Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ဖက်ရှင်များအပေါ် အမြင်

$
0
0

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကတော့ ဝေဖန်မှုများစွာ၊ ဂယက်များစွာနဲ့အတူ မတ်လ ၂၃ ရက်နေ့ညက ရန်ကုန်မြို့၊ The One Entertainment Park မှာ ကျင်းပပြီးစီး သွားခဲ့ပါတယ်။ ဒီနှစ် အကယ်ဒမီပွဲမှာ အနုပညာရှင်များရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်အများစုဟာ တည်တည်ငြိမ်ငြိမ်နဲ့ အရောင်ငြိမ်များကို ရွေးချယ်ပြီး ဝတ်ဆင် တက်ရောက်လာကြတာ တွေ့ရပါတယ်။

အများဆုံး ဝတ်ဆင်ကြတာကတော့ အမျိုးသမီး အနုပညာရှင်တွေဟာ ပန်းရောင်၊ ခရင်မ်ကာလာ၊ အဖြူစတဲ့ အရောင်ငြိမ်၊ အရောင်နုများဖြစ်ကြပြီး အမျိုးသား အနုပညာရှင်တွေကတော့ အနက်ရောင် တိုက်ပုံများ အများစု ဝတ်ဆင်ကြပြီး၊ တော်ဝင်ဆန်တဲ့ နေဗီအပြာရောင်ကိုလည်း ဝတ်ဆင်လာကြတာ တွေ့ရပါတယ်။

အမျိုးသမီး အနုပညာရှင်များရဲ့ မြန်မာဝတ်စုံ ဒီဇိုင်းများဟာ ခါတိုင်းနှစ်တွေလို အတွန့်၊ အခေါက်တွေနဲ့ ရှုပ်မနေဘဲ နန်းဆန်ဆန် မြန်မာရင်ဖုံး လက်ရှည်များနဲ့သာ အတွေ့များရပါတယ်။ ထူးထူးခြားခြားအနေနဲ့ နေခြည်ဦး၊ သင်ဇာဝင့်ကျော်၊ ဝါဆိုမိုးဦး၊ နန်းဆုရတီစိုးနဲ့ မိုးစက်ဝိုင်တို့သာ အတွန့်အခေါက်နဲ့ ဝတ်ရုံရှည်များ ဝတ်ဆင်လာတာ တွေ့မြင်ခဲ့ရပါတယ်။

နေခြည်ဦးနဲ့ သင်ဇာဝင့်ကျော်တို့နှစ်ဦးရဲ့ ဒီဇိုင်နာ Ah Latt ကတော့ သူတို့နှစ်ဦးကို အရောင်တောက်တောက် ဆင်မြန်းပေးထားပြီး ကြည့်လိုက်တာနဲ့ Excited ဖြစ်မယ့်ပုံကို ချုပ်လုပ်ပေးထားတယ်လို့ ဒီဇိုင်နာ Ah Latt က ဧရာဝတီကို အကယ်ဒမီပွဲ မတိုင်ခင် ပြောထားပါတယ်။

သရုပ်ဆောင် သက်မွန်မြင့်၊ မယ်လိုဒီ၊ ဖူးစုံတို့ဟာ နောက်တွဲဝတ်ရုံရှည် ခြုံပဝါများနဲ့ ပွဲတက်လာပေမယ့် မျက်စိ ရှုပ်မနေဘဲ တည်ငြိမ်စွာနဲ့ ကြည့်ကောင်းနေပါတယ်။ အိန္ဒြာကျော်ဇင်ကလည်း ရိုးရှင်းတဲ့ကာလာနဲ့ ဝတ်ဆင်လာတာ တွေ့ရပြီး သူမရဲ့ ဝတ်စုံဒီဇိုင်းကိုတော့ ရှေးခေတ်က မင်းသမီးမျာ းဝတ်ဆင်တဲ့ အပေါ်ရုံ နှင်းကာ ဒီဇိုင်းနဲ့ ကျော့ရှင်းလှပနေတာ တွေ့ရပါတယ်။

တန်ဖိုးကြီး Accessories များကိုသာ ဝတ်ဆင်လေ့ရှိတဲ့ မင်းသမီး ရွှေမှုံရတီကလည်း ဒီနှစ်မှာ ခါတိုင်းနှစ်က သူမ စီးနေကျ တန်ဖိုးကြီးတံဆိပ် Jimmy Choo ဖိနပ်အနီရောင် တန်ဖိုး သိန်း ၇၀ ကျော်တန်ကို စီးပြီးတက်ရောက်လာခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ အတူတူပွဲကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ပွဲမတိုင်ခင် မိတ်ကပ်ကိုလည်း ထိုင်းနိုင်ငံက မိတ်ကပ်ပညာရှင်များနဲ့ လိမ်းခြယ်ခဲ့တယ်လို့ သိရပါတယ်။

အနုပညာရှင် စုံတွဲများကတော့ ခါတိုင်းနှစ်များလိုပဲ ဆင်တူ ဒီဇိုင်းများ ဝတ်ဆင်ပြီး တက်ရောက်လာခဲ့ကြပါတယ်။ သရုပ်ဆောင် ခိုင်သင်းကြည်က အနက်ရောင် ဝတ်စုံနဲ့ သမီးဖြစ်သူနဲ့ အရောင်တူ ဒီဇိုင်းတူ ဝတ်ဆင်လာတာ တွေ့ရပါတယ်။

တိုင်းရင်းသား ဝတ်စုံဝတ်လာသူများ အနေနဲ့ကတော့ လီဆူးတိုင်းရင်းသူ ခင်လေးနွယ်ကလည်း နှစ်စဉ် ဝတ်ဆင်နေကျ အကယ်ဒမီဖက်ရှင် လီဆူးတိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်လာခဲ့ပြီး နာဂတိုင်းရင်းသူ မာရီကိုးလ်ကလည်း ထုံးစံအတိုင်း နာဂဝတ်စုံကို ဝတ်ဆင်လာတာ တွေ့ရပါတယ်။

အနုပညာရှင် အမျိုးသမီးများအနေနဲ့ အဓိက လက်ဝတ်ရတနာ လည်ဆွဲအကြီးကြီးများကို ဝတ်ဆင်လာတာ တွေ့ရပြီး တန်ဖိုးကြီး လက်ဝတ်ရတနာ လည်ဆွဲများကို အဓိက ဆင်မြန်းလာကြပါတယ်။ အဓိက ဝတ်စုံများထက် လည်ဆွဲများကသာ ဒီနှစ်ပွဲမှာ အပြိုင်အဆိုင် ဖြစ်နေတာ တွေ့ရပါတယ်။ ဝတ်စုံများနဲ့အတူ လိုက်ဖက်အောင် လက်ကိုင်အိတ်များကိုလည်း ခပ်သေးသေး တွဲဖက် ဝတ်ဆင် ကိုင်လာတာ တွေ့ရပါတယ်။

လူအများ စိတ်ဝင်စားနေကြတဲ့၊ ပွဲမတိုင်ခင် ဂယက်ရိုက်ခဲ့တဲ့ ကျော်ကျော်နန္ဒကတော့ အကယ်ဒမီပွဲ မတိုင်ခင် မီဒီယာ အင်တာဗျူးများမှာ ဘယ်လိုပုံစံ ဘယ်လိုဖက်ရှင်များကို ဝတ်ဆင်လာမယ်လို့ ပြောကြားထားပြီး ပွဲတက်ခွင့် ပိတ်ပင်ခံရတဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာတော့ ရိုးရှင်းစွာဝတ်ဆင်မယ်လို့ အာမခံလိုက်ပြီးမှ တက်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ အဲ့အတွက်လည်း ကျော်ကျော်နန္ဒက လည်ကတုံး လက်ရှည်နဲ့ ပုဆိုးကိုသာ သာမန် ဝတ်ဆင်လာခဲ့ပါတယ်။

“မုန်းစွဲ” ဇာတ်ကားက အမြွှာလေးနှစ်ယောက်ဖြစ်တဲ့ ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့နှစ်ဦးကလည်း အစိမ်းရောင် တိုက်ပုံဆင်တူလေးတွေနဲ့ ချစ်စရာကောင်းစွာ တွေ့မြင်ရပါတယ်။ “ရွှေကြာ” ရုပ်ရှင်နဲ့ အကယ်ဒမီ ရခဲ့တဲ့ သရုပ်ဆောင် ဖွေးဖွေးကတော့ အကယ်ဒမီပွဲ မတိုင်ခင် ယာဉ်မတော်တဆဖြစ်မှုကြောင့် လက်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် လက်ကို သိုင်းပြီးပွဲကိုတော့ တက်ရောက်လာခဲ့ပါတယ်။ ဝတ်စုံကလည်း ရိုးရိုးရှင်းရှင်းနဲ့ ရွှေရောင်ကို ဝတ်ဆင်လာတာတွေ့ရပါတယ်။

“မုန်းစွဲ”နဲ့ အကယ်ဒမီ တစ်ပြေးခဲ့ပေမယ့် အကယ်ဒမီနဲ့ လွဲချော်ခဲ့ရတဲ့ သရုပ်ဆာင် မအေးသောင်း (ခ) အေးဝတ်ရည်သောင်းတို့ ညီအစ်မ နှစ်ဦးကလည်း တော်ဝင်ဆန်တဲ့ အကယ်ဒမီဖက်ရှင်နဲ့ လက်ဝတ်ရတနာ တို့ကိုလည်း ရွှေရောင်များသာ ဆင်မြန်းလာတာ တွေ့ရပါတယ်။

ဒီနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲမှာ ထူးထူးခြားခြား Wow ဖြစ်လောက်အောင် ဝတ်ဆင်လာတဲ့ အနုပညာရှင်များ မတွေ့ရသလို နန်းဆန်ပြီး လှပတဲ့ ကျက်သရေရှိတဲ့ မြန်မာဝတ်စုံများကို အများဆုံးဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။

The post ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ဖက်ရှင်များအပေါ် အမြင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...