Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဗီယက်နမ် ဗားရှင်းနဲ့ ရိုက်ထားတဲ့ “Running Man”ရုပ်သံအစီအစဉ်ကို ဧပြီလတွင် ပြသမည်

$
0
0

တောင်ကိုရီးယားနိုင်ငံမှ SBS ရုပ်သံလိုင်းကနေ ကာလရှည် ထုတ်လွှင့်နေတဲ့ နာမည်ကျော် ရုပ်သံအစီအစဉ် ဖြစ်တဲ့ “Running Man” အစီအစဉ်ကို နှစ်နိုင်ငံကြား ပူးတွဲထုတ်လုပ်ရေး ပရောဂျက်တခုအနေနဲ့ ဗီယက်နမ်ဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးပြီး လာမယ့် ဧပြီလမှာ ထုတ်လွှင့်သွားမှာဖြစ်ကြောင်း အဆိုပါ ရုပ်သံလိုင်းက မတ်လ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဗီယက်နမ်ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ ပထမဆုံး အပိုင်းကို လာမယ့် ဧပြီလ ၆ ရက်နေ့မှာ HTV7 ရုပ်သံလိုင်းကနေ ပြသမှာဖြစ်ပါတယ်။ အဲဒါဟာ နာမည်ကျော် တောင်ကိုရီးယား ရုပ်သံအစီအစဉ်ကို ဒုတိယမြောက် နိုင်ငံခြားဗားရှင်းနဲ့ ထုတ်လွှင့်မှာလည်း ဖြစ်ပါတယ်။ ပထမဆုံးဗားရှင်းကတော့ တရုတ်ဗားရှင်း ဖြစ်ပါတယ်။

SBS ရုပ်သံလိုင်းက အဆိုပါ အစီအစဉ်မှာတော့ အစီအစဉ် တင်ဆက်သူနဲ့ ပြိုင်မယ့်အဖွဲ့ကို ဦးဆောင်သူအဖြစ် ပါဝင်မယ့် Tran Thanh အပါအဝင် ထိပ်တန် းဗီယက်နမ် ဖျော်ဖြေသူ ၇ ဦး ပါဝင်မှာ ဖြစ်ပါတယ်။ SBS ရဲ့ အဆိုအရ ဗီယက်နမ်နိုင်ငံမှာ ပျှမ်းမျှရိုက်ကူး ကုန်ကျစရိတ်က ၄ ဆခန့်အထိ ရင်းနှီးမြှုပ်နှံထားပြီး အဲဒီ အစီအစဉ်အတွက် ဗီယက်နမ် ထုတ်လုပ်ရေးအဖွဲ့ဝင် ၇၀ ဦးနဲ့ တောင်ရီးယား ထုတ်လုပ်ရေးအဖွဲ့ဝင် ၂၁ ဦးတို့က ပူးပေါင်းထုတ်လုပ် ရိုက်ကူးကြမှာလည်း ဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်မှာ အစီအစဉ်ကို ပထမဆုံး မထုတ်လွှင့်မီ အဲဒီ အစီအစဉ်ရဲ့ တရားဝင် လူမှုကွန်ရက် အကောင့်ဟာ ပရိသတ် ၄ သိန်းကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ဗီယက်နမ် ဈေးကွက်ထဲမှာလည်း တော်တော်လေး လူပြောများနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဲဒီ အစီအစဉ်ကို ထုတ်လွှင့်တော့မယ်လို့ ကြေညာခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Tran Thanh က ထုတ်လုပ်ရေးရဲ့ ကြီးမား ကျယ်ပြန့်မှုကို သူ့အနေနဲ့ အံ့သြမိကြောင်း ပြောဆိုခဲ့ပါတယ်။

အကြောင်းကတော့ ထုတ်လုပ်ရေး အဖွဲ့ထဲမှာ ကင်မရာအလုံးရေ ဒါဇင်နဲ့ချီ ပါဝင်ပြီး အထူးပစ္စည်းတွေ အထိ ပါရှိတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ ကိုရီးယားမှာ အကျွမ်းကျင်ဆုံး ထုတ်လုပ်ရေးမှူးတွေလည်း ပါဝင်လာတယ်လို့ ဆိုပါတယ်။

ဟာသသရုပ်ဆောင် Yoo Jae-suk က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ မူရင်း ကိုရီးယားရုပ်သံ အစီအစဉ်ကတော့ ထုတ်လွှင့်တာ ၉ နှစ် သက်တမ်း ရှိနေပြီဖြစ်ပြီး ထုတ်လုပ်မှုပိုင်း အရရော၊ စီးပွားရေးအရပါ တော်တော်လေး အောင်မြင်မှု ရရှိထားပါတယ်။

Ref : Yonhap

The post ဗီယက်နမ် ဗားရှင်းနဲ့ ရိုက်ထားတဲ့ “Running Man” ရုပ်သံအစီအစဉ်ကို ဧပြီလတွင် ပြသမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...