Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပညာရေးမှာ ဘွဲ့မရပေမယ့် အနုပညာမှာ အကယ်ဒမီ ရလို့ ပျော်နေတဲ့ အေးမြတ်သူ

$
0
0

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးမှာတော့ အကယ်ဒမီ ဆန်ခါတင်ထဲ ပါဝင်ခဲ့ပြီး အကြိမ်ကြိမ် လွဲချော်ခဲ့ပြီးနောက် ယခုနှစ်မှာ ရရှိပိုင်ဆိုင်ခဲ့ရတဲ့ အေးမြတ်သူက ပညာရေးမှာ ဘွဲ့မရပေမယ့် အသက်မွေးဝမ်းကြောင်းအလုပ်မှာ အကယ်ဒမီ ရရှိခဲ့လို့ ပျော်ရွှင်ခဲ့ရတယ်လု့ိ ပြောပါတယ်။

“အရမ်းကို တန်ဖိုးကြီးတယ်။ အနုပညာဖန်တီးတဲ့သူတွေရဲ့ အိပ်မက်တွေက အကယ်ဒမီပါရှင့်။ ဒီနေ့ ဒီအကယ်ဒမီလေးကို ရခဲ့တဲ့အတွက် အရမ်းဝမ်းသာတယ်။ အဖေ၊ အမေတွေအတွက်လည်း ကိုယ်က ဘွဲ့မရဘူးလေ။ ပညာရေးမှာ သိပ်မထူးချွန်ခဲ့တော့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ သရုပ်ဆောင်အလုပ်မှာ ဒီလို ထူးချွန်ဆုလေးရတော့ မိဘတွေကိုလည်း သမီးကောင်းအနေနဲ့ ကျေးဇူးဆပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားရတယ်။ အဖေနဲ့ အမေလည်း ပျော်နေမယ်လို့ ထင်တယ်” လို့ အေးမြတ်သူက ပြောပါတယ်။

အေးမြတ်သူကတော့ “နောင်တွင် ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်နဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ သရုပ်ဆောင်ဆု”ကို ရရှိခဲ့ပါတယ်။ အကယ်ဒမီဆု ရတာဟာ ဘဝရဲ့ မှတ်တိုင်တခုကို ရောက်သွားတယ်လို့ ခံစားရပြီး ပရိသတ်ရဲ့ ဆန္ဒနဲ့ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းနိုင်လိုက်တယ်လို့ ယူဆတယ်လို့ အေးမြတ်သူက ဆိုပါတယ်။

“ပြောမပြတတ်ဘူးလေနော်။ အကယ်ဒမီဆိုတာ အားလုံးရဲ့ ရင်ထဲက အိပ်မက်ကြီး တခုပါ။ ဘဝရဲ့ မှတ်တိုင်တခု ဖြစ်တဲ့အတွက် ဘဝရဲ့မှတ်တိုင်တခု ရောက်သွားတယ်လို့ ခံစားရတယ်။ ပရိသတ်ရဲ့ ဆန္ဒရော အထူးသဖြင့် ကိုယ့်ဆန္ဒကို ဖြည့်ဆည်းနိုင်တဲ့အတွက် ပြောမပြတတ်အောင် တကယ်ကို ဝမ်းသာရပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

“အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ရရှိခဲ့တဲ့ အေးမြတ်သူ (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

ယခုနှစ် အကယ်ဒမီမှာထက် ပြီးခဲ့တဲ့နှစ်ကတော့ အေးမြတ်သူအတွက် ဆန်ခါတင် စာရင်းဝင်ခဲ့ပြီး ပရိသတ်ရဲ့ အကယ်ဒမီတစ် ကြိုပေးခြင်း ခံရတာကြောင့် ရင်ခုန်မှု များခဲ့ပြီး ယခုနှစ်မှာတော့ မထင်မှတ်ဘဲ ရခဲ့တဲ့ ဆုတခုဖြစ်တယ်လို့ သိရပါတယ်။

“အေးမြတ်သူ အမြဲ ကြိုးစားနေပါ့မယ်။ ကိုယ့်ကိုချစ်တဲ့ ပရိသတ်ရဲ့ မေတ္တာရဖို့အတွက် အမြဲတမ်း ကြိုးစားနေရပါတယ်။ လျှော့လိုက်လို့ မရပါဘူး။ လျှော့လိုက်ရင် ပရိသတ်ကသိတယ်။ ချစ်တဲ့သူတွေကို လိမ်လို့ မရပါဘူး။ အေးမြတ်သူ မလိမ်ပါဘူး။ ပိုပြီး ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်။ ပိုပြီ းကြိုးစားနိုင်ဖို့အတွက် အခွင့်အရေးတွေ ပေးပေးပါ။ လူတယောက်က ဘယ်လောက် ကြိုးစားကြိုးစား အခွင့်အရေး မရရင် ကြိုးစားခွင့် မရှိပါဘူး။ အခွင့်အရေးလေးပဲ ပေးပေးပါလို့ တောင်းဆိုချင်ပါတယ်။ အပြည့်အဝ ကြိုးစားပါမယ်”လို့ အေးမြတ်သူက ပြောပါတယ်။

အဆိုပါ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” အတွက် နောက်ဆုံး ဆန်ခါတင်အနေနဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားဖြင့် အေးဝတ်ရည်သောင်း၊ “မိုးပန်းပွင့်ရဲ့သင်္ကေတ”ဖြင့် ခြူးလေး၊ “သမ္မတကြီးထံ ပေးစာ” ဖြင့် ဒေါ်စန်းစန်းဝင်းတို့က ဝင်ရောက်ခဲ့ပြီး ” နောင်တွင် ဥဒါန်းတွင်စေသတည်း”ရုပ်ရှင်ဖြင့် အေးမြတ်သူက ရရှိခဲ့တာ ဖြစ်ပါတယ်။

The post ပညာရေးမှာ ဘွဲ့မရပေမယ့် အနုပညာမှာ အကယ်ဒမီ ရလို့ ပျော်နေတဲ့ အေးမြတ်သူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...