Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သားဖြစ်သူ မင်းသန့်မောင်မောင်ကို ဒါရိုက်တာအဖြစ်နဲ့ပဲ အောင်မြင်စေချင်တဲ့ မေသန်းနု

$
0
0

အကယ်ဒမီမေသန်းနုက တဦးတည်းသောသား မင်းသန့်မောင်မောင်ကို ဒါရိုက်တာပဲဖြစ်စေချင်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“သားသားက ဒီတခေါက် အပြီးပြန်လာတာဆိုတော့ သူ့အဖေအလုပ်တွေ ဝိုင်းလုပ်ဖို့ရှိတယ်။ အဓိကတော့ သူ့အဖေရဲ့ အစီအစဉ်အောက်ကနေ သွားမှာပါ။ သူ့အဖေကတော့ အကောင်းဆုံးဖြစ်အောင် စီစဉ်နေတာပဲ။ အဓိကတော့ ဒါရိုက်တာ လိုင်းပေါ့။ သူက အဲဒါနဲ့ ကျောင်းပြီးထားတာဆိုတော့လေ။ ဒါရိုက်တာလိုင်းမှာ အောင်မြင်တဲ့ဒါရိုက်တာတဦးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိဘနှစ်ဦးစလုံးက သူ့ကိုစဉ်းစားထားပါတယ်”

“အဖေကလည်း သူ့ကိုအားကိုးတယ်။ ကလေးကလည်း ဒီတယောက်တည်းရှိတဲ့အတွက် အောင်မြင်တဲ့ဒါရိုက်တာ ဖြစ်စေချင်တယ်။ မဆင့်ကလည်း ဒါရိုက်တာဖြစ်ဖို့ကို အားပေးမယ်။ ကလေးကလည်း ဝါသနာပါတယ်လေ။ အကောင်း ဆုံးဖြစ်အောင်တော့ ပံ့ပိုးမှာပဲ။ အဖေရော၊ အမေရောက အနားမှာရှိနေတာဆိုတော့လေ။ သူ့အတွက်က အခက်အခဲ မရှိဘူးထင်တာပဲ”လို့ သရုပ်ဆောင် မေသန်းနုကဆိုပါတယ်။

သားဖြစ်သူ မင်းသန့်မောင်မောင်အပေါ် မိခင်တယောက်ရဲ့ အမြင်နဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“သူကလည်းလူငယ်ဆိုတော့ လူငယ်ကာရိုက်တာနဲ့ လူငယ်ပရိသတ်က မစိမ်းဘူးပေါ့နော်။ လူငယ်အမြင်အတွက် လူငယ်က သက်သက်ရှိနေမှာပဲ။ ဒါပေမယ့် လူငယ်ရိုက်တာကို လူကြီးကဝေဖန်တာတော့ သိပ်မဟုတ်ဘူးလေ။ သူ့ခေတ်နဲ့ သူ့အခါတော့ အံဝင်တယ်လို့ မဆင့်တို့က ထင်တယ်လေ။ အဓိက သူ့ရဲ့စဉ်းစားတဲ့ Idea ပေါ့နော်။ သူ့အဖေရဲ့ Guide Line လည်းရှိမယ်။ အမေရဲ့ Guide Line လည်းရှိမယ်”

“ သူဖြစ်သင့်၊ မဖြစ်သင့်။ ကောင်း၊ မကောင်းဆိုတာကို ဘေးကနေအားပေးမယ့်သူတွေလည်း ရှိနေတော့ ဘေးကို ချော်ထွက်မသွားနိုင်ဘူးပေါ့။ ဇဏ်ခီတို့ကျတော့ စွန့်ရတာလေ။ အချိန်တွေလည်း အများကြီးပဲ။ သူတို့ရဲ့အနုပညာတွေ နစ်နာတာပေါ့။ ဒါပေမယ့် သူတို့ရဲ့အောင်မြင်မှုက နစ်နာရကျိုးနပ်သွားတာပေါ့နော်။ ဒါကိုကြည့်ခြင်းအားဖြင့် ပရိသတ်က အသစ်တွေ ၊ အငယ်တွေကို အားပေးတာ သိသာနေပါတယ်။ ကြိုးစားရကျိုးနပ်တာပေါ့”လို့လည်းမေသန်းနုက ပြောပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲ အပြီးမှာ အနုပညာရှင်တွေကို ထပ်မံပေးဦးမယ့် Star Awards ဆုပေးပွဲနဲ့ ပတ်သက်ပြီးလည်း မေသန်းနုက အခုလိုဆိုပါတယ်။

“Star Awards ကတော့ သူတို့ရဲ့အတွေးအမြင်ပေါ့နော်။ သူတို့အမြင်နဲ့ ရွေးချယ်တဲ့သူ၊ သူတို့ စည်းမျဉ်းနဲ့ကိုက်ညီတဲ့သူကို ပေးမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ် အနုပညာရှင်တွေအတွက်က အရမ်းကောင်းတာပေါ့။ နိုင်ငံတကာမှာလည်း အဲဒီလိုပေးတာတွေရှိပါတယ်။ မဆင့်တို့အတွက်က နောက်ကျသွားပြီ။ အရင်ကတည်းက ပေးပါလားနော်” လို့လည်း ဧရာဝတီကိုပြောပါတယ်။

The post သားဖြစ်သူ မင်းသန့်မောင်မောင်ကို ဒါရိုက်တာအဖြစ်နဲ့ပဲ အောင်မြင်စေချင်တဲ့ မေသန်းနု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...