အဲဒီ့ဖျော်ဖြေပွဲဟာ သူတို့အဖွဲ့ ရပ်တည်နိုင်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကြာကာလကို ဂုဏ်ပြုတဲ့ The Twenty Tour နယ်လှည့်ဖျော်ဖြေပွဲ အနေနဲ့ ကျင်းပမှာဖြစ်ပြီး National Stadium မှာ ပြုလုပ်ဖို့စီစဉ်ထားတာပါ။
၁၉၉၈ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ Westlife အဖွဲ့ဟာ ၁၉၉၀ ပြည့်လွန်နှစ်နှောင်းပိုင်းနဲ့ ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွေမှာ ကမ္ဘာတဝန်းလုံး အထူးအောင်မြင်ကျော်ကြားခဲ့တာပါ။
သူတို့အဖွဲ့ရဲ့ နာမည်ကျော်ကြားတဲ့ သီချင်းတွေထဲမှာ “My Love”, “Swear It Again”, “Queen of My Heart” နဲ့ “Flying Without Wings” တို့ပါဝင်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်တဲ့ “Gravity” ကို ၂၀၁၀ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ အဖွဲ့ကိုဖျက်သိမ်းခဲ့ပြီး ခြောက်နှစ်ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလမှာတော့ အဖွဲ့ကို ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ အဲဒီ့အချိန်မှာပဲ အဖွဲ့လိုက် လှုပ်ရှားမှုအနေနဲ့ သီချင်းအသစ်ဖြန့်ချိမယ့်အပြင် နယ်လှည့်ဖျော်ဖြေပွဲပါပြုလုပ်မယ်လို့် ကြေညာခဲ့ပါတယ်။
Image may be NSFW.
Clik here to view.
အဖွဲ့ထူထောင်တဲ့ နှစ် ၂၀ ပြည့်နှစ်ပတ်လည်ကို ဂုဏ်ပြုတဲ့အဲဒီ့ ပြည်လည်ပေါင်းစည်းမှုမှာတော့ ၂၀၀၄ ခုနှစ်တုန်းက အဖွဲ့ထဲကနေ ထွက်သွားခဲ့တဲ့ ပဉ္စမမြောက်အဖွဲ့ဝင် Brian McFadden ပြန်လည်မပါဝင်လာခဲ့ပါဘူး။ သူတို့တွေရဲ့ ၈ နှစ်အတွင်းပထမဆုံး Single သီချင်းဖြစ်တဲ့ Hello My Love ကို Ed Sheeran နဲ့ Steve Mac တို့ကရေးသားပေးခဲ့ပြီး အခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။
ပြိးခဲ့တဲ့ ဇန်နဝါရီလတုန်း ကလည်း သူတု့ိအဖွဲ့ဟာ Universal Music Singapore က စီစဉ်တဲ့ အမေးအဖြေကဏ္ဍတခုမှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စင်ကာပူနိုင်ငံကို ရောက်လာခဲ့ကြပါသေးတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ CAN Lifestyle ကဏ္ဍနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ သူတို့ဟာ စင်ကာပူဖျော်ဖြေပွဲတခု ပါဝင်လာနိုင်တဲ့ အာရှနယ်လှည့် ဖျော်ဖြေပွဲကို ပြုလုပ်မယ်လို့ ပြောခဲ့ပါတယ်။
The Twenty Tour ကတော့ သူတို့အဖွဲ့ရဲ့ ၁၃ ကြိမ်မြောက် ကမ္ဘာလှည့်ဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။ လက်မှတ်တွေကို ဧပြီလ ၁ ရက်နေ့ကစလို့ ရောင်းချမှာဖြစ်ပြီး စင်ကာပူဒေါ်လာ ၁၀၈ ဒေါ်လာကစလို့ ဝယ်ယူနိုင်မှာပါ။
Ref: CNA
The post စင်ကာပူမှာ ဖျော်ဖြေပွဲ လုပ်မယ့် Westlife အဖွဲ့ appeared first on ဧရာဝတီ.