Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိန္ဒိယရဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုအကြောင်း ဇာတ်အိမ်တည်ထားတဲ့ “Delhi Crime”စီးရီး Netflix တွင် ပြပြီ

$
0
0

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ၊ အေးမြတဲ့ နယူးဒေလီမြို့ရဲ့ ဆောင်းရာသီမှာ မိန်းကလေး တဦးနဲ့ အမျိုးသား ၆ ဦးတို့ဟာ ဘတ်စ်ကားတစီးကို စီးနင်းလာခဲ့ကြပါတယ်။ အဲဒီနောက် အိန္ဒိယနိုင်ငံ တဝန်းလုံးကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့တဲ့ အကြမ်းတမ်း အရက်စက်ဆုံး အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုကြီး တခု ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲဒီလိုမျိုး ရာဇဝတ်မှုဟာ ပြည်သူလူထုကြားထဲမှာ ပေါက်ကွဲထွက်လာခဲ့ပြီး ဒေါသတွေ၊ နာကျင်မှုတွေ၊ စိုးရိမ်မှုတွေနဲ့ စိတ်မကောင်းဖြစ်မှုတွေက ကြီးစိုးလာခဲ့ရပါတယ်။ နိုင်ငံတဝန်လုံးမှာ ရှိတဲ့ ပြည်သူတွေဟာ မိန်းကလေး Nirbhaya အတွက် တရားမျှတမှုကို တောင်းဆိုဖို့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေမှာ ပေါင်းစည်းပါဝင်ခဲ့ကြပါတယ်။

အနိုင်ကျင့်ခံ မိန်းကလေး၊ သူ့ရဲ့မိဘတွေနဲ့ ကျူးလွန်သူတွေရဲ့ အဖြစ်အပျက်ကို ပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ဒေသတွင်း ရုပ်ရှင် တော်တော်များများ ရှိခဲ့ပေမယ့် အဲဒီရုပ်ရှင်တွေမှာ ရဲတပ်ဖွဲ့ဘက်ကနေ အဲဒီ့အမှုကို ဘယ်လို ဖော်ထုတ်သလဲဆိုတာ ပြည့်ပြည့်စုံစုံ ပါရှိခဲ့တာ မရှိပါဘူး။ အခုတော့ အဲဒီ အကြောင်းအရာကို အခြေခံထားတဲ့ စီးရီးတခုဟာ Netflix ရဲ့ အိန္ဒိယမူရင်း စီးရီး “Delhi Crime” အဖြစ်ပေါ်ထွက်လာခဲ့ပြီး ပရိသတ်တွေကို မတူညီတဲ့ အမြင်ဘက်ကနေ လှည့်ပြထားတာကို တွေ့ရပါတယ်။

၄ နှစ်လောက် သုတေသနပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ဒါရိုက်တာ Richie Mehta က ကြည့်ရှုသူ ပရိသတ်တွေကို ၂၀၁၂ ခုနှစ်ဆီ ပြန်လည်ခေါ်ဆောင်သွားမှာဖြစ်ပြီး ဒေလီရဲတပ်ဖွဲ့ဝင်တွေက ၂၃ နှစ်အရွယ် မိန်းကလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြတဲ့ အမျိုးသား ၆ ဦးကို အားကုန်ထုတ် ရှာဖွေခဲ့တဲ့ အချိန် ၇၂ နာရီအကြောင်းကို ပြန်မှတ်မိနေစေမှာပါ။ အပိုင်း ၇ ပိုင်းပါဝင်တဲ့ အဲဒီ စီးရီးကိုတော့ ဒေလီမြို့ရဲ့ ပုံမှန် ဆောင်းရာသီ မနက်ခင်းရဲ့ ပြကွက်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပုံမှန်ကင်းလှည့်မှုတွေနဲ့ စတင်ထားပါတယ်။

သီးခြားအပိုင်းမှာတော့ စုံစမ်းစစ်ဆေးမှုရဲ့ ပထမဆုံးတနေ့တာနဲ့ စတင်ပါတယ်။ အခုစီးရီးမှာတော့ ဒါရိုက်တာ Mehta က Nirbhaya အမှုရဲ့ လူသိနည်းတဲ့ အပိုင်းကို ဖော်ပြထားပါတယ်။ ဖြစ်ရပ်မှန် စစ်ဆေးမှုကို သူ့ရဲ့ စိတ်ကူးယဉ်ပုံစံနဲ့ ပေါင်းစပ်ပြီးတော့ ပရိသတ်ရဲ့ မှတ်ဉာဏ်ကို နှိုးဆွမှာလည်း ဖြစ်ပါတယ်။ အဲဒီ အဖြစ်ဆိုးကြီး ဖြစ်ခဲ့ပုံကို ဒါရိုက်တာက ပြန်လည်ပုံဖော်ထားတာ မရှိဘဲ ဖြစ်ရပ်ဆိုးကြီးနောက်ဆက်တွဲ ဖြစ်ရပ်တွေကို တသီတတန်းကြီး ဖော်ကျူးထားတာကိုလည်း တွေ့ရပါတယ်။

အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ဒေလီရဲ့ အမျိုးသမီးရဲမှူးကြီး Vartika Chaturvedi အဖြစ် မင်းသမီး Shefali Shah က ပါဝင်သရုပ်ဆောင်ထားပါတယ်။ မူရင်းဖြစ်ရပ်မှန်မှာတော့ ရဲတပ်ဖွဲ့ဝင် ၁၀၀ ပါဝင်တဲ့အဖွဲ့ကို ဦးဆောင်ပြီး ရာဇဝတ်သား ၆ ဦးကို ထောင်ထဲပို့ဖို့ စိတ်ပိုင်းဖြတ်ထားသူကတော့ လက်ထောက်ရဲကော်မရှင်နာမင်းကြီး Chhaya Sharma ဖြစ်ပါတယ်။

မင်းသမီး Rasika Dugal ကိုတော့ လေ့ကျင့်ရေးသင်တန်းဆင်း ရဲအရာရှိ Neeti Singh အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ရဲတပ်ဖွဲ့၊ မုဒိမ်းကျင့်ခံခဲ့ရတဲ့ မိန်းကလေးရဲ့ မိဘတွေနဲ့ မီဒီယာတွေ ကြားမှာ ပေါင်းကူးတံတားတခုအနေနဲ့ ပါဝင်ပါတယ်။ အဲဒီ စီရီးတခုလုံးမှာ သူဟာ ရဲအရာရှိတွေကို သနားဂရုဏာ သက်အောင် ပြုလုပ်ပေးမယ့်သူတဦးလည်း ဖြစ်ပါတယ်။

အဲဒီ စီးရီးမှာဆိုရင်တော့ ဆန္ဒပြသူတွေကို ဆန့်ကျင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေကို ရှင်းလင်းဖော်ပြထားမှာဖြစ်ပါတယ်။ တရားမျှတမှုကို ဆောင်ကြဉ်းဖို့အတွက် အလုပ်လုပ်ခဲ့ကြတဲ့ လူတစုရဲ့ ရုန်းကန် လှုပ်ရှားခဲ့ရတဲ့ သရုပ်သကန်ကိုလည်း မြင်တွေ့ရမှာပါ။

“Delhi Crime” စီးရီးကို မတ်လ ၂၂ ရက်နေ့က စလို့ Netflix မှာ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Ref: news18

The post အိန္ဒိယရဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုအကြောင်း ဇာတ်အိမ်တည်ထားတဲ့ “Delhi Crime” စီးရီး Netflix တွင် ပြပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...