ပြီးခဲ့တဲ့ မတ်လ ၂၂ ရက် ညပိုင်း၊ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အိန္ဒိယရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ (၆၄ ကြိမ် မြောက် Filmfare Awards) မှာ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Alia Bhatt, Ranveer Singh, Vicky Kaushal နဲ့ Neena Gupta တို့ဟာ ဆုကြီးတွေကို ဆွတ်ခူးရရှိခဲ့တာ တွေ့ရပါတယ်။
“Raazi”, “Andhadhun” နဲ့ “Badhaai Ho” ရုပ်ရှင်တွေကတော့ ထိပ်တန်းဆုကြီးတွေ ပိုင်ဆိုင်နိုင်ခဲ့တာလည်း တွေ့ရပါတယ်။ နာမည်ကျော်ကြား ဆုစာရင်းမှာတော့ မင်းသမီး Alia Bhatt က “Raazi” ရုပ်ရှင်နဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ Meghna Gulzar ရိုက်ကူးတဲ့ အဲဒီရုပ်ရှင်ဟာ “အကောင်းဆုံး ရုပ်ရှင်ဆု”ကို ရရှိခဲ့ပါတယ်။
သည်းထိတ်ရင်ဖိုရုပ်ရှင် “Andhadhun” ကတော့ ဝေဖန်သူတွေကပေးတဲ့ “အကောင်းဆုံး ရုပ်ရှင်ဆု”ကို ရရှိခဲ့ပါတယ်။ “Sanju” ရုပ်ရှင်ထဲက မင်းသား Ranbir Kapoor ကတော့ “အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု”ကို ရရှိခဲ့တာ တွေ့ရပါတယ်။ Padmaavat ရုပ်ရှင်မင်းသား Padmaavat နဲ့ Andhadhun ရုပ်ရှင်မင်းသား Ayushmann Khurrana တို့က ဝေဖန်သူတွေကပေးတဲ့ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် ဆု” ကို ပူးတွဲရရှိပါတယ်။

သည်းထိတ်ရင်ဖို အချစ်ရုပ်ရှင် Kedarnath ထဲက မင်းသမီး Sara Ali Khan နဲ့ Beyond the Clouds ရုပ်ရှင်ထဲကမင်းသား Ishan Khatter တို့က အကောင်းဆုံး ပွဲဦးထွက် ဆုတွေကို ရရှိခဲ့တာ တွေ့ရပါတယ်။
ဝေဖန်သူတွေပေးတဲ့ ဆုအမျိုးအစားထဲမှာဆိုရင်တော့ Badhaai Ho ရုပ်ရှင်မင်းသမီး Neeta Gupta က “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ကို ရရှိပါတယ်။ သူနဲ့အတူ တွဲပြီး သရုပ်ဆောင်ခဲ့တဲ့ Surekha Sikri နဲ့ Gajraj Rao တို့က “အကောင်းဆုံး ဇာတ်ပို့ သရုပ်ဆောင် (မင်းသားနဲ့ မင်းသမီး) ဆု”ကို ရရှိခဲ့ပါတယ်။
မင်းသားတွေ ဖြစ်တဲ့ Gajraj Rao နဲ့ Vicky Kaushal တို့ကတော့ Sanju ရုပ်ရှင်နဲ့ “အကောင်းဆုံး ဇာတ်ပို့မင်းသားဆု”ကို ပူးတွဲရရှိခဲ့ပါတယ်။ အဲဒီ ဆုပေးပွဲကို မင်းသား ရှရွတ်ခန်း၊ မင်းသား Rajkummar Rao နဲ့ မင်းသား Vicky Kaushal တို့က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ အထူးနာမည်ကျော်ကြားခဲ့တဲ့ Padmaavat ရုပ်ရှင်ထဲက မင်းသမီး Deepika Padukone ကတော့ ဆုတခုမှ မရရှိခဲ့တာ တွေ့ရပါတယ်။
Ref: hindustantimes
The post အိန္ဒိယရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲမှာ Filmfare Awards 2019 ဆု ရရှိသူများ appeared first on ဧရာဝတီ.