Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Marvel စူပါဟီးရိုးရုပ်ရှင်မှာ သရုပ်ဆောင်ရန် အန်ဂျလီနာဂျိုလီ ဆွေးနွေးနေ

$
0
0

မင်းသမီး အန်ဂျလီနာဂျိုလီဟာ Marvel လောကထဲကို ဦးတည်ဝင်ရောက်လာမယ့် ပုံမှာရှိနေပါတယ်။ အော်စကာဆုရမင်းသမီး ဂျိုလီဟာ ဒါရိုက်တာ Chloe Zhao ရိုက်ကူးမယ့် “The Eternals” ဆိုတဲ့ ရုပ်ရှင်နဲ့ ပွဲဦးထွက်ဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ အဲဒီရုပ်ရှင်မှာပါဝင်မယ့် စူပါဟီးရိုးအဖွဲ့အကြောင်း အသေးစိတ်ကို လျှို့ဝှက်ထားဆဲဖြစ်တဲ့အတွက် ဂျိုလီပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကို မသိရသေးပါဘူး။

ဒါပေမယ့် သတင်းရင်းမြစ်တခုကတော့ အဲဒီရုပ်ရှင်ဟာ အာကာသစွမ်းအင်တွေကို လောင်စာအဖြစ်အသုံးချတဲ့ အမျိုးသား Ikaris နဲ့ လူသားတွေကြားမှာပဲ လှုပ်ရှားနေထိုင်တဲ့ Sersi တို့ကြား အချစ်ဇာတ်လမ်းဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

၁၉၇၆ ခုနှစ်မှာ Jack Kirby ဖန်တီးခဲ့တဲ့ “The Eternals” ဇာတ်လမ်းဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာ ကာလကို ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီဇာတ်လမ်းမှာတော့ Eternals တွေလူသိများတဲ့ ထာဝရ အသက်ရှင်လုနီးပါး အစွမ်းထွက်တဲ့ စူပါစွမ်းအားရှင်တွေအကြောင်း ဖြစ်ပါတယ်။ Celestials လို့ခေါ်တဲ့ စကြာဝဠာသက်ရှိကနေ လူသားတွေကို မျိုးရိုးဗီဇစမ်းသပ်ပြီး Eternals တွေကို ဖန်တီးထားတာ ဖြစ်ပါတယ်။ Deviants တွေကတော့ မကောင်းဆိုးဝါးတွေ ဖြစ်ကြပါတယ်။

Eternals နဲ့ Deviants တွေဟာ သမိုင်းတလျှောက်လုံးမှာ တိုက်ပွဲတွေ အလီလီဖြစ်ခဲ့ကြပါတယ်။ ကြယ်တွေကို ရှာဖွေဖို့ ကမ္ဘာကြီးကနေ မထွက်ခွာမီ ဂရိ၊ ရောမနဲ့ နော်ဆေးမျိုးနွယ်စုတွေနဲ့ စစ်ပွဲတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒါရိုက်တာ Zhao ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ “The Eternals” ရုပ်ရှင်ကို ရိုက်ကူးမယ်လို့အတည်ပြု ထားတာပါ။

Marvel စတူဒီယိုအကြီးအကဲ Kevin Feige နဲ့အတူ Matthew နဲ့ Ryan Firpo တို့က ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Zhao ကတော့ The Rider” နဲ့ “Songs My Brothers Taught Me” ရုပ်ရှင်တွေကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ ပါဝင်ဖြစ်မယ်ဆိုရင်တော့ ဂျိုလီဟာ စူပါဟီးရိုးလောကထဲ ပထမဆုံးပါဝင်လာခြင်း ဖြစ်လာမှာပါ။ ဒါပေမယ့် ဒါဟာ သူ့အတွက်တော့ ပထမဆုံးကာတွန်းစာအုပ်ကနေ ဖန်တီးထားတဲ့ ရုပ်ရှင်မဟုတ်ပါဘူး။ သူဟာ ၂၀၀၇ ခုနှစ်တုန်းက ကာတွန်းစာအုပ်အခြေခံရုပ်ရှင် “Wanted” မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဂျိုလီဟာ လက်ရှိမှာ”Maleficent: Mistress of Evil” ရုပ်ရှင်ကို အပြီးသတ်နေပါတယ်။

Ref:aceshowbiz

The post Marvel စူပါဟီးရိုးရုပ်ရှင်မှာ သရုပ်ဆောင်ရန် အန်ဂျလီနာဂျိုလီ ဆွေးနွေးနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles