Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ညစ်ညမ်းဗီဒီယို ရိုက်ကူး၊ ဖြန့်ချိမှုတို့နဲ့ အဆိုတော် Jung Joon Young ကို ဖမ်းဆီး

$
0
0

ကိုရီးယားအဆိုတော် Jung Joon Young ကို အမျိုးသမီးတွေရဲ့ ညစ်ညမ်းဗီဒီယို လျှို့ဝှက် ရိုက်ကူးမှု၊ မိုဘိုင်း Chatroom ပေါ်မှာ အဲဒီဗီဒီယိုတွေကို သူငယ်ချင်းတွေဆီကို မျှဝေပေးမှု စွဲချက်တွေကြောင့် ဖမ်းဆီးဖို့ မတ်လ ၂၁ ရက်နေ့မှာ ဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၃၀ အရွယ် အဆိုတော် Jung ဟာ သူနဲ့အတူ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသမီး ၁ဝ ယောက်ကို ညစ်ညမ်းဗီဒီယို လျှို့ဝှက် ရိုက်ကူးမှုနဲ့ BIGBANG အဖွဲ့ဝင် Seungri အပါအဝင် အနုပညာရှင် တချို့နဲ့အတူ KakaoTalk စကားပြောခန်းထဲမှာ မျှဝေခဲ့မှုတို့နဲ့ စွပ်စွဲခံထားရတာပါ။ Seungri ဟာလည်း ညစ်ညမ်းဗီဒီယို ကိစ္စ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာဝန်ဆောင်မှု လုပ်ပေးခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

တရားရုံးကထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းထဲမှာတော့ အဆိုတော် Jung ရဲ့ စွဲချက်တွေကို သက်သေပြနိုင်ခဲ့ပြီး သက်သေများကို ဖျက်ဆီးနိုင်တဲ့အတွက် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ မတ်လ ၂၁ ရက် အစောပိုင်းမှာ တရားရုံးမှာ ကြားနာမှုစတင်ခဲ့ပြီး အဲဒါ မတိုင်ခင်မှာတော့ သူ့ရဲ့ အမှားတွေကို Jung က ဝန်ခံခဲ့ပါတယ်။

အဆိုတော် Jung က “ကျနော် တောင်းပန်ပါတယ်။ ကျနော်က ခွင့်လွှတ်လို့ မရနိုင်တဲ့ အမှားကို ပြုလုပ်ခဲ့ပါတယ်။ ကျနော့်ရဲ့ အပြစ်တွေကို ကျနော်ဝန်ခံပါတယ်။ ပြန်လည် ရင်ဆိုင်တာ မရှိဘဲ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျနော် လက်ခံမှာပါ” လို့ မျက်ရည် အဝိုင်းသား မျက်ဝန်းနဲ့ စာကို ဖတ်ပြခဲ့ပါတယ်။

သူက “ကျနော့်ကြောင့် ခံစားခဲ့ရတဲ့ အမျိုးသမီးတွေကို တောင်းပန်ပါတယ်။ ကျနော့်ရဲ့ အပြစ်တွေကို ပြန်လည်သုံးသပ်ရင်းနဲ့ ကျနော့်ရဲ့ ဘဝကို နေထိုင်သွားမှာပါ”လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ အရင်တုန်းက တရားမဝင် လုပ်ရပ်တွေကို ဖုံးကွယ်ပေးဖို့ ရာထူးမြင့် ရဲအရာရှိ တဦးက သူတို့ကို ကူညီးပေးခဲ့တယ်ဆိုတဲ့ သံသယ ရှိနေပြီး ရဲတပ်ဖွဲ့နဲ့ အဲဒီ အနုပညာရှင်တွေအကြား ဆက်ဆံရေး စွဲချက်တွေနဲ့ ပတ်သက်လို့ နိုက်ကလပ် စီးပွားရေးလုပ်ငန်းမှာ အဆိုတော် Jung နဲ့ အခြားပုဂ္ဂိုလ်တို့ ပါဝင်နေတယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားနေပါတယ်။

တောင်ကိုရီးယားသမ္မတ Moon Jae-in ကတော့ Seungri အပါအဝင် Kpop စတားတွေ ပါဝင်နေပြီး တဖြည်းဖြည်းချင်း ကြီးထွားလာနေတဲ့ မူူးယစ်ဆေးဝါးနဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေကို စုံစမ်းစစ်ဆေးဖို့ မတ်လ ၁၈ ရက်နေ့မှာပဲ အမိန့်ထုတ်ထားပါတယ်။

အသက် ၂၉ နှစ်အရွယ် Seungri ဟာ ဆိုးလ်မြို့တောင်ပိုင်းမှာရှိတဲ့ ကလပ်ဖြစ်တဲ့ Burning Sun အတွက် ပြည်သူ့ ဆက်ဆံရေး ဒါရိုက်တာတဦးဖြစ်ပြီး အဲဒီ ကလပ်မှာ တရားမဝင် မူးယစ်ဆေးဝါး အသုံးပြုမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရှိခဲ့တယ်လို့ သံသယ ရှိခံထားရပါတယ်။ တရားရုံးကတော့ Chang မျိုးရိုးရှိတဲ့ Burning Sun ရဲ့ အမှုဆောင်ပုဂ္ဂိုလ်တဦးကို ဖမ်ဝရမ်း ထုတ်ပေးဖို့ ကိစ္စ ပယ်ချခဲ့ပါတယ်။

Chang ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ကလပ်မှာ အသက် ၂၆ နှစ်အရွယ် ဖောက်သည်တဦးကို ရိုက်နှက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီအမျိုးသားရဲ့ အဆိုအရ ကလပ်ဝန်ထမ်းတယောက်ရဲ့ အကြမ်းဖက်မှုကိုခံနေရတဲ့ အမျိုးသမီးတဦးကို ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ကို တိုက်ခိုက်သူတဦးအနေနဲ့ ကလပ်တာန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတဲ့အကြောင်း ပြောဆိုထားတာပါ။

အဲဒီ အကြမ်းဖက်မှုကနေ Kpop စတားတွေ ပါဝင်နေတဲ့ Burning Sun နဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတွေမှာ မူးယစ်မှောင်ခိုရောင်းဝယ်မှုနဲ့ လိင်ပိုင်ဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေ ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Ref : Yonhap

The post ညစ်ညမ်းဗီဒီယို ရိုက်ကူး၊ ဖြန့်ချိမှုတို့နဲ့ အဆိုတော် Jung Joon Young ကို ဖမ်းဆီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...