Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လျှို့ဝှက်ရိုက်ကူးထားသည့် ဓာတ်ပုံများဖြန့်ဝေမှုဖြင့် ထပ်တိုးတရားစွဲခံရတဲ့ အဆိုတော် Seungri

$
0
0

BigBang အဖွဲ့ဝင်ဟောင်း Seungri ဟာ ပိုမိုခက်ခဲတဲ့ ဒုက္ခနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ” Burning Sun” ကလပ်ရဲ့ ရင်းနှီးမြှုပ်နှံသူတွေဖြစ်လာမယ့်သူတွေကို ပြည့်တန်ဆာရှာဖွေပေးမှုအတွက် စစ်ဆေးခံနေရဆဲ ကာလမှာ နောက်ထပ် တမှုထပ်တိုးတာဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာ ရဲတပ်ဖွဲ့က သူ့ကို လျှို့ဝှက်ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြန့်ဝေမှုနဲ့ ထပ်တိုးအမှုသတ်မှတ်လိုက်တယ်လို့ The Korea Herald သတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၈ နှစ်အရွယ် အဆိုတော်ဟာ အဖွဲ့လိုက်စကားပြောခန်း(Chatroom)ထဲမှာ အခြားအနုပညာရှင်တွေ၊ အခြားသာမန် ပုဂ္ဂိုလ်တွေနဲ့အတူ ညစ်ညမ်းဓာတ်ပုံတွေကို မျှဝေခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဓာတ်ပုံတွေဟာ အမျိုးသမီးတွေကို လိင်ဆက်ဆံနေချိန် ညစ်ညမ်းဗီဒီယိုရိုက်ကူးခဲ့မှု၊ အဲဒီဗီဒီယိုတွေကို မျှဝေမှု စွဲချက်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ဖမ်းဆီးခံထားရတဲ့ အဆိုတော် Jung Joon Yong ထံကနေလာတဲ့ ဓာတ်ပုံတွေလားဆိုတာ ကတော့ မသိရသေးပါဘူး။

Seungri က ပြီးခဲ့တဲ့အပတ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူဟာ ” Burning Sun” ရဲ့ ရင်းနှီးမြှုပ်နှံသူ တဦးသာဖြစ်တယ်လို့ ပြောကြားခဲ့ပြီးနောက် အခုသတင်းဟာ သူ့ရဲ့နောက်ဆုံးသတင်းဖြစ်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုကနေ အခွန်ရှောင်မှုအထိ တရားမဝင်လုပ်ရပ်တွေရှိခဲ့မယ်ဆိုရင် သူလည်း ရင်းနှီးမြှုပ်နှံသူ တဦးအနေနဲ့ ထိခိုက်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။ စင်ကာပူဘီလီယံနာသူဌေးကြီး Peter Lim ရဲ့ သမီးဖြစ်သူ Kim Lim နဲ့ ပါတီလုပ်ဖို့ ၂၀၁၅ ခုနှစ်တုန်းက Arena မှာ သူက အမျိုးသမီးတွေကို စီစဉ်ပေးခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် မစ္စ Lim ဘက်ကတော့ ကလပ်မှာသူ့ သူငယ်ချင်းတွေနဲ့သာ ပါတီပွဲ ဆင်နွှဲခဲ့တယ်လို့ ဆိုထားပါတယ်။

မတ်လ ၂၈ ရက်နေ့မှာ ရဲတပ်ဖွဲ့က အဆိုတော် Jung အပေါ် စွဲချက်အသစ်တွေ ထပ်မံချမှတ်ခဲ့ပါတယ်။ FT Island အဖွဲ့ဝင်ဟောင်း Choi Jong-hoon ကိုလည်း အရက်မူးပြီးကားမောင်းတဲ့ ပြစ်မှုကို လာဘ်ထိုးပြီး ဖုံးကွယ်ခဲ့မှု၊ တရားမဝင်ဗီဒီယို မျှဝေမှုစွဲချက်တွေနဲ့ စွဲဆိုထားပါတယ်။ အဲဒီဂယက်တွေကြောင့် အနုပညာရှင် တချို့လည်း ဖျော်ဖြေရေးလောကကနေအနားယူတာတွေရှိနေပါတယ်။

အဲဒီ အနုပညာရှင်တွေနဲ့ ပတ်သက်နေတဲ့ အေဂျင်စီရဲ့ ရှယ်ယာဈေးနှုန်းတွေ ကမောက်ကမဖြစ်နေချိန်မှာပဲ တောင်ကိုရီးယားသမ္မတ Moon Jae-in ကတော့ အဲဒီအမှုတွေကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

ဆက်စပ်ဖတ်ရှုရန် သတင်းလင့်ခ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာ ရှာဖွေပေးမှုဖြင့် Seungri တရားစွဲခံရ

Ref: straitstimes

The post လျှို့ဝှက်ရိုက်ကူးထားသည့် ဓာတ်ပုံများဖြန့်ဝေမှုဖြင့် ထပ်တိုးတရားစွဲခံရတဲ့ အဆိုတော် Seungri appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles