Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အရေးကြီး သမိုင်းအချက်အလက် လစ်ဟာနေသော စာအုပ် (သို့) ဦးဘညိမ် ၏ ဦးဘညိမ်

$
0
0
ဦးဘညိမ်

ဦးဘညိမ်၏ ဦးဘညိမ် စာအုပ် မျက်နှာဖုံး

မျက်မှောက်ခေတ် မြန်မာ စာပေနယ်ပယ်တွင် အတ္ထုပ္ပတ္တိစာပေ ထွက်ရှိမှုအနေအထားက သိတ်ပြီး မနိမ့်ကျလှဟုထင်ပါသည်။ မကြာခဏဆိုသလို အတ္ထုပ္ပတ္တိ၊ အတ္ထုပ္ပတ္တိ တပိုင်း စာအုပ်များ ထွက်ရှိနေသောကြောင့် ဖြစ်သည်။ ဥပမာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ “ကျွန်တော် မှော်ဝန်းသား”စာအုပ်။

သို့သော် ထွက်ရှိသည့် အတ္ထုပ္ပတ္တိ စာအုပ်များသည် စာဖတ်သူများအတွက် ထိရောက်သည့်အကျိုးကျေးဇူး ပြု မပြုဆိုသည်ကတော့ တစ်အုပ်နှင့်တစ်အုပ် ကွာခြားပါသည်။ တချို့စာရေးသူများသည် သူ့အမြင် သူ့အတွေးနှင့် လက်လှမ်းမီသမျှကိုသာ ရေးနိုင်ပြောနိုင်ကြပါသည်။ တချို့အတ္ထုပ္ပတ္တိ စာအုပ်များသည်မူ ကိုယ်ရည်သွေးစာအုပ်များအဖြစ် စာပေအဆင့်အတန်း လျော့ကျသည့် စာအုပ်များဖြစ်ကြ၏။

တချို့သည် စာရေးသူနှင့် စာဖတ်သူ ခံယူချက်၊ ရပ်တည်ချက် မတူညီသည့်တိုင် သမိုင်းအချက်အလက် အရဖြစ်စေ၊ ရသခံစားမှုအဆင့်အတန်းအရဖြစ်စေ သိမ်းဆည်းထားရမည့် စာအုပ်များ၊ စွဲမက်ဖွယ်ကောင်းသည့် စာအုပ်များ ဖြစ်ကြပါသည်။

တချို့စာအုပ်များသည်မူ စာဖတ်သူအား မှားယွင်းသည့်အသိအမြင်ဆီသို့ ခေါ်သွားတတ်ပြီး တချို့စာအုပ်များကမူ အတွေးအမြင်များ လွတ်လပ်ဆန်းသစ်သည့် အသိအမြင်ကို ဆင့်ပွားတွေးတတ် ဆင့်ပွားသုံးသပ်တတ်အောင် ဆွဲခေါ်စည်းရုံးသွားနိုင်သည်ကို တွေ့ကြ ရပါသည်။

ထိုအခြေအနေတွင် ၂၀၁၄ ခုနှစ် သြဂုတ်လ အတွင်းက ထုတ်ဝေခဲ့သော ဦးဘညိမ် ရေးသည့် “ဦးဘညိမ် ၏ ဦးဘညိမ်” စာအုပ် သည် လည်း မြန်မာ အတ္ထုပ္ပတ္တိ စာပေနယ်ပယ်တွင် ခန့်ခန့်ထည်ထည် ၀င်ရောက်လာသည်ကို တွေ့ရပါသည်။

ဦးဘညိမ် ၏ ဦးဘညိမ် စာအုပ်ကိုရေးသူ ဦးဘညိမ် သည် တချိန်က မြန်မာ့သမိုင်းတွင် အလွန်အရေးပါလှသည့် စီးပွားရေးစနစ် တစ်ခု ကို ဦးဆောင်ထူထောင်သူများထဲက တစ်ဦးအပါအ၀င်ဖြစ်သော စီးပွားရေးပညာရှင်ဟောင်း ဦးဘညိမ်ဖြစ်သည်။

သူသည် စာရေးဆရာ သက်သက်တော့လည်း မဟုတ်ပါ။ နိုင်ငံရေးသမားလည်း ဖြစ်သည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာ့ဆိုရှယ် လစ်လမ်းစဉ် ပါတီ(မဆလ) တည်းဟူသော အာဏာရနိုင်ငံရေးပါတီကြီး ၏ စီးပွားရေး အယူအဆရေးရာ ခေါင်းဆောင်တစ်ဦး ဖြစ် သည် ဟု ဆိုလျှင်လည်း ရပါသည်။

လူပေါင်းမြောက်များစွာ စိတ်ဆင်းရဲသောကရောက်ခဲ့ရသည့် (တချို့ ကိုယ့်ကိုယ်ကိုယ် သတ်သေ၊ တချို့ သည်စိတ်ဖြင့်ပင် တဖြည်းဖြည်း အသက်ဆုံးပါး၊ တချို့ ပြည်နှင်ဒဏ်ခံရ။ ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံ ပိုင်ရှင်ဆိုလျင် နောက်ဆုံးတွင် စိတ်ဖောက်ပြန်သွားသည် အထိ၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်အထိ ဖြစ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပါသည်။) ပြည်သူပိုင် သိမ်းသည့်စီးပွားရေး စနစ်ကို ဦးဆောင်ထူထောင် လုပ်ကိုင်သွားသူ အုပ်စုထဲတွင် ဦးဘညိမ်သည် ရှေ့ဆုံးတန်းက ဖြစ်သည်ဟူ၍လည်း ကျော်ကြားသူဖြစ်ပါသည်။
ထို့အပြင် သူသည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်ရေးအတွက် အတွေးအခေါ်အရလည်းကောင်း၊ လုပ်နည်း လုပ်ဟန် အရလည်းကောင်း အခိုင်မာဆုံး အုတ်မြစ်ချခဲ့သည့် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ရင်းနီးသူ၊ ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် အတူ လက်တွဲပြီး မြန်မာ့ဆိုရှယ်လစ် စီးပွားရေးစီမံကိန်းများကို တက်ကြွစွာ အကောင်အထည်ဖော်ခဲ့သူ ဖြစ်သည်ဟူ၍လည်း လူသိများပါသည်။

ဗိုလ်ချုပ်ကြီးနေ၀င်း တိုင်းပြည်အာဏာကို လက်နက်အားကိုးဖြင့် အဓမ္မသိမ်းယူခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ထူထောင်ခါစက တင်းပြည့်ပါတီဝင် ၉ ဦးဖြင့် စတင်ရာတွင် ဦးဘညိမ်သည် တစ်ဦးအပါဝင်ဖြစ်ခဲ့၏။

သူရေးသည့် “ဆိုရှယ်လစ်လမ်းစဉ် ၁၂ ချက်” စာအုပ်သည် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အနှစ်ချုပ်ဟု ထိုစဉ်ကထင်မြင်ယူဆ ခံခဲ့ရသည်။ သူသည် ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်သည့် တော်လှန်ရေးကောင်စီ ဘဏ္ဍာရေးအကြံပေးအဖြစ် ထိုစဉ်က အတွင်း ၀န်များထက်ပိုပြီး အာဏာရှိသောရာထူးကို ရသူဖြစ်သည်။

ဦးဘညိမ်၏ ဦးဘညိမ် စာအုပ်ထဲတွင်လည်း ဦးဘညိမ်သည် တက္ကသိုလ်ကျောင်းသားဘ၀က အာရှတွင်သာမက ကမ္ဘာပေါ်က ထင် ရှားသည့် ဘောဂဗေဒဆရာများ၏ သင်ကြားပြသမှုကို ခံယူခဲ့ရသူနှင့် ထိုသူတို့၏စာအုပ်များကို နောကြေခဲ့သူ ဖြစ်ကြောင်း သိရ၏။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ထူထောင်ပြီး မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို တိုင်းပြည်၏ တစ်ခုတည်း သော ဦးဆောင်လမ်းစဉ်အဖြစ် ဗိုလ်ချုပ်ကြီးနေ၀င်းက ချမှတ်သောအခါ နိုင်ငံရေး အတွေးအခေါ်အရာတွင် ဦးချစ်လှိုင် ဖြစ်ပြီး စီးပွားရေး အယူအဆရေးရာတွင် ဦးဘညိမ် ဖြစ်သည်ဟူသော ကျော်ကြားမှုသည်ပင် တချိန်က ရှိခဲ့၏။

ထိုကဲ့သို့ သမိုင်းအစဉ်အလာကြီးမားခဲ့သူ နိုင်ငံ့ရေးခေါင်းဆောင်ဟောင်းလည်းဖြစ်၊ ဘောဂဗေဒပညာရှင်အဖြစ်လည်း သတ်မှတ်လို့ရနိုင်သည့် ဦးဘညိမ်သည် ဦးဘညိမ်၏ဦးဘညိမ် အမည်ဖြင့် သူ၏ အတ္ထုပ္ပတ္တိ ကို ကိုယ်တိုင်ရေး၍ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ဦးဘညိမ်၏ ဦးဘညိမ် စာအုပ်သည် လက်ရှိထွက်ခဲ့သော အတ္ထုပ္ပတ္တိ စာအုပ်များထဲတွင် စာရေးမှုအတတ်ပညာအရ လည်းကောင်း၊ ရသတပ်ဆင်မှု အတတ်ပညာအရ လည်းကောင်း၊ စာဖတ်သူအပေါ်ထားရှိသည့် စေတနာအလေးအပေါ့အရ လည်းကောင်း၊ ကောင်းမွန်လှပ ပြည့်စုံသည့်စာအုပ်ဖြစ်သည်ကိုမူ ကျနော်တို့ မငြင်းနိုင်ပါ။

ထို့ပြင် ဤစာအုပ်၏ စာမျက်နှာ ၄၀ မှ ၉၀ အတွင်း(အခန်း ၃ တစ်ခုလုံး)တွင် စာရေးသူက အနည်းဆုံး လူပုဂ္ဂိုလ် ၈၀ ကျော်အကြောင်း ထည့်သွင်းရေးသားခဲ့ပါသည်။ ထိုသို့ရေးသားရာ၌ တစ်ဦးလျင် သုံးကြောင်းမှ တပိုဒ်လုံးအထိ ဖော်ပြရေးသားခဲ့ပြီး ထိုအရေး အသားများသည် ထိုသူတို့၏စရိုက်အသွင်ကို စာဖတ်သူများက ကောင်းကောင်းမြင်ရကြားရလောက်အောင် ရေးပြနိုင်စွမ်းရှိသည်ကို လည်း တွေ့ရပါသည်။

ထိုအရေးအသားများသည် စာအုပ်တစ်အုပ်လုံးတွင် ပေါ်လွင်ထင်ရှားမှုအရှိဆုံး အခန်းများ စာပိုဒ်များဟုလည်း ဆိုနိုင်ပါသည်။

ဦးဘညိမ်၏ ဦးဘညိမ် စာအုပ်တွင် (သူ အိုင်အေ အောင်သည့်အချိန်မှ စတင်ကာ) ၁၉၄၀ လွန်ကာလ နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာ ပြည်အပေါ် ထားရှိကျင့်သုံးသော စီးပွားရေးစနစ်အခြေခံမူ ၇ ချက်နှင့် ယင်းစနစ်အပေါ်ထားရှိသည့် သူ့အမြင်သူ့အတွေးများကို စာမျက်နှာ ၁၂၁ မှ စာမျက်နှာ ၁၃၁ အထိ အသေးစိတ် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

သူ၏ တက္ကသိုလ်ကျောင်းသားဘ၀၊ လွတ်လပ်စ အာဏာရအစိုးရနှင့် သူ၏ အတွင်းဝန်ဘ၀ အတွေ့အကြုံများ၊ လွတ်လပ်ရေးရပြီးစ ဦးနုခေါင်းဆောင်သည့် ဖဆပလ အစိုးရ အာဏာရလာစဉ် သူ၏ အတွင်းဝန်ဘ၀ အတွေ့အကြုံများ၊ သူ၏ ငြိမ်းချမ်းရေး လုပ်ငန်း ဆောင်ရွက်မှုများကို အသေးစိတ်ရေးသားဖော်ပြခဲ့သည်။

ယုတ်စွအဆုံး အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် ပန်ဒစ်နေရူးနှင့် အိန္ဒိယ ဘုရင်ခံချုပ် လော့ မောင့်ဘက်တန် ၏ဇနီး ကြိုက်နှစ်သက်သည်ဟူသော အရပ်သတင်းမျိုးကိုပင် စုံစေ့အောင် ရေးသည်။(စာမျက်နှာ ၂၉၇)။

ထို့အပြင် လွတ်လပ်ရေးရခါစ ကရင်သူပုန်နှင့် ကွန်မြူနစ်သူပုန်များ ရန်ကုန်ကိုသိမ်းရန် ဆင်းလာစဉ် ကျွန်းကလေးမှတဆင့် ဗိုလ် စိန်မှန်၏ တပ်များက ခံပြီးတိုက်သည့်အခါ သူပုန်တို့ ပြန်ဆုပ်သွားသည့်သတင်းကို ဗိုလ်စိန်မှန်က ၀န်ကြီးချုပ်ဖြစ်သူ ဦးနုအား လာ ရောက် သတင်းပို့သည့်အခါ ဦးနုက “ကျနော်လည်း မနေ့ညက တညလုံး နတ်တွေကို စေလွှတ်တိုက်ခိုင်းပါတယ်” ဟူ၍ ပြန်ပြော လိုက်သည့် စကားမျိုးကအစ(စာမျက်နှာ ၂၇၇) အတတ်နိုင်ဆုံး ပြည့်စုံအောင် ထည့်သွင်းရေးသားသည်ကို တွေ့ရသည်။

