Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အတ္တတွေ လျော့လာလို့ မယ်သီလရှင် ဝတ်မယ့် အဆိုတော် ပိုပို

$
0
0

ဖက်ရှင် အလန်းများ၊ ဆံပင်ပုံစံအလန်းများနဲ့ တွေ့လာရတဲ့ အဆိုတော် ပိုပိုကတော့ ယခုနှစ်မှာ ကျရောက်မယ့် မွေးနေ့မှာ ပထမဆုံး သီလရှင် ဝတ်ဖို့ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“သြင်္ကန်တော့ ချင်းတွင်းသြင်္ကန်မှာ ရှိမှာပါ။ သြင်္ကန် ပြီးတဲ့ အထိသီချင်းတွေပဲ ဆိုဖြစ်နေဦးမှာပါ။ “ရှပ်ဖိုးချစ်သူ” ရုပ်ရှင်က ရိုက်ပြီးပြီ။ ဘယ်တော့ လွှင့်မလဲ မသိသေးဘူး။ ၅ လပိုင်း၊ ၁၆ ရက်နေ့မွေးနေ့မှာ သီလရှင်ဝတ်မယ်။ ပထမဆုံး ဝတ်မှာပါ။ ငယ်ငယ်တုန်းက ကတုံးတုံးရမှာ ရှက်လို့ သီလရှင် မဝတ်ချင်ဘူး။ ပိုပို့ ဆံပင်က အရှည်ကြီးပဲလေ။ တင်ပါးထိ ရောက်တယ် ဆိုတော့ ဆံပင်ကို အရမ်းကြိုက်တဲ့ထဲမှာ ပါတယ်”

“နောက်ပိုင်းကျတော့ အတ္တတွေ နည်းနည်းလျော့လာပြီးတော့ သီလရှင်ဝတ်ဖို့ စိတ်ကူးရှိလာတာ။ ဘဝမှာ ချက်ချင်းသေသွားမလားဆိုတာ မပြောနိုင်ဘူးလေ။ မယ်သီလရှင် ဝတ်ခဲ့ဖူးတယ် ဆိုတော့ ကုသိုလ်လည်း ရတယ်။ နောက်အဘွားကို ကောင်းမှုကုသိုလ်လုပ်ပြီး ကျေးဇူးဆပ်ချင်တာပေါ့။ နောက်ပြီး ကိုယ်တိုင်လည်း စိတ်တည်တည်ငြိမ်ငြိမ် ရှိချင်တာကြောင့်ပါ”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။

သီချင်းအသစ်ထွက်ဖို့အတွက်လည်း ကိုယ်ပိုင် စတူဒီယိုတခု ဖန်တီးနေတဲ့ ပိုပိုက အခုနောက်ပိုင်း အလှအပအတွက် အချိန်ပိုပေးဖြစ်တယ်လို့ ဆိုပါတယ်။

“အခုနောက်ပိုင်း အလှအပအတွက် အချိန်ပိုပေးဖြစ်တယ်။ အရင်တုန်းက သီချင်းတွေလုပ်၊ ရှိုးတွေ ဆိုနေတာနဲ့ပဲ ကိုယ့်ဟာကိုယ် အလှအပကို ဦးစားမပေးဖြစ်ဘူး။ အခုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး အလှအပလေးဦးစားပေးလာတယ်။ ဆံပင်ပုံစံတွေကအစ အဝတ်အစားကအစ အားလုံးပြောင်းလာတာပေါ့။ နိုင်ငံခြားက ဖက်ရှင်တွေကိုလည်း လေ့လာတယ်။ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေ ဘယ်လိုဝတ်လည်း လေ့လာတယ်” လို့ ပိုပိုက ပြောပါတယ်။

သီချင်းရေးတဲ့အပိုင်းနဲ့ ပတ်သက်လို့လည်း အဆိုတော်ပိုပိုက အခုလို ဆိုပါတယ်။

“နောက်ထပ်တခွေကိုလည်း သီချင်းကအစ သေသေချာချာလေး အချိန်ယူပြီးတော့ ကောင်းကောင်းမွန်မွန်လုပ်ချင်တယ်။ နောက်တခွေက ပရိသတ်တွေကို အရှေ့က အခွေတွေနဲ့ မတူတဲ့ ကွာလတီ တခု၊ မတူတဲ့ သီချင်းတွေကို ပေးချင်တော့ ဖြည်းဖြည်းချင်းစီပဲ ဒီတခေါက်တော့ သွားမယ်ပေါ့။ အရင်ကဆို တနှစ်ကို တခွေထွက်တယ်။ အခုတော့ တနှစ်ခွဲလောက်မှ တခွေထွက်မယ်”လို့ ပိုပိုက ဆိုပါတယ်။

အဆိုတော် ပိုပိုဟာ ကိုယ်တိုင် သီချင်းရေးပြီး ကိုယ်တိုင်ဆိုတဲ့ အဆိုတော် တဦးပါ။ ပိုပို ရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့သလို အခုချိန်ထိ ပရိသတ်တွေ နှစ်သက် အားပေးလျက် ရှိပါတယ်။

“ပိတောက်တစ်ခက်နဲ့ ရေတစ်ခွက်” သြင်္ကန် သီချင်းကိုလည်း ပိုပိုက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို၊ ကိုယ်တိုင် ဒါရိုက်တာလုပ်ကာ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

The post အတ္တတွေ လျော့လာလို့ မယ်သီလရှင် ဝတ်မယ့် အဆိုတော် ပိုပို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...