Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အင်းယား လမ်းလျှောက်သင်္ကြန်ပွဲတော် ၄ ရက်တိုင်တိုင် ကျင်းပမည်

$
0
0

မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထုတ်ဖော်ပြသသွားမယ့် အင်းယား လမ်းလျှောက်သင်္ကြန်ပွဲတော်ကို သင်္ကြန် အကြိုနေ့ကနေ အတက်နေ့ထိ ၄ ရက်တိုင်တိုင် ပြည်လမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းအထိ (အင်းယားကန်ဘောင်) တလျှောက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

“လမ်းလျှောက်သင်္ကြန် ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ အနီးစပ်ဆုံးပြောရရင် ချင်းမိုင်မှာပေါ့နော်။ သင်္ကြန်ပွဲတော်ကို အခုလိုလမ်းလျှောက်ပြီး တဦးနဲ့ တဦး ယဉ်ကျေးသိမ်မွေ့စွာနဲ့ ရိုးရာမပျက် ဆင်နွှဲနေတာကြာပါပြီ။ အဲဒီလိုပဲ ကျနော်တို့နိုင်ငံမှာလည်း သင်္ကြန်ပွဲတော်ဆိုတာ ယဉ်ကျေးသိမ်မွေ့စွာ ဆင်နွှဲရတဲ့ ပွဲတော်တခုဆိုတာ နိုင်ငံတကာကိုလည်း မြင်စေချင်တဲ့သဘောနဲ့ အခုလိုပြုလုပ်ရတာပါ” လို့ လမ်းလျှောက်သင်္ကြန်ပွဲ ဖြစ်မြောက်ရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မြတ်မေတ္တာမွန် ကုမ္ပဏီတို့မှ တာဝန်ယူ ကျင်းပပေးတာ ဖြစ်ပါတယ်။

မနှစ်က ပြုလုပ်ခဲ့တဲ့ ကန်တော်ကြီး လမ်းလျှောက်သင်္ကြန်ပွဲတော် (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

အင်းယား လမ်းလျှောက်သင်္ကြန်မှာတော့ အလှပြယာဉ်များ၊ မြန်မာ့ရိုးရာအကများ၊ တိုင်းရင်းသားများရဲ့ရိုးရာအကများ၊ ရေကစားမဏ္ဍပ်များ၊ ယိမ်းအကဖျော်ဖြေမှုများ၊ ခေတ်ပေါ်ဂီတဖျော်ဖြေမှုများအနေနဲ့လည်း ရင်ဂို၊ ဂရေဟမ်၊ စိုင်းစိုင်းခမ်းလှိုင်၊ R ဇာနည်၊ ချစ်ကောင်း၊ စည်သူလွင်၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ ပန်းရောင်ခြယ်၊ ဂျူနီယာချစ်ကောင်း၊ Twin Star (The Voice Myanmar)၊ V Hay Ko တို့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လမ်းတလျှောက် ရေပန်းများ၊ ရေမွှေးများ ဖျန်းပက်ကာ တိုင်းရင်းသားများရဲ့ ရိုးရာ အသုံးအဆောင်ပစ္စည်းများကို ချိတ်ဆွဲပြသသွားမှာဖြစ်ပြီး တိုင်းရင်းသားများရဲ့ ရိုးရာအလိုက် ရေကစားမဏ္ဍပ်များနဲ့ လည်း ဖျန်းပက်ပေးသွားမယ်လို့ သိရပါတယ်။

အင်းယား လမ်းလျှောက်သင်္ကြန် “Iaya Splash Walk Yangon 2019” ကို လာရောက်ကြမယ့် အများပြည်သူများကို မူးယစ်ရမ်းကား နှောင့်ယှက်မှုများ မရှိစေဘဲ Family Friendly ဆင်နွှဲနိုင်ရန် နိုင်ငံတော်အစိုးရမှ ချမှတ်ပေးမယ့် ရဲတပ်ရင်းအဖွဲ့များအပြင် Private Security အယောက် ၃၀၀ ကျော်ကိုလည်း ပွဲကျင်းပမယ့် ၄ ရက်စလုံး လုံခြုံရေးတာဝန် ချမှတ်ပေးသွားမှာဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၂၅၀၀ ခန့် အကုန်အကျခံ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

The post အင်းယား လမ်းလျှောက်သင်္ကြန်ပွဲတော် ၄ ရက်တိုင်တိုင် ကျင်းပမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...