Madeline Stuart လို့ အမည်ရတဲ့ မိန်းကလေးဟာ သြစတေးလျနိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၂ အရွယ် မော်ဒယ်တဦးဖြစ်ပြီး သူမဟာ Down Syndrome ဖြစ်နေသူဖြစ်ပါတယ်။ သူမဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပရိသတ် အမြောက်အများရရှိတယ်လို့ သိရပါတယ်။ သူမရဲ့ ဇာတ်လမ်းဟာ ကမ္ဘာတဝှမ်းက လူငယ်တွေ အတွက် အားဆေးတခွက် ဖြစ်ခဲ့လို့ သူမရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
သူမ မော်ဒယ်ဖြစ်ချင်ခဲ့တာကတော့ သူမ အမေနဲ့ အတူတူ မော်ဒယ် ရှိုးသွားကြည့်တဲ့နေ့မှာ ဖြစ်ပါတယ်။ Down Syndrome ဝေဒနာဟာ စကားပြောရာမှာ ခက်ခဲတဲ့ ဝေဒနာဖြစ်ပြီး ခန္ဓာကိုယ် တည်ဆောက်ပုံဟာလည်း သာမန်လူတွေနဲ့ မတူညီ ကွဲပြားပါတယ်။ ဒါပေမယ့် သူမက ပွဲက အပြန် အမေဖြစ်သူကို “မေမေ၊ သမီး၊ မော်ဒယ် ” ဆိုတဲ့ စကား ၃ ခွန်းပြောခဲ့ပါတယ်။
သူမရဲ့ စိတ်ကူးအိပ်မက်တွေကို မိဘနှစ်ပါးက ရအောင် ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ သူမဟာ မော်ဒယ်လုပ်ဖို့ ကိုယ်အလေးချိန် ၄၄ ပေါင်ခန့် လျော့ချခဲ့ပါတယ်။ လမ်းလျှောက်ဖို့ ခက်ခဲလို့ လမ်းလျှောက်ပျင်းတဲ့ သူမဟာ မော်ဒယ်ဖြစ်အောင် လမ်းလျှောက်ကျင့်ခဲ့တယ်လို့ သူမရဲ့ အမေဖြစ်သူက ဆိုပါတယ်။
မဆုတ်မနစ်ဘဲ ကြိုးစားခဲ့တဲ့ အတွက် Madeline Stuart ဟာ ၂၀၁၅ ခုနှစ်မှာ Runway မော်ဒယ်တဦးအဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။
ကမ္ဘာကျော် Forbes မဂ္ဂဇင်းက သူမကို “မော်ဒယ်လောကကို ပြောင်းလဲသူ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီး သူမဟာ ကမ္ဘာပထမဆုံး Down Syndrome ရှိနေတဲ့ စူပါမော်ဒယ်ဖြစ်လာခဲ့ပါတယ်။
အခြား မဂ္ဂဇင်းတွေကလည်း သူမရဲ့ အကြောင်းတွေကို ဝေဝေဆာဆာဖော်ပြခဲ့ကြပါတယ်။ သူမရဲ့ မိခင်ဖြစ်သူကတော့ “သင်တို့မှာ တခု မပြည့်စုံရုံနဲ့ သင်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည် မဖော်လိုက်ရတာမျိုး မဖြစ်စေနဲ့” လို့ ပြောလေ့ရှိပါတယ်။
Ref;brghtside
The post အသက် ၂၂ နှစ်အရွယ် Down Syndrome ဝေဒနာရှင် မော်ဒယ်မိန်းကလေး appeared first on ဧရာဝတီ.