Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ပွဲမတိုင်ခင် အကယ်ဒမီစာရင်း ပေါက်ကြားတာ ဖြစ်လေ့ရှိတယ်”လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌပြော

$
0
0

၂၀၁၈ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးမှာ ဆုချီးမြှင့်ရမယ့် လူစာရင်း အတိအကျကို လက်ရေးစာတစောင်ဖြင့် အွန်လိုင်းပေါ်မှာ အတိအကျ ပေါ်ထွက် ပေါက်ကြားခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက အကယ်ဒမီစာရင်း ပေါက်ကြားတာဟာ နှစ်စဉ် ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

“အကယ်ဒမီစာရင်း ပေါက်ကြားတာကို ကျနော်တို့ နောက်ကြောင်း ပြန်လိုက်နေတာ ၇ နာရီ ၁၅ မိနစ်နဲ့ ၇ နာရီ ၄၀ မိနစ်ကြားမှာ ပေါက်ကြားသွားတာလို့ သိရပါတယ်။ အကယ်ဒမီ ပေါက်ကြားမှုကတော့ နှစ်တိုင်းဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အရင်တုန်းက ကွင်းထဲရောက်သွားပြီဆိုရင် သိရတာတွေ ရှိပါတယ်။ ရုပ်ရှင်လောကသား ဘဝကတည်းကိုကပါ”

“ဘာကြောင့်လဲဆိုရင် အကယ်ဒမီရဲ့ထုံးစံက တဦးချင်းစီက မဲပေးလိုက်တဲ့ အမှတ်တွေကို နာယကကြီး ၃ ဦးကနေ တာဝန်ယူပြီး အမှတ်ပေါင်းတာ ဖြစ်ပါတယ်။ အဲဒီလို ပေါင်းပြီးတော့မှ အမှတ်တွေကို ချိတ်ပိတ်ထားတာဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

အဆိုပါ ဆုချီးမြှင့်မယ့်စာရင်းကိုတော့ နောက်ဆုံး အမှတ်ပေါင်းရတဲ့ နာယကကြီး ၃ ဦးအပြင် ပွဲစတင်တော့မယ့် အချိန်နီးကပ်လာပါက လူအယောက် ၂၀ အထိ ပေးသိရတာမျိုးတွေ ရှိပြီး လူများ ပိုသိသွားတဲ့အချိန်မှာတော့ သတင်းက ပေါက်ကြားတတ်လေ့ရှိတယ်လို့ သိရပါတယ်။

“ဒီစာရင်းတွေနဲ့ ပတ်သက်ပြီး ပြောရမှာတွေ ရှိပါတယ်။ ကွင်းထဲကို ရောက်သွားပြီး ညနေ ၄ နာရီနဲ့ ၅ နာရီမှာ ခုနက ၃ ဦးကနေ အယောက် ၂၀ လောက်ပေးရတာတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီအစီအစဉ်ကို ချောမောစွာ ပြေပြစ်စွာတင်ဆက်နိုင်ဖို့အတွက်ကို လူတွေကပိုများပြီး သိသွားကြရပါတယ်။ အဲဒီလိုများပြီး သိသွားတဲ့အချိန်မှာ ပေါက်တတ်လေ့ ရှိပါတယ်။ ဒီအတွက်ကို ဘယ်လို လုံခြုံအောင်လုပ်မလဲဆိုတာ ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်” လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။

အကယ်ဒမီစာရင်း ပေါက်ကြားတာကိုတော့ အတွင်းစည်းက ပေါက်ကြားသွားပါက သတင်းဖြန့်တဲ့သူအား Blacklist လုပ်ရမှာဖြစ်ပြီး တခြားနေရာက ပေါက်ကြားသွားရင်တော့ စုံစမ်းရ ခက်သွားတယ်လို့ ဆိုပါတယ်။

“အရေးယူဖို့ ဆောင်ရွက်နေတယ်ဆိုတာ အတွင်းစည်းက ပေါက်ကြားသွားတာလား။ အတွင်းစည်းက ပေါက်ကြားသွားတယ်ဆိုရင်တော့ ဒီလူကို နောင် ဒီနေရာမှာ မသုံးတော့ဘဲ Blacklist ထည့်ရမှာ ဖြစ်ပါတယ်။ သို့သော် အတွင်းစည်းက ပေါက်ကြားတာ မဟုတ်ဘဲ ကွင်းထဲရောက်ပြီးမှ ပေါက်ခဲ့တာဆိုတော့ ဘယ်ကပေါက်လဲဆိုတာ စုံစမ်းရခက်သွားပါတယ်။ အဲဒီအတွက် နောင်ကို ဒီထက် ပိုပြီးတင်းကျပ်တဲ့ အစီအစဉ်တွေ ချမှတ်နိုင်အောင် ပြုလုပ်ရမှာဖြစ်ပါတယ်”လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။

ထပ်မံပြီးတော့လည်း ယခုနှစ်မှာ ပေးအပ်ခဲ့တဲ့ အကယ်ဒမီခဲ့တဲ့ ထူးချွန်ဆုများကိုတော့ ပရိသတ်များက သူတို့ရဲ့ဆန္ဒနဲ့ မကိုက်ညီခဲ့တဲ့အတွက်လည်း ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။

“ပရိသတ်က မျိုးစုံ ရှိပါတယ်။ ပရိသတ် တယောက်နဲ့တယောက် အကြိုက်ချင်း တူကြမှာ မဟုတ်ပါဘူး။ အကယ်ဒမီပေး ပွဲပြီးတိုင်း ဒါကညံနေတယ်ဆိုတာက နှစ်စဉ်နှစ်တိုင်း အကယ်ဒမီပေးခဲ့တဲ့ သက်တမ်းတလျှောက်လုံးမှာရှိခဲ့တဲ့ ပြဿနာပါ။ လူပေါင်း ၄၅ ဦး တဦးနဲ့တဦး ညှိနှိုင်းလို့ မရအောင် စီစဉ်ထားပါတယ်။ ဒါကြောင့်ဒီ ၄၅ ဦးဟာ သူတို့ရဲ့ဆန္ဒအရ ပေးကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒများကို စုပေါင်းပြီးတော့ အားလုံးအမှတ်ပေါင်းပြီးပေးခြင်း ဖြစ်ပါတယ်။ အဆင့်ဆင့် ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်”

“အကယ်ဒမီနဲ့ လွဲချော်ခဲ့တဲ့သူတွေကလည်း မတော်လို့ မဟုတ်ပါဘူး။ နှာတဖျားနဲ့ သာသွားလို့သာလျှင် ရသွားတာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကလည်း ထူးချွန်ပါတယ်လို့ ဆရာဦးကြည်စိုးထွန်းလည်း ပြောသွားခဲ့ပါတယ်”လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။

ယခုနှစ်အတွက် အကယ်ဒမီဆုရှင်များကတော့ “ရုပ်ရှင် တသက်တာဆု”အဖြစ် အကယ်ဒမီများဆုရှင် မြင့်မြင့်ခင်၊ “ရုပ်ရှင် အသံဆု”ကို “မုန်းစွဲ”ရုပ်ရှင်ဖြင့် ကိုအေး၊ “ရုပ်ရှင် တည်းဖြတ်ဆု”အဖြစ် “ရွှေကြာ” ရုပ်ရှင်ဖြင့် ကျော်ခိုင်စိုး ၊ “ရုပ်ရှင် ဓာတ်ပုံဆု”အဖြစ် “မုန်းစွဲ”ရုပ်ရှင်ဖြင့် ဝင်းလွင်ထက်၊ “နောက်ခံ တေးဂီတဆု”ကိုတော့ “မျက်နှာပြင်များ”ရုပ်ရှင်ဖြင့် ရှလုံးအမ်ရောနမ်၊ “ဇာတ်ညွှန်းဆု”ကို “ရွှေကြာ”ရုပ်ရှင်ဖြင့် ဒါရိုက်တာ ဝိုင်း၊ “ဒါရိုက်တာဆု”ကို “မုန်းစွဲ” ရုပ်ရှင်ဖြင့် ဒါရိုက်တာ ဩရသတို့ ရရှိခဲ့ပါတယ်။

“အကောင်းဆုံး ဇာတ်ကားဆု”အဖြစ် ငွေသော်တာ ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်တဲ့ “ရွှေကြာ” ရုပ်ရှင် ၊ “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု”အဖြစ် ကျော်ကျော်ဗို၊ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” အဖြစ် အေးမြတ်သူ၊ “အမျိုးသမီး ဇာတ်ဆောင်ဆု”အဖြစ် ဖွေးဖွေးနှင့် “အမျိုးသား ဇာတ်ဆောင်ဆု”ကို သူထူးစံ တို့က အသီးသီး ရရှိခဲ့ကြပါတယ်။

အကယ်ဒမီ ပွဲမတိုင်ခင် ၂ လအလို၊ ဇန်နဝါရီလအတွင်းကလည်း အကယ်ဒမီနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက အကယ်ဒမီ ဂယက်က ဒီနှစ်မှာ ပိုရှိနိုင်တယ်လို့ ဆိုခဲ့ပါသေးတယ်။

အဲဒီရှင်းလင်းပွဲမှာ ဦးဇင်ဝင်းက “အကယ်ဒမီမှာ ဂယက်ကတော့ ရှိမှာပါပဲ။ ဒီနှစ် ပိုရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ ကောင်းတဲ့ကားတွေရှိနေတဲ့အတွက် ပိုတောင် ရှိပါလိမ့်မယ်။ ဇင်ဝိုင်းနဲ့ မောင်ဌေးမှာ ဇင်ဝိုင်းရသွားရင် မောင်ဌေး ပရိသတ်တွေက မကျေနပ်ဖြစ်မှာပဲ။ အဲ့လိုပဲ မောင်ဌေး ရသွားရင်လည်း ဇင်ဝိုင်း ပရိသတ်တွေက မကျေနပ်ဖြစ်မှာပဲ။ ဒီအတွက် တုန်လှုပ်လို့တော့ မရပါဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်
“အကယ်ဒမီ ဂယက်က ဒီနှစ်မှာ ပိုရှိနိုင်တယ်”

The post “ပွဲမတိုင်ခင် အကယ်ဒမီစာရင်း ပေါက်ကြားတာ ဖြစ်လေ့ရှိတယ်”လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...