Quantcast
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ အကယ်ဒမီ ရင်ခုန်သံ

မကြာခင် ကျင်းပတော့မယ့် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ “အမျိုးသမီး ဇာတ်ဆောင်ဆု”အတွက် “ဇာတိမြေ” ၊ “ရန်သူ” ၊ “လရောင်ဖြာတဲ့ အင်းလေးမှာ” စတဲ့ ရုပ်ရှင် ၃ ကားပါဝင်ထားတဲ့ ဝတ်မှုံရွှေရည်က အကယ်ဒမီနဲ့ ပတ်သက်ပြီး ခံစားချက်ကို အခုလို ဆိုပါတယ်။

“အကယ်ဒမီကို အကုန်လုံးအတွက်လည်း ရင်ခုန်တယ်။ ကစ်အတွက်လည်း ရင်ခုန်ပါတယ်။ ကစ်ကို ပရိသတ်တွေက အကယ်ဒမီ ရစေချင်တာပေါ့နော်။ ကစ်က အကယ်ဒမီမှန်းပြီး ရိုက်ခဲ့တာတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ ဇာတ်ရုပ် ကာရိုက်တာကို အကောင်းဆုံး သရုပ်ဆောင်ခဲ့တယ်။ ရတာ မရတာကတော့ တပိုင်းပေါ့”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

“ကစ်ရိုက်ထားတဲ့ ကားတွေ အတွက်လည်း ရင်ခုန်တယ်။ သူများတွေအတွက်လည်း ရင်ခုန်တယ်။ ဘယ်ကားနဲ့ ရင်ခုန်လည်းတော့ မဟုတ်ဘူးပေါ့။ ကိုယ်လုပ်တဲ့ အနုပညာအလုပ်ကိုတော့ ဘယ်ဇာတ်ရုပ်မဆို အကောင်းဆုံး ကိုယ့်အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပဲဆိုတော့လေ”

“သူများအတွက်လည်း ရင်ခုန်တယ်ဆိုတာ ၂၀၁၈ ခုနှစ်အတွက် ဇာတ်ကားကောင်းတွေက အများကြီးပဲ။ အားရတယ်။ ကိုယ့်ကားမှ မဟုတ်ဘူး။ သူများတွေရဲ့ ကားကောင်းတွေက အများကြီးဆိုတော့ ရင်ခုန်စရာကောင်းပါတယ်။ “မုန်းစွဲ” ဇာတ်ကားလည်း အရမ်းကောင်းတယ်။ အကုန်လုံး ကောင်းပါတယ်။ ပရိသတ်တွေကလည်းရင်ခုန်သလို အနုပညာသမားတွေလည်း ရင်ခုန်တယ်” လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။

အကယ်ဒမီ ပွဲတက် ဖက်ရှင်နဲ့ ပတ်သက်ပြီးလည်း ဝတ်မှုံရွှေရည်က အခုလို ဆိုပါတယ်။

“အကယ်ဒမီ ပွဲတက်ဝတ်စုံကိုတော့ ဒီဇိုင်နာက ကိုမင်းသက်စံပါ။ အရောင်ကိုတော့ Surprise လုပ်မယ်။ Fitting ကတော့ မချရသေးဘူး”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမ ဖြတ်သန်းခဲ့တဲ့ အနုပညာလမ်းကြောင်းတလျှောက်မှာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ယခုအချိန်ထိလည်း ပရိသတ်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားများကို အဆက်မပြတ် ရိုက်ကူးလျက် ရှိပါတယ်။

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ “အမျိုးသမီး ဇာတ်ဆောင်ဆု” ၊ ၂၀၁၄ ခုနှစ်မှာ “နှလုံးသားဖြင့် ပြုလုပ်သည်” ရုပ်ရှင်နဲ့ “အမျိုးသမီး ဇာတ်ပို့ဆု”တို့ ရရှိထားပါတယ်။

The post သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ အကယ်ဒမီ ရင်ခုန်သံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...