ထိုကဲ့သို့ သူ၏ အတ္ထုပ္ပတ္တိ နှင့် တိုက်ရိုက်မသက်ဆိုင်သော တချို့သော အချက်အလက်များကိုပင် အသေးစိတ်နီးပါး ထည့်သွင်း ရေးသားခဲ့သော်ငြားလည်း ဦးဘညိမ်သည် သူကိုယ်တိုင် ပါဝင်ပတ်သက်၊ သူကိုယ်တိုင်ဦးဆောင်သူ တစ်ဦးအဖြစ် အကောင်အထည် ဖော်ခဲ့ရသော မြန်မာ့ဆိုရှယ်လစ် စီးပွားရေးစနစ် အကြောင်းကိုမူ မည်သည့်အတွက်ကြောင့် အသေးစိတ်မရေးဘဲ ထားခဲ့သနည်း။

အထူးသဖြင့် “ဦးဘညိမ်၏ ဦးဘညိမ်” စာအုပ်တွင် မိမိတို့စာဖတ်သူများ မလွဲမသွေ သိရှိရန် လိုအပ်သည့် တော်လှန်ရေးကောင်စီ လက်ထက် ပြည်သူပိုင်သိမ်း စီးပွားရေးစနစ်အကြောင်း ထည့်သွင်းရေးသားရန် မည်သည့်အတွက်ကြောင့် ပျက်ကွက်ခဲ့ရပါသနည်း။

ယခုကဲ့သို့ သမိုင်းအဖြစ်မှန်တချို့ မပါဝင်ဘဲ ပျက်ကွက်နေရခြင်းသည် ဦးဘညိမ်က အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း အား ပေးခဲ့ဖူးသည့် ကတိတစ်ခုကြောင့်လော ဟူ၍လည်း အဖြေထုတ်ကြည့်မိပါသေးသည်။

သို့သော် သည် ဦးဘညိမ် ၏ ဦးဘညိမ် စာအုပ်မှာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း ကွယ်လွန်ပြီးသည့်အခါကြမှ ရေးသား ထုတ်ဝေသည့် စာအုပ်ဖြစ်နေပြန်သည်။

ဦးဘညိမ်က အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်းကို ပေးခဲ့ရသည့်ကတိမှာ “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ မည်သည့်အခါမျှ မထွက်ရ၊ ဗိုလ်ချုပ်ကြီးနေ၀င်း ရှိနေသမျှကာလပတ်လုံး မိမိသဘောဖြင့် စာရေးသား ထုတ်ဝေခြင်းမပြုရ” ဟူ၍ဖြစ်သည်။(စာမျက်နှာ ၄၁၆၊ တတိယစာပိုဒ်)။

ဦးဘညိမ်သည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း ကွယ်လွန်ပြီးနောက်ပိုင်းဖြစ်သည့်တိုင် သူ၏ ဦးဘညိမ်၏ ဦးဘညိမ် စာအုပ် တွင် မြန်မာ့ဆိုရှယ်လစ် စီးပွားရေးစနစ်အကြောင်း မည်ကာမတ္တမျှပင် ထည့်သွင်းရေးသားမသွားခဲ့ပါ။

ကျနော်တို့သည် ကျနော်တို့၏ တိုင်းပြည်အား ဆင်းရဲသထက် ဆင်းရဲအောင် တွန်းပို့ခဲ့သည့် မြန်မာ့ဆိုရှယ်လစ် စီးပွားရေးစနစ် အကြောင်း အသေးစိတ်လေ့လာ သိရှိထားရန် လိုမည်ထင်ပါသည်။ သို့မှာသာ အနာဂတ်တွင် မိမိတို့အတွက် မှားယွင်းသည့် စနစ်တစ်ခု ကို ရှောင်ကွင်းသွားရန် သမိုင်းသင်ခန်းစာ ယူကြရမည်ဖြစ်သည်။

သည်လိုအမြင် သည်လိုရှုထောင့်မှ ကြည့်မည်ဆိုလျင်တော့ ဦးဘညိမ်၏ ဦးဘညိမ် စာအုပ်မှာ တန်ဖိုးရှိသော သမိုင်းဆိုင်ရာအချက် အလက်များ ကြီးမားစွာလစ်ဟာနေသည့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ စာအုပ်တစ်အုပ်ဖြစ်သည်ဟု ယူဆရမည်သာ ဖြစ်ပါကြောင်း။   ။

စာအုပ်အမည်။    ။ ဦးဘညိမ် ၏ ဦးဘညိမ်
စာရေးသူ။      ။ ဦးဘညိမ်
ထုတ်ဝေသူ။    ။ ဦးဇော်မင်းကျော်
ထုတ်ဝေခုနှစ်။    ။ ၂၀၁၄ ခု၊ သြဂုတ်လ၊ ပထမအကြိမ်
တန်ဖိုး။    ။ ၆၀၀၀ ကျပ်

The post အရေးကြီး သမိုင်းအချက်အလက် လစ်ဟာနေသော စာအုပ် (သို့) ဦးဘညိမ် ၏ ဦးဘညိမ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)