Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂီတလောက ကနေ ခေတ္တ အနားယူမယ့် ဂျက်စတင်ဘီဘာ

$
0
0

အဆိုတော် ဂျက်စတင်ဘီဘာဟာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ပြဿနာတချို့အပေါ် အာရုံစိုက်ဖို့ ဂီတလောကနေ ခေတ္တအနားယူမယ်လို့ သူ့ရဲ့ Instagram အကောင့်ကနေ ကြေညာလိုက်ပါတယ်။ ဘီဘာဟာ သူ့ရဲ့ ဆယ်ကျော်သက် လူငယ်ဘဝနဲ့ အသက် ၂၀ ကျော် ဘဝအကြောင်း၊ သူ့ရဲ့ ဂီတနဲ့အတူ နယ်လှည့်ပွဲတွေ ထွက်ခဲ့ပေမယ့် နောက်ဆုံး နယ်လှည့်ပွဲရဲ့အဆုံးသတ်မှာတော့ မပျော်ရွှင်ခဲ့ရဘူးလို့ ဝေမျှပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဘီဘာက “ပရိသတ်တွေက အယ်လ်ဘမ်အသစ်ကို မြင်ချင်နေကြပြီလို့ဆိုတဲ့ မက်ဆေ့ချ်တွေ တော်တော်များများ ဖတ်ခဲ့ရပါတယ်။ ကျနော့်ရဲ့ ဆယ်ကျော်သက်ဘဝနဲ့ အသက် ၂၀ ကျော် ဘဝတလျှောက်လုံးမှာ နယ်လှည့်ပွဲတွေ လုပ်ခဲ့ရပြီးပါပြီ။ ခင်ဗျားတို့တွေ မြင်တွေ့ခဲ့တဲ့အတိုင်းပဲ ကျနော် နောက်ဆုံး နယ်လှည့်ပွဲမှာ မပျော်ရွှင်ခဲ့ရဘူးဆိုတာ သဘောပေါက်ခဲ့ရပါတယ်”

“ကျနော်နဲ့လည်း အဲဒါက မထိုက်တန်ပါဘူး။ ခင်ဗျားတို့နဲ့လည်း မထိုက်တန်ပါဘူး။ ခင်ဗျားတို့က အဲဒီကိုလာပြီး စွမ်းအားပြည့် ပျော်ဖို့ကောင်းတဲ့ ဖျော်ဖြေပွဲတခုကို ကြည့်ရဖို့ ပိုက်ဆံပေးခဲ့ရပါတယ်။ အဲဒီ နယ်လှည့်ပွဲရဲ့ အဆုံးသတ်မှာ ခင်ဗျားတို့ကို စိတ်ခွန်အားပြည့် မပေးနိုင်ခဲ့ပါဘူး” လို့ Instagram မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဂျက်စတင်ဘီဘာဟာ ချစ်သူ Hailey Baldwin နဲ့ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ပိုကောင်းတဲ့ ခင်ပွန်း တယောက်နဲ့ ဖခင်ကောင်းတယောက် ဖြစ်ချင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ သူနဲ့ဇနီး Hailey တို့က အတည်မပြုသေးပေမယ့် Hailey ဆီမှာ ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဂီတဆိုတာ သူ့အတွက် အလွန်အရေးကြီးတာ မှန်ပေမယ့် မိသားစုနဲ့ ကျန်းမာရေးထက်တော့ ဘယ်ဟာမှ အရေးမကြီးဘူးလို့လည်း ဘီဘာက ဆိုပါတယ်။

သူ့ရဲ့ ပို့စ်နောက်ပိုင်းမှာတော့ သူကြုံတွေ့နေရတဲ့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ပြဿနာတချို့ကို ပြင်ဆင်ဖို့အတွက် အာရုံစိုက်မှာဖြစ်ပြီး ထိခိုက်ကြေကွဲနေမှာ မဟုတ်ကြောင်း၊ အိမ်ထောင်ကိုလည်း တည်တံ့ခိုင်မြဲစေပြီး သူဖြစ်ချင်တဲ့ ဖခင်ကောင်း တယောက် ဖြစ်အောင် ကြိုးစားမယ်လို့ ဖော်ပြထားပါတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံး အယ်လ်ဘမ်အသစ်နဲ့ အတူ ပြန်လာမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Ref: indianexpress

The post ဂီတလောက ကနေ ခေတ္တ အနားယူမယ့် ဂျက်စတင်ဘီဘာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